အိမ္အကူမိန္းကေလးဘက္က ကြ်န္ေတာ္တို႔ကို အၾကာႀကီး ေထာင္ထဲမွာေနရေအာင္လုပ္ေနတယ္လို႔ ထြက္ဆိုခဲ့တဲ့ မင္းရာဇာ

အိမ္အကူမိန္းကေလးအား ညႇင္းပန္းႏွိပ္စက္မႈ၊ မုဒိန္းမႈတိုနဲ႔ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာကို ဒီေန႔ ဇူလိုင္(၂၉)ရက္က ေျမာက္ဥကၠလာတရား႐ုံးမွာ ႐ုံးထုတ္ခဲ့ပါတယ္။ ဒီေန႔ ႐ုံးခ်ိန္းမွာေတာ့ သ႐ုပ္ေဆာင္မင္းရာဇာဟာ တရားလိုဘက္က ႐ုံးခ်ိန္းပ်က္ကြက္မႈေတြအေပၚ သူ႔ရဲ႕ သေဘာထားကို ေျပာျပလာပါတယ္။ “ သူတို႔က ႐ုံးခ်ိန္းေတြ မလာဘူးဗ်ာ၊ ခြင့္မဲ့ေတြလည္း ပ်က္ကြက္တယ္။ ကြၽန္ေတာ္တို႔ကို ေထာင္ထဲမွာ အၾကာႀကီးေနရေအာင္ လုပ္လို႔ရတဲ့ အကြက္ေတြနဲ႔ သူတို႔ လုပ္တယ္။ ေသခ်ာတာ တစ္ခုက ကြၽန္ေတာ္ တို႔ မယုတ္မာဘူး။ အျပင္မွာ အားလုံးသိမွာပါ။ တခ်ိဳ႕ စာနယ္ဇင္းေတြဆိုရင္ တအားႀကီးေတြ ေရးထားတာ။ သူတို႔က တရားသူႀကီးေတြ၊ ကြၽန္ေတာ္တို႔ထက္ကို

ပိုသိေနသလိုပဲ။ အမႈမွန္ကို သိတာလည္း တရားသူႀကီးရယ္၊ ကြၽန္ေတာ္တို႔ရယ္ ေရွ႕ေနရယ္ပဲ သိတာပါ။ ကြၽန္ေတာ့္ကို စကားေတြ အမွားျဖစ္ေအာင္ အမ်ားႀကီးေျပာတယ္” ဆိုၿပီးေတာ့ ႐ုံးခ်ိန္း ၿပီးလို႔ အျပန္မွာ မီဒီယာေတြကို အခုလို ေျပာျပခဲ့တာျဖစ္ပါတယ္။ တရားလိုဘက္က မိသားစုဟာ ဧရာဝတီတိုင္းမွာ ေနထိုင္တာျဖစ္တာေၾကာင့္ ႐ုံးခ်ိန္းတိုင္း လာေရာက္ဖို႔ ေငြေရးေၾကးေရး အခက္အခဲ ရွိတယ္လို႔ သိရပါတယ္။ တရားဘက္က႐ုံးခ်ိန္းေတြ ပ်က္ကြက္တယ္လို႔ မင္းရာဇာဘက္ ထြက္ဆိုလာတဲ့ အေပၚ တရားလိုရဲ႕ ေရွ႕ေနျဖစ္သူ ဦးေရာဘတ္စန္းေအာင္က ယခုလို ေျပာျပခဲ့ပါတယ္။ ” တရားလိုဘက္က သြားေရး၊ လာေရး စာရိတ္ေတြ မတက္ႏိုင္ဘူး။ ဧရာဝတီတိုင္းကေန

ရန္ကုန္လာလို႔ရွိရင္ လမ္းစာရိတ္က (၅) ေသာင္းေလာက္ကုန္တယ္။ တစ္ေယာက္တည္းလာလို႔လည္း မရဘူး။ ႐ုံးခ်ိန္းမွာ ျပန္လည္စစ္ေမးျခင္းက တစ္ရက္တည္းနဲ႔ မၿပီးဘူး။ အဲဒီအတြက္ အေခါက္ေခါက္အခါခါလာဖို႔ ဒုကၡေရာက္တယ္။ ဒီမွာလည္း စားဝတ္ေနေရး အခက္အခဲရွိတာေၾကာင့္ ခဏျပန္သြားတာပါ။ တမင္သက္သက္ခ်ဳပ္ရက္ ၾကာရွည္ေအာင္ လုပ္တာ မဟုတ္ပါဘူး။ ခြင့္မဲ့ပ်က္ကြက္တယ္ ဆိုၿပီးေတာ့ တိတိက်က်ႀကီးေျပာလို႔ေတာ့ မသင့္ေတာ္ပါဘူး။ အက်ိဳးအေၾကာင္း ညီၫြတ္စြာ ပ်က္ကြက္တယ္လို႔ ေျပာလို႔ရပါတယ္” လို႔ သူက ပန္လည္ေျဖဆိုေပးခဲ့ပါတယ္။ သ႐ုပ္ေဆာင္မင္းရာဇာဟာ ဇူလိုင္လ(၂၂) ရက္ေန႔ ႐ုံးခ်ိန္းတုန္းက တရားလို မိန္းကေလးရဲ႕ နာမည္အရင္းကို မီဒီယာေတြ

အေရွ႕မွာ ထုတ္ေဖာ္ေျပာျပခဲ့ ပါေသးတယ္။ အဲဒီလို ထုတ္ေဖာ္ေျပာဆိုလာတဲ့ အတြက္ ၂၀၁၉ ခုႏွစ္ ကေလးသူငယ္မ်ား အခြင့္အေရးဆိုင္ရာ ဥပေဒနဲ႔ ၿငိစြန္းတယ္လို႔ တရားလိုဘက္က ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာျပခဲ့ဖူးပါတယ္။ ေျမာက္ဥကၠလာတရား႐ုံးမွာ ျပဳလုပ္တဲ့ ႐ုံးခ်ိန္းေတြမွာ မင္းရာဇာ ေျဖဆိုခဲ့တဲ့ စကားတိုင္းကို တရားလိုဘက္က မွတ္တမ္းတင္ထားတယ္လို႔လည္း သိရပါတယ္။ အိမ္အကူအမ်ိဳးသမီးငယ္အား ညႇင္းပန္းႏွိပ္စက္မႈနဲ႔ သ႐ုပ္ေဆာင္မင္းရာဇာ အပါအဝင္ ၄ ဦးကို ေမ ၇ ရက္ေန႔က ေျမာက္ဥကၠလာပၿမိဳ႕နယ္တရား႐ုံမွာ ပထမဆုံးအႀကိမ္ ႐ုံးထုတ္ခဲ့တာျဖစ္ၿပီး မင္းရာဇာရဲ႕ ေယာကၡထီးျဖစ္သူအၿငိမ္းစား ရဲဝန္ထမ္း ဦးေမာင္ေမာင္ေအးက တရား႐ုံးမွာ ေငြက်ပ္ ၁၀ သိန္းျဖင့္ အာမခံရရွိခဲ့ပါတယ္။ မင္းရာဇာနဲ႔ အေပါင္းအပါ (၃)ဦးကို အိမ္အကူမိန္းကေလးအား အက္စစ္နဲ႔ပက္မႈျဖင့္ မိန္းကေလးရဲ႕ မိခင္က ေ႐ႊေပါက္ကံ ရဲစခန္းမွာ (ပ)အမွတ္ ၅၀၅၊ ပုဒ္မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို႔ျဖင့္ အမႈဖြင့္အေရးယူခဲ့တာျဖစ္ပါတယ္။

Read in UNICODE

အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတိုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ ဇူလိုင်(၂၉)ရက်က မြောက်ဥက္ကလာတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ သရုပ်ဆောင်မင်းရာဇာဟာ တရားလိုဘက်က ရုံးချိန်းပျက်ကွက်မှုတွေအပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ “ သူတို့က ရုံးချိန်းတွေ မလာဘူးဗျာ၊ ခွင့်မဲ့တွေလည်း ပျက်ကွက်တယ်။ ကျွန်တော်တို့ကို ထောင်ထဲမှာ အကြာကြီးနေရအောင် လုပ်လို့ရတဲ့ အကွက်တွေနဲ့ သူတို့ လုပ်တယ်။ သေချာတာ တစ်ခုက ကျွန်တော် တို့ မယုတ်မာဘူး။ အပြင်မှာ အားလုံးသိမှာပါ။ တချို့ စာနယ်ဇင်းတွေဆိုရင် တအားကြီးတွေ ရေးထားတာ။ သူတို့က တရားသူကြီးတွေ၊ ကျွန်တော်တို့ထက်ကို

ပိုသိနေသလိုပဲ။ အမှုမှန်ကို သိတာလည်း တရားသူကြီးရယ်၊ ကျွန်တော်တို့ရယ် ရှေ့နေရယ်ပဲ သိတာပါ။ ကျွန်တော့်ကို စကားတွေ အမှားဖြစ်အောင် အများကြီးပြောတယ်” ဆိုပြီးတော့ ရုံးချိန်း ပြီးလို့ အပြန်မှာ မီဒီယာတွေကို အခုလို ပြောပြခဲ့တာဖြစ်ပါတယ်။ တရားလိုဘက်က မိသားစုဟာ ဧရာဝတီတိုင်းမှာ နေထိုင်တာဖြစ်တာကြောင့် ရုံးချိန်းတိုင်း လာရောက်ဖို့ ငွေရေးကြေးရေး အခက်အခဲ ရှိတယ်လို့ သိရပါတယ်။ တရားဘက်ကရုံးချိန်းတွေ ပျက်ကွက်တယ်လို့ မင်းရာဇာဘက် ထွက်ဆိုလာတဲ့ အပေါ် တရားလိုရဲ့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ယခုလို ပြောပြခဲ့ပါတယ်။ ” တရားလိုဘက်က သွားရေး၊ လာရေး စာရိတ်တွေ မတက်နိုင်ဘူး။ ဧရာဝတီတိုင်းကနေ

ရန်ကုန်လာလို့ရှိရင် လမ်းစာရိတ်က (၅) သောင်းလောက်ကုန်တယ်။ တစ်ယောက်တည်းလာလို့လည်း မရဘူး။ ရုံးချိန်းမှာ ပြန်လည်စစ်မေးခြင်းက တစ်ရက်တည်းနဲ့ မပြီးဘူး။ အဲဒီအတွက် အခေါက်ခေါက်အခါခါလာဖို့ ဒုက္ခရောက်တယ်။ ဒီမှာလည်း စားဝတ်နေရေး အခက်အခဲရှိတာကြောင့် ခဏပြန်သွားတာပါ။ တမင်သက်သက်ချုပ်ရက် ကြာရှည်အောင် လုပ်တာ မဟုတ်ပါဘူး။ ခွင့်မဲ့ပျက်ကွက်တယ် ဆိုပြီးတော့ တိတိကျကျကြီးပြောလို့တော့ မသင့်တော်ပါဘူး။ အကျိုးအကြောင်း ညီညွတ်စွာ ပျက်ကွက်တယ်လို့ ပြောလို့ရပါတယ်” လို့ သူက ပန်လည်ဖြေဆိုပေးခဲ့ပါတယ်။ သရုပ်ဆောင်မင်းရာဇာဟာ ဇူလိုင်လ(၂၂) ရက်နေ့ ရုံးချိန်းတုန်းက တရားလို မိန်းကလေးရဲ့ နာမည်အရင်းကို မီဒီယာတွေ

အရှေ့မှာ ထုတ်ဖော်ပြောပြခဲ့ ပါသေးတယ်။ အဲဒီလို ထုတ်ဖော်ပြောဆိုလာတဲ့ အတွက် ၂၀၁၉ ခုနှစ် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းတယ်လို့ တရားလိုဘက်က ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပြခဲ့ဖူးပါတယ်။ မြောက်ဥက္ကလာတရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းတွေမှာ မင်းရာဇာ ဖြေဆိုခဲ့တဲ့ စကားတိုင်းကို တရားလိုဘက်က မှတ်တမ်းတင်ထားတယ်လို့လည်း သိရပါတယ်။ အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးက တရားရုံးမှာ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရရှိခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *