ကြည့်ရှုသူ ပရိသတ်တိုင်း အူတက်အောင် ရယ်မောနေရမယ့် ဖိုက်စတား လူရွှင်တော်အဖွဲ့နဲ့ ဖြူဖြူထွေးရဲ့ ဟာသဗီဒီယို
Read in UNICODE
ချစ်ဖို့ကောင်းပြီး စိတ်စေတနာထက်သန်သူ Facebook ဆယ်လီမလေး ုဖြူဖြူထွေးကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ဖြူဖြူထွေးကတော့ ရိုးသားပြီး သူမချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရဖို့အတွက်
ရိုးရှင်းတဲ့ ကိုယ်ပိုင်ဟန်လေးတွေနဲ့ အားပေးမှုတွေကို ရရှိခဲ့ပြီး အခုလက်ရှိမှာတော့ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေရကာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနေရပြီပဲဖြစ်ပါတယ်.။ သူမရှာလို့ရတဲ့ အနုပညာကြေးတွေထဲကနေ သူမရဲ့ မွေးရပ်မြေ ရွာလေးအတွက် အကျိုးပြု
အလုပ်လေးတွေကို လုပ်ပေးခဲ့သလို ခက်ခဲပြီး အကူအညီလိုအပ်နေသူ အိမ်နီးနားချင်းတွေအတွက်လည်း ကူညီပေးကမ်းတတ်သူတစ်ယောက်ပါ.။ ဖြူဖြူထွေးကတော့ သူမနဲ့အတူတူ ကြော်ငြာရိုက်ကူးခဲ့တဲ့ သက်ကြီးဝါကြီး အနုပညာရှင်တွေကို လေးစားပြီး ရိုသေဂါရဝပြု ကန်တော့တတ်သူလေးပဲဖြစ်ပါတယ်.။ ဒီနေ့ ဇူလိုင်လ (၂၈)ရက်နေ့မှာတော့ ဖြူဖြူထွေးက Five Stars အဖွဲ့နဲ့အတူတူ
ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်အတိုလေးကို “တောသူမလေး ဖြူဖြူထွေး လက်သံပြောင်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ Five Stars အဖွဲ့ က မျောက်ရှုံး၊ ကျင်ဝှက်၊ အောင်သော်၊ အောင်မော်တို့နဲ့အတူတူ အပေးအယူမျှမျှနဲ့ ရယ်မောမဆုံးဖြစ်စေမယ့် ဖြူဖြူထွေးရဲ့ ဟာသအလွဲဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source : Phyu Phyu Htwe’s Facebook
Add a Comment
Your email address will not be published. Required fields are marked *