ချစ်ဇနီးလေးရဲ့ အလုပ်တွေကို မျက်နှာရချင်လို့ ကူလုပ်ပေးခဲ့သော်လဲ တလွီဲတွေသာဖြစ်ခဲ့ရတဲ့ နေဝင်းရဲ့ အဖြစ်
Read in UNICODE
အဆိုတော် နေဝင်းကတော့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို ကိုယ်ပိုင်စီးပွားရေးအလုပ်တွေလည်း လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ နေဝင်းက အခုဆိုရင် အိမ်ထောင်ရှင်တစ်ယောက်ဖြစ်နေပြီဖြစ်ပြီး သူ့ရဲ့ ကြင်စဦးအိမ်ထောင်သည်ဘဝမှာ သာယာအေးချမ်းစွာ နေထိုင်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေဝင်းနဲ့ ခရီးသွားဘလော်ဂါလေး အိမ့်ချစ်ချောရဲ့ အချစ်ရေးကို
အရင်ကတည်းကနေ အခုချိန်ထိတိုင် စိတ်ဝင်စားနေကြဆဲ ဖြစ်ပါတယ်။ နေဝင်းရဲ့ ဇနီးလေးက လက်ရှိမှာ သူမရဲ့ အထည်ဆိုင်အလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာဖြစ်ပြီး နေဝင်းကလည်း အလုပ်တွေကို ကူလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဇနီးလေးရဲ့အလုပ်တွေကူလုပ်ပေးပေမယ့်လည်း အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရတဲ့ နေဝင်းရဲ့အဖြစ်ကို အိမ့်ချစ်ချောက အခုလိုပဲ ပြောပြလာပါတယ်။ “ဦးနေဝင်း
နယ်ပို့တဲ့အထုပ်လေးတွေကူလုပ်ရှာတယ် Yoshe’s Hello Kitty ကို 😬 ကျောက်ဖြူပို့ရမှာကို ကျောက်ပန်းတောင်းလို့ မှားရေးလိုက်တာတခုပါပဲ 😂😂😂 သိပ်မဝေးရှာပါဘူး မြို့နှစ်မြို့က 😩 ” ဆိုပြီး နေဝင်းအကြောင်းကို အရွှန်းဖောက်ပြောလာပါတယ်။ နေဝင်းကတော့ မိန်းမရဲ့ အလုပ်တွေကို ကူလုပ်ပေးပေမယ့်လည်း မြို့နာမည်တွေကို မှားရေးပြီး လွဲချော်မှုတွေဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဝင်းရဲ့ ဖြစ်ပုံကိုသိပြီး သဘောကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Eaint Chit Chaw’s Facebook
Add a Comment
Your email address will not be published. Required fields are marked *