သာသနာ့ေဘာင္ထဲမွာ (၁၁)ရက္ၾကာ တရားအားထုတ္ခဲ့ၿပီးေနာက္ လူဝတ္လဲလိုက္ၿပီျဖစ္တဲ့ ေမသန္းႏု

ေမသန္းႏုကေတာ့ မၾကာေသးခင္ကပဲ အျပစ္ဒဏ္ကလြတ္ေျမာက္ခဲ့ၿပီး စိတ္သစ္လူသစ္နဲ႔ ဘဝအသစ္တစ္ခုကို စတင္ေလွ်ာက္လွမ္းေနတာ ျဖစ္ပါတယ္။ အႏုပညာေမာင္ႏွမေတြကလည္း ေမသန္းႏုအတြက္ ဝမ္းသာပီတိျဖစ္ခဲ့ရၿပီး အားလုံးကေႏြးေထြးစြာ ျပန္လည္ႀကိဳဆိုခဲ့ၾကတာလည္း

ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္ေနတဲ့ ေမသန္းႏုကေတာ့ ၿပီးခဲ့တဲ့ဇူလိုင္လ (၁၈) ရက္ေန႔မွာပဲ သာသနာ့ေဘာင္ကို ဝင္ေရာက္ခဲ့တာပဲ ျဖစ္ပါတယ္။ အကယ္ဒမီမ်ားရွင္ေမသန္းႏုက ဆရာေလး သုႏၵရာဏရီဆိုတဲ့ ဘြဲ႕အမည္နဲ႔ လွည္းကူးၿမိဳ႕နယ္၊

ဥယ်ာဥ္ဝေက်း႐ြာ ၊ သဘာဝဓမၼဂယာ တရားရိပ္သာမွာ တရားအားထုတ္ခဲ့တာပဲ ျဖစ္ပါတယ္။ ေအးခ်မ္းဆိတ္ၿငိမ္တဲ့ေနရာေလးမွာ တရားက်င့္ႀကံအားထုတ္ခဲ့တဲ့ ေမသန္းႏုကေတာ့ ဒီေန႔ဇူလိုင္လ (၂၉)ရက္ေန႔မွာပဲ လူဝတ္လဲခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ေမသန္းႏုကို စင္ေရာ္ေမာင္ေမာင္နဲ႔

သားမင္းသန႔္ေမာင္ေမာင္တို႔သြားေရာက္ႀကိဳဆိုခဲ့ၾကတာပဲ ျဖစ္ပါတယ္။ အခုလည္း စင္ေရာ္ေမာင္ေမာင္က သဘာဝဓမၼဂယာတရားရိပ္သာကို သြားေရာက္ၿပီး တရားအဆုံးအမေတြကို နာယူမွတ္သားေနတဲ့ ေမသန္းႏုရဲ႕လႈပ္ရွားမႈေလးေတြကို Live လႊင့္ေပးခဲ့တာ ျဖစ္ပါတယ္။ ဒီဗီဒီယိုေလးမွာေတာ့

ေမသန္းႏုက ေအးခ်မ္းၾကည္လင္တဲ့မ်က္ႏွာေလးနဲ႔ ၿပဳံး႐ႊင္ေနသလို သားေလးမင္းသန႔္ေမာင္ေမာင္ကလည္း မိခင္ကိုၾကည့္ကာ ပီတိျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ လူဝတ္လဲလိုက္ၿပီျဖစ္တဲ့ ေမသန္းႏုရဲ႕ဗီဒီယိုေလးကိုလည္း ေအာက္မွာျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

မေသန်းနုကတော့ မကြာသေးခင်ကပဲ အပြစ်ဒဏ်ကလွတ်မြောက်ခဲ့ပြီး စိတ်သစ်လူသစ်နဲ့ ဘဝအသစ်တစ်ခုကို စတင်လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ အနုပညာမောင်နှမတွေကလည်း မေသန်းနုအတွက် ဝမ်းသာပီတိဖြစ်ခဲ့ရပြီး အားလုံးကနွေးထွေးစွာ ပြန်လည်ကြိုဆိုခဲ့ကြတာလည်း

ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတဲ့ မေသန်းနုကတော့ ပြီးခဲ့တဲ့ဇူလိုင်လ (၁၈) ရက်နေ့မှာပဲ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အကယ်ဒမီများရှင်မေသန်းနုက ဆရာလေး သုန္ဒရာဏရီဆိုတဲ့ ဘွဲ့အမည်နဲ့ လှည်းကူးမြို့နယ်၊

ဥယျာဉ်ဝကျေးရွာ ၊ သဘာဝဓမ္မဂယာ တရားရိပ်သာမှာ တရားအားထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ အေးချမ်းဆိတ်ငြိမ်တဲ့နေရာလေးမှာ တရားကျင့်ကြံအားထုတ်ခဲ့တဲ့ မေသန်းနုကတော့ ဒီနေ့ဇူလိုင်လ (၂၉)ရက်နေ့မှာပဲ လူဝတ်လဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မေသန်းနုကို စင်ရော်မောင်မောင်နဲ့

သားမင်းသန့်မောင်မောင်တို့သွားရောက်ကြိုဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။ အခုလည်း စင်ရော်မောင်မောင်က သဘာဝဓမ္မဂယာတရားရိပ်သာကို သွားရောက်ပြီး တရားအဆုံးအမတွေကို နာယူမှတ်သားနေတဲ့ မေသန်းနုရဲ့လှုပ်ရှားမှုလေးတွေကို Live လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့

မေသန်းနုက အေးချမ်းကြည်လင်တဲ့မျက်နှာလေးနဲ့ ပြုံးရွှင်နေသလို သားလေးမင်းသန့်မောင်မောင်ကလည်း မိခင်ကိုကြည့်ကာ ပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လူဝတ်လဲလိုက်ပြီဖြစ်တဲ့ မေသန်းနုရဲ့ဗီဒီယိုလေးကိုလည်း အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Zin Yaw Mg Mg’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *