ဘီပိုး စီပိုးေရာဂါသာမက ေႁမြဆိပ္ပါႏိုင္တဲ့ သခြပ္ပင္အေၾကာင္း

အဆိပ္အားလုံးရဲ႕ေျဖေဆး (သခြပ္ပင္)ေႁမြဆိပ္ႏိူင္တဲ့ ဟင္းငုတ္ပင္(ေမတၱာျဖင့္ ေတာင္ႀကီးသား) ဟင္းငုတ္ပင္ကိုေဒသအလိုက္သခြပ္ပင္ ဟင္းဂုတ္ပင္ ဟင္းဂြတ္ပင္ဟု ေခၚၾကသည္။ တစ္ႏိုင္ငံလုံးေပါက္သည္။ ႏွစ္ရွည္ပင္ႀကီး။ ပင္စည္တြင္ အေခါက္ အေပြးမရွိ။ အ႐ြက္အနည္းငယ္ဝိုင္း။အပြင့္အျဖဴေရာင္။ပဒိုင္းပြင့္ႏွင့္တူသည္။ တန္ခူးမွဝါဆိုလအထိပြင့္သည္။အသီးမွာေသးေသးရွည္ရွည္။ႏွစ္ေပခန႔္ရွိ။

ေဆးဘက္ဝင္ဝင္ပုံံ

အေခါက္ ၁။ ေႁမြေပြး။ေႁမြေဟာက္ကိုက္ခံရပါကအေခါက္ကိုအျမန္ဝါးစားလိုက္ပါလွ်င္ အဆိပ္မရွိေတာ့ပါ။ငန္းေတာ္က်ား။ငန္း ေႁမြ အပါအဝင္ပါ။ (ေႁမြေပြးႏွင္ေႁမြေဟာက္သာအကိုက္ခံသူရွိ၍ဦးစားေပးေဖၚျပရျခင္းပါ)

၂။ အဆိပ္ရွိ သတၱဝါေလးမ်ားကိုက္လွ်င္လည္းအေခါက္ဝါးးစားပါ။ ၃။ မ်က္ေစ့နာပါကအေခါက္ေသြးၿပီးမ်က္လုံးကြင္းလိမ္းပါ။မက်ည္းေခါက္လိုအေပြးမရွိ။ ၄။ ကိုယ္လက္ကိုက္ခဲပါက အေခါက္ျပဳတ္ေရ ခ်ိဳးပါ။

အပြင့္

၁။ ေရွးကတည္းကကေလးေတြကိုေရာဂါကင္း။ကိုယ္တြင္းအဆိပ္ကင္းသည္ဆိုကာသုပ္ေကြၽးသည္ ၂။ အပြင့္ကိုေရေႏြးေဖ်ာ႐ုံျဖင့္က်က္သည္။အေျခာက္ဆိုရင္ျပဳတ္ရသည္။အေျခာက္ အေရာင္မဲေနသည္မွလြဲ၍အရသာမေျပာင္းပါ။

၃။ ဘီပိုး။စီပိုး ေပ်ာက္သည္ဆိုကာေတာ္ေတာ္မ်ားမ်ားအပြင့္သုပ္စားေနၾကသည္။ ၄။ ေဈးတြင္ဟင္း႐ြက္တန္း၌ေရာင္းခ်ေနၾကပါသည္။တို႔စားစရာအျဖစ္လည္းသုံးသည္။

အ႐ြက္

၁။ အ႐ြက္ႏုကိုဟင္းခါးခ်က္ေသာက္ၾကသည္။ ၂။ ကေလးမ်ားေရေက်ာက္ေပါက္လွ်င္ အ႐ြက္ျပဳတ္တိုက္သည္။

၃။ တကိုယ္လုံးေညာင္းညာကိုက္ခဲလွ်င္၎။ကေလးမ်ားက်န္းမာေရးအတြက္၎။အ႐ြက္ျပဳတ္ေရ ျဖင့္ေရခ်ိဳးၾကသည္။၄။ ဆိတ္ကို ေႁမြစိမ္းၿမီးေျခာက္ကိုက္လွ်င္ ေခါင္းတခုလုံးေရာင္။မ်က္လုံးပိတ္။ငါးရက္ခန႔္ၾကာမွေကာင္းေသာ္လည္း အ႐ြက္ေကြၽးပါကတရက္ႏွင့္ေပ်ာက္သည္။

အခ်ဳပ္အားျဖင့္

ေႁမြေပြး။ေႁမြေဟာက္ကိုက္ခံရသူမ်ားအေခါက္စားသြားသျဖင့္ေဆး႐ုံေရာက္သည့္အခါအဆိပ္မရွိေတာ့။ တဦးကလက္သန္းေႁမြေပြးကိုက္ရာေႁမြပါအစြယ္ႏွင့္ခ်ိတ္ပါလာသည္။ သူကေတာ့ေဆး႐ုံမသြားေတာ့ဘဲအေခါက္စား။အ႐ြက္ႏွင့္စည္းထားခဲ့သည္။သစ္ႀကီးပိ။ေႁမြႀကီးကိုက္ ဆိုလွ်င္အႏၲရာယ္ႀကီးလြန္းသည္။ေျခသလုံးအထက္ႀကီးသည့္ေႁမြအ႐ြယ္ဆိုလိုပါသည္။ေႁမြႀကီးေတာ့အဆိပ္အလြန္မ်ားေတာ့ အျမန္ဆုံးအေခါက္စားရန္လိုပါမည္။

ေရွးဦးသူႏုာျပဳနည္းမလုပ္ရ ဟုဆိုလိုျခင္းမဟုတ္ပါ။အိမ္။လယ္ယာ အနီးရွိဟင္းငုတ္ပင္မ်ားအားခုတ္ျခင္းမျပဳဘဲ။ေနရာရွိလွ်င္စိုက္ထားသင့္သည့္အပင္ျဖစ္ပါသည္။ မိမိတြင္႐ုကၡေဗဒစာအုပ္မ်ားမရွိပါ။ လက္ရွိအသုံးျပဳေနပုံမ်ား။သက္ႀကီးစကား ၾကားမ်ား။အေတြ႕အႀကဳံမ်ားအားေဖၚျပထားျခင္းျဖစ္ပါေၾကာင္း။

မွတ္ခ်က္ …သခြပ္ပြင့္က B ပိုး C ပိုးသမားမ်ားအတြက္လည္း အထူးပင္ သက္သာေကာင္းမြန္ ေပ်ာက္ကင္းပါတယ္တဲ့ ရွင္

Read in UNICODE

အဆိပ်အားလုံးရဲ့ဖြေဆေး (သခွပ်ပင်)မြွေဆိပ်နိူင်တဲ့ ဟင်းငုတ်ပင်(မေတ္တာဖြင့် တောင်ကြီးသား) ဟင်းငုတ်ပင်ကိုဒေသအလိုက်သခွပ်ပင် ဟင်းဂုတ်ပင် ဟင်းဂွတ်ပင်ဟု ခေါ်ကြသည်။ တစ်နိုင်ငံလုံးပေါက်သည်။ နှစ်ရှည်ပင်ကြီး။ ပင်စည်တွင် အခေါက် အပွေးမရှိ။ အရွက်အနည်းငယ်ဝိုင်း။အပွင့်အဖြူရောင်။ပဒိုင်းပွင့်နှင့်တူသည်။ တန်ခူးမှဝါဆိုလအထိပွင့်သည်။အသီးမှာသေးသေးရှည်ရှည်။နှစ်ပေခန့်ရှိ။

ဆေးဘက်ဝင်ဝင်ပုံံ

အခေါက် ၁။ မြွေပွေး။မြွေဟောက်ကိုက်ခံရပါကအခေါက်ကိုအမြန်ဝါးစားလိုက်ပါလျှင် အဆိပ်မရှိတော့ပါ။ငန်းတော်ကျား။ငန်း မြွေ အပါအဝင်ပါ။ (မြွေပွေးနှင်မြွေဟောက်သာအကိုက်ခံသူရှိ၍ဦးစားပေးဖေါ်ပြရခြင်းပါ)

၂။ အဆိပ်ရှိ သတ္တဝါလေးများကိုက်လျှင်လည်းအခေါက်ဝါးးစားပါ။ ၃။ မျက်စေ့နာပါကအခေါက်သွေးပြီးမျက်လုံးကွင်းလိမ်းပါ။မကျည်းခေါက်လိုအပွေးမရှိ။ ၄။ ကိုယ်လက်ကိုက်ခဲပါက အခေါက်ပြုတ်ရေ ချိုးပါ။

အပွင့်

၁။ ရှေးကတည်းကကလေးတွေကိုရောဂါကင်း။ကိုယ်တွင်းအဆိပ်ကင်းသည်ဆိုကာသုပ်ကျွေးသည် ၂။ အပွင့်ကိုရေနွေးဖျောရုံဖြင့်ကျက်သည်။အခြောက်ဆိုရင်ပြုတ်ရသည်။အခြောက် အရောင်မဲနေသည်မှလွဲ၍အရသာမပြောင်းပါ။

၃။ ဘီပိုး။စီပိုး ပျောက်သည်ဆိုကာတော်တော်များများအပွင့်သုပ်စားနေကြသည်။ ၄။ ဈေးတွင်ဟင်းရွက်တန်း၌ရောင်းချနေကြပါသည်။တို့စားစရာအဖြစ်လည်းသုံးသည်။

အရွက်

၁။ အရွက်နုကိုဟင်းခါးချက်သောက်ကြသည်။ ၂။ ကလေးများရေကျောက်ပေါက်လျှင် အရွက်ပြုတ်တိုက်သည်။

၃။ တကိုယ်လုံးညောင်းညာကိုက်ခဲလျှင်၎င်း။ကလေးများကျန်းမာရေးအတွက်၎င်း။အရွက်ပြုတ်ရေ ဖြင့်ရေချိုးကြသည်။၄။ ဆိတ်ကို မြွေစိမ်းမြီးခြောက်ကိုက်လျှင် ခေါင်းတခုလုံးရောင်။မျက်လုံးပိတ်။ငါးရက်ခန့်ကြာမှကောင်းသော်လည်း အရွက်ကျွေးပါကတရက်နှင့်ပျောက်သည်။

အချုပ်အားဖြင့်

မြွေပွေး။မြွေဟောက်ကိုက်ခံရသူများအခေါက်စားသွားသဖြင့်ဆေးရုံရောက်သည့်အခါအဆိပ်မရှိတော့။ တဦးကလက်သန်းမြွေပွေးကိုက်ရာမြွေပါအစွယ်နှင့်ချိတ်ပါလာသည်။ သူကတော့ဆေးရုံမသွားတော့ဘဲအခေါက်စား။အရွက်နှင့်စည်းထားခဲ့သည်။သစ်ကြီးပိ။မြွေကြီးကိုက် ဆိုလျှင်အန္တရာယ်ကြီးလွန်းသည်။ခြေသလုံးအထက်ကြီးသည့်မြွေအရွယ်ဆိုလိုပါသည်။မြွေကြီးတော့အဆိပ်အလွန်များတော့ အမြန်ဆုံးအခေါက်စားရန်လိုပါမည်။

ရှေးဦးသူနုာပြုနည်းမလုပ်ရ ဟုဆိုလိုခြင်းမဟုတ်ပါ။အိမ်။လယ်ယာ အနီးရှိဟင်းငုတ်ပင်များအားခုတ်ခြင်းမပြုဘဲ။နေရာရှိလျှင်စိုက်ထားသင့်သည့်အပင်ဖြစ်ပါသည်။ မိမိတွင်ရုက္ခဗေဒစာအုပ်များမရှိပါ။ လက်ရှိအသုံးပြုနေပုံများ။သက်ကြီးစကား ကြားများ။အတွေ့အကြုံများအားဖေါ်ပြထားခြင်းဖြစ်ပါကြောင်း။

မှတ်ချက် …သခွပ်ပွင့်က B ပိုး C ပိုးသမားများအတွက်လည်း အထူးပင် သက်သာကောင်းမွန် ပျောက်ကင်းပါတယ်တဲ့ ရှင်

Source : AMARANEWS.INFO

Add a Comment

Your email address will not be published. Required fields are marked *