ယေန႔အသက္(၂၂)ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ ခ်စ္ခင္ပြန္းအတြက္ ေမြးေန႔ဆုေတာင္းေပးခဲ့တဲ့ ယြန္းဝတီလြင္မိုး

ေခးလို့ ပရိသတ္ေတြက ခ်စ္စနုိးနဲ့ေခၚၾကတဲ့ ယြန္းဝတီလြင္မိုးကေတာ့ ငယ္စဥ္ကတည္းက ေၾကာ္ျငာနဲ့ သီခ်င္း MV ေတြမွာ ပါဝင္သရုပ္ေဆာင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ယြန္းဝတီလြင္မိုးက ျပီးခဲ့တဲ့လပိုင္းက ဒါရိုက္တာပြင့္သိဂႌေဇာ္ရိုက္ကူးတဲ့ “ေရႊဖူးစာေလး ခ်ာခ်ာလည္” ရုပ္ရွင္ဇာတ္ကားၾကီးမွာ ပါဝင္သရုပ္ေဆာင္ခဲ့တာပဲ ျဖစ္ျပီး လက္ရိွမွာေတာ့ ၾသစေတးလ်နိုင္ငံမွာ

ေက်ာင္းတက္ရင္း အေျခခ်ေနထိုင္ေနတာ ျဖစ္ပါတယ္။ အနုပညာလႈပ္ရွားမႈေတြ နည္းပါးေပမယ့္ ပရိသတ္ေတြကေတာ့ ယြန္းဝတီလြင္မိုးကို စြဲစြဲျမဲျမဲအားေပးေနၾကဆဲ ျဖစ္တာကုိ ေတြ့ရပါတယ္။ ဒီကေန့ ဇူလိုင္လ (၂၈) ရက္ေန့ကေတာ့ ယြန္းဝတီလြင္မိုးရဲ့ ခင္ပြန္း ကိုထက္ဦးလိႈင္ရဲ့ ေမြးေန့ေလးပဲျဖစ္ျပီး ယြန္းဝတီလြင္မိုးက သူမရဲ့ ခင္ပြန္းအတြက္ “Happy 22 to this guy”

ဆိုျပီး သူမရဲ့ အင္စတာဂရမ္စာမ်က္နွာကေန ေမြးေန့ဆုေတာင္းေပးထားတာကို ေတြ့ရပါတယ္။ ယြန္းဝတီလြင္မိုးနဲ့ ကိုထက္ဦးလိႈင္တို့ကေတာ့ ျပီးခဲ့တဲ့ (၂၀၁၈)ခုနွစ္ကပဲ လက္ထပ္ခဲ့ၾကျပီး အခုဆိုရင္ ခ်စ္စရာေကာင္းတဲ့ သားေလးတစ္ေယာက္ကုိ ထြန္းကားခဲ့ျပီ ျဖစ္ပါတယ္။ ယြန္းဝတီလြင္မိုးတို့ ဇနီးေမာင္နွံကေတာ့ ငယ္စဥ္ကတည္းက

ေက်ာင္းအတူတူတက္ခဲ့တဲ့ သူငယ္ခ်င္းေတြျဖစ္ၾကျပီး သံေယာဇဥ္ေတာ္ေတာ္ေလးရိွၾကသူေတြ ျဖစ္ပါတယ္။ ယြန္းဝတီလြင္မိုးတို့ မိသားစုေလး ေနာက္နွစ္ေပါင္းမ်ားစြာတိုင္ အခုလိုပဲ ေပ်ာ္ရႊင္ၾကည္နူးမႈေတြကို ပိုင္ဆိုင္နိုင္ပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းလိုက္ပါတယ္ေနာ္။

Read in UNICODE

ခေးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ ယွန်းဝတီလွင်မိုးကတော့ ငယ်စဉ်ကတည်းက ကြော်ငြာနဲ့ သီချင်း MV တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက ပြီးခဲ့တဲ့လပိုင်းက ဒါရိုက်တာပွင့်သိင်္ဂီဇော်ရိုက်ကူးတဲ့ “ရွှေဖူးစာလေး ချာချာလည်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပြီး လက်ရှိမှာတော့ သြစတေးလျနိုင်ငံမှာ

ကျောင်းတက်ရင်း အခြေချနေထိုင်နေတာ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ နည်းပါးပေမယ့် ပရိသတ်တွေကတော့ ယွန်းဝတီလွင်မိုးကို စွဲစွဲမြဲမြဲအားပေးနေကြဆဲ ဖြစ်တာကို တွေ့ရပါတယ်။ ဒီကနေ့ ဇူလိုင်လ (၂၈) ရက်နေ့ကတော့ ယွန်းဝတီလွင်မိုးရဲ့ ခင်ပွန်း ကိုထက်ဦးလှိုင်ရဲ့ မွေးနေ့လေးပဲဖြစ်ပြီး ယွန်းဝတီလွင်မိုးက သူမရဲ့ ခင်ပွန်းအတွက် “Happy 22 to this guy”

ဆိုပြီး သူမရဲ့ အင်စတာဂရမ်စာမျက်နှာကနေ မွေးနေ့ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။ ယွန်းဝတီလွင်မိုးနဲ့ ကိုထက်ဦးလှိုင်တို့ကတော့ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်ကပဲ လက်ထပ်ခဲ့ကြပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ထွန်းကားခဲ့ပြီ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကတော့ ငယ်စဉ်ကတည်းက

ကျောင်းအတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေဖြစ်ကြပြီး သံယောဇဉ်တော်တော်လေးရှိကြသူတွေ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးတို့ မိသားစုလေး နောက်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ ပျော်ရွှင်ကြည်နူးမှုတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။

Source : Yun Waddy Lwin Moe’s Instagram

Add a Comment

Your email address will not be published. Required fields are marked *