ပိုးထည္တစ္ထည္ေရာင္းရတာထက္ အႏုပညာအလုပ္ေတြလုပ္ေနရရင္ ေပ်ာ္တယ္ဆိုတဲ့ လွမ်ိဳးသဥၨာႏြယ္

သ႐ုပ္ေဆာင္ လွမ်ိဳးသၪၨာႏြယ္ဟာ အခုဆိုရင္ အႏုပညာအလုပ္ေတြ ျပန္လည္ လုပ္ကိုင္ေနၿပီလို႔ဆိုပါတယ္။ ႐ိုက္ကူးေရးအလုပ္ေတြနဲ႔ ေဝးကြာသြားခဲ့တဲ့ သူမဟာ ပိုးထည္ေရာင္းရတာထက္ ဇာတ္ကား႐ိုက္ရတာကို ပိုႏွစ္သက္တယ္လို႔ ေျပာျပလာပါတယ္။ “ အစ္မကေတာ့ အႏုပညာအလုပ္ေတြ အရမ္းလုပ္ေနရတဲ့ အခ်ိန္မွာ စီးပြားေရးဘက္ကို ေျပာင္းခဲ့တာဆိုေတာ့ အခက္အခဲမရွိဘူး။ အစ္မတို႔ အႏုပညာရွင္ေတြက အႏုပညာအလုပ္ေတြကို ဘယ္ေလာက္ပဲ မလုပ္ေတာ့ဘူးေျပာေျပာ၊ အခ်ိန္တန္ရင္ အလုပ္လုပ္ခ်င္ၾကတယ္။ ျပန္လုပ္တာကလည္း အႏုပညာေၾကး နည္းတာ မ်ားတာ ေၾကာင့္မဟုတ္ဘူး။ သ႐ုပ္ေဆာင္ အလုပ္ လုပ္ေနရရင္ကိုေပ်ာ္တာ။ ဆိုင္မွာဆို

အၿမဲေျပာတယ္ ပိုးထည္ တစ္ထည္၊ တိုက္ပုံ တစ္ထည္ေရာင္းရတာထက္ ဇာတ္ကား တစ္ရက္ ႐ိုက္ရရင္ သိပ္ေပ်ာ္တာပဲလို႔ ေျပာေလ့ရွိတယ္” ဆိုၿပီးေတာ့ ေမသန္းႏု သာသနာ့ေဘာင္ထဲ ဝင္တဲ့ေန႔က အလႉကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ လွမ်ိဳးသၪၨာႏြယ္က အႏုပညာအလုပ္ကို ႐ူးသြပ္လြန္းသူျဖစ္တာေၾကာင့္ ဆယ္ေက်ာ္သက္ အ႐ြယ္ကတည္းက တင့္တင့္ထြန္းဆီမွာ အကပညာကို ေလ့လာဆည္းပူးခဲ့တယ္လို႔ သိရပါတယ္။ အဲဒီေနာက္မွာေတာ့ သ႐ုပ္ေဆာင္ ေလာကထဲကို ဝင္ေရာက္ၿပီး (၁၀)စုႏွစ္အၾကာ က်င္လည္ခဲ့သူျဖစ္ပါတယ္။ လက္ရွိ အႏုပညာေလာက အေပၚ သူမရဲ႕ သေဘာထားကိုလည္း အခုလို ေျပာခဲ့ပါေသးတယ္။ “ အႏုပညာေလာက

ေျပာင္းလဲမႈ ဆိုတာ အခု ဇာတ္လမ္းတြဲေတြ ေပၚလာေတာ့ ေကာင္းတာေပါ့ေနာ္။ အစ္မတို႔ ေတြ အလုပ္ရတယ္။ အႏုပညာအလုပ္ေတြ ျပန္လုပ္တယ္ဆိုတာ ခ်စ္လို႔ျပန္လုပ္ခ်င္တာေလ။ အ႐ြယ္ေလးရွိတုန္းေပါ့ေနာ္။ စီးပြားေရးကေတာ့ အသက္(၆၀)၊ (၇၀) မွာလုပ္လည္းရတယ္ေလ။ လတ္တေလာမွာ အလုပ္လုပ္ေနၾကတဲ့သူေတြက လက္တစ္ဆုပ္စာပဲ ရွိတာ က်န္တဲ့သူေတြ အားလုံးက အလုပ္မရွိၾကဘူး။ အကုန္လုံးက အႏုပညာအလုပ္ကိုခ်စ္ေပမယ့္ ရရာအလုပ္ကို ဝင္လုပ္ေနၾကရတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ လွမ်ိဳးသၪၨာႏြယ္ဟာ

တစ္ခ်ိန္တုန္းက ေအာင္ျမင္တဲ့ မင္းသမီးေခ်ာေခ်ာေလးေတြထဲက တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။ သူမဟာ ေမးေစ့ႏွစ္ခြ၊ ဆံပင္ရွည္ရွည္၊ အရပ္အေမာင္းေကာင္းတဲ့ မင္းသမီးျဖစ္တာေၾကာင့္လည္း ပရိသတ္ေတြက ပိုသတိထားမိခဲ့ပါတယ္။ အခုဆိုရင္ေတာ့ အႏုပညာသက္တမ္း ဆယ္စုႏွစ္ ႏွစ္စုေက်ာ္ကို ေရာက္ရွိလို႔လာပါၿပီ။ လွမ်ိဳးသၪၨာႏြယ္ ကိုေတာ့ ဗီဒီယို ဇာတ္ကားေတြ၊ တပ္မေတာ္အက်ိဳးျပဳ ဇာတ္ကားေတြ၊ ေၾကာ္ျငာေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ သူမဟာ ခင္ပြန္းျဖစ္သူ ကိုေအာင္မ်ိဳးသူနဲ႔ အိမ္ေထာင္က်ၿပီးတဲ့ေနာက္မွာေတာ့ အႏုပညာအလုပ္ေတြ ရပ္နားခဲ့ပါတယ္။ အခုဆိုရင္ေတာ့ တစ္ဦးတည္းေသာ သမီးေလး နဲ႔ အတူ ေပ်ာ္စရာေကာင္းတဲ့ မိသားစု ဘဝေလးကို ပိုင္ဆိုင္ရင္း ေ႐ႊပိုးဧကရီပိုးထည္တိုက္ နဲ႔ ေ႐ႊပိုး တိုက္ပုံ စတဲ့ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းေတြလည္း လုပ္ကိုင္ေနတာကို ေတြ႕ရပါတယ္။

Read in UNICODE

သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်ဟာ အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်နေပြီလို့ဆိုပါတယ်။ ရိုက်ကူးရေးအလုပ်တွေနဲ့ ဝေးကွာသွားခဲ့တဲ့ သူမဟာ ပိုးထည်ရောင်းရတာထက် ဇာတ်ကားရိုက်ရတာကို ပိုနှစ်သက်တယ်လို့ ပြောပြလာပါတယ်။ “ အစ်မကတော့ အနုပညာအလုပ်တွေ အရမ်းလုပ်နေရတဲ့ အချိန်မှာ စီးပွားရေးဘက်ကို ပြောင်းခဲ့တာဆိုတော့ အခက်အခဲမရှိဘူး။ အစ်မတို့ အနုပညာရှင်တွေက အနုပညာအလုပ်တွေကို ဘယ်လောက်ပဲ မလုပ်တော့ဘူးပြောပြော၊ အချိန်တန်ရင် အလုပ်လုပ်ချင်ကြတယ်။ ပြန်လုပ်တာကလည်း အနုပညာကြေး နည်းတာ များတာ ကြောင့်မဟုတ်ဘူး။ သရုပ်ဆောင် အလုပ် လုပ်နေရရင်ကိုပျော်တာ။ ဆိုင်မှာဆို

အမြဲပြောတယ် ပိုးထည် တစ်ထည်၊ တိုက်ပုံ တစ်ထည်ရောင်းရတာထက် ဇာတ်ကား တစ်ရက် ရိုက်ရရင် သိပ်ပျော်တာပဲလို့ ပြောလေ့ရှိတယ်” ဆိုပြီးတော့ မေသန်းနု သာသနာ့ဘောင်ထဲ ဝင်တဲ့နေ့က အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ လှမျိုးသဉ္ဇာနွယ်က အနုပညာအလုပ်ကို ရူးသွပ်လွန်းသူဖြစ်တာကြောင့် ဆယ်ကျော်သက် အရွယ်ကတည်းက တင့်တင့်ထွန်းဆီမှာ အကပညာကို လေ့လာဆည်းပူးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ သရုပ်ဆောင် လောကထဲကို ဝင်ရောက်ပြီး (၁၀)စုနှစ်အကြာ ကျင်လည်ခဲ့သူဖြစ်ပါတယ်။ လက်ရှိ အနုပညာလောက အပေါ် သူမရဲ့ သဘောထားကိုလည်း အခုလို ပြောခဲ့ပါသေးတယ်။ “ အနုပညာလောက

ပြောင်းလဲမှု ဆိုတာ အခု ဇာတ်လမ်းတွဲတွေ ပေါ်လာတော့ ကောင်းတာပေါ့နော်။ အစ်မတို့ တွေ အလုပ်ရတယ်။ အနုပညာအလုပ်တွေ ပြန်လုပ်တယ်ဆိုတာ ချစ်လို့ပြန်လုပ်ချင်တာလေ။ အရွယ်လေးရှိတုန်းပေါ့နော်။ စီးပွားရေးကတော့ အသက်(၆၀)၊ (၇၀) မှာလုပ်လည်းရတယ်လေ။ လတ်တလောမှာ အလုပ်လုပ်နေကြတဲ့သူတွေက လက်တစ်ဆုပ်စာပဲ ရှိတာ ကျန်တဲ့သူတွေ အားလုံးက အလုပ်မရှိကြဘူး။ အကုန်လုံးက အနုပညာအလုပ်ကိုချစ်ပေမယ့် ရရာအလုပ်ကို ဝင်လုပ်နေကြရတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ လှမျိုးသဉ္ဇာနွယ်ဟာ

တစ်ချိန်တုန်းက အောင်မြင်တဲ့ မင်းသမီးချောချောလေးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမဟာ မေးစေ့နှစ်ခွ၊ ဆံပင်ရှည်ရှည်၊ အရပ်အမောင်းကောင်းတဲ့ မင်းသမီးဖြစ်တာကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိခဲ့ပါတယ်။ အခုဆိုရင်တော့ အနုပညာသက်တမ်း ဆယ်စုနှစ် နှစ်စုကျော်ကို ရောက်ရှိလို့လာပါပြီ။ လှမျိုးသဉ္ဇာနွယ် ကိုတော့ ဗီဒီယို ဇာတ်ကားတွေ၊ တပ်မတော်အကျိုးပြု ဇာတ်ကားတွေ၊ ကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူမဟာ ခင်ပွန်းဖြစ်သူ ကိုအောင်မျိုးသူနဲ့ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ အနုပညာအလုပ်တွေ ရပ်နားခဲ့ပါတယ်။ အခုဆိုရင်တော့ တစ်ဦးတည်းသော သမီးလေး နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ရင်း ရွှေပိုးဧကရီပိုးထည်တိုက် နဲ့ ရွှေပိုး တိုက်ပုံ စတဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေလည်း လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *