ချစ်သူ ဖြိုးလေးဆီက တန်ဖိုးကြီး အိတ်တစ်လုံး မွေးနေ့လက်ဆောင်ရခဲ့တာကြောင့် အပျော်လွန်ပီး ထခုန်ခဲ့တဲ့ ဝါဆိုမိုးဦး
Read in UNICODE
ဝါဆိုမိုးဦးကတော့ သရုပ်ဆောင်တော်ရုံသာမက သီချင်းဆိုလည်းကောင်းပြီး အဆိုတော်အဖြစ်ပါ တေးသီချင်းတွေဖန်တီးခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေ အများအပြားရိုက်ကူးခဲ့ရတဲ့ ဝါဆိုမိုးဦးက အခုချိန်မှာလည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိနေတာ
ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ပိုလှလာတဲ့ ဝါဆိုမိုးဦးကတော့ စွဲမက်ချင်စရာကောင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ဝါဆိုမိုးဦးက ကိုယ်လုံးကိုယ်ပေါက်လှပပြီး အချိုးအစားပြေပြစ်တဲ့ Body လေးနဲ့ ဆွဲဆောင်မှုအပြည့်ရှိသူလေးပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ (၂၇) ရက်နေ့မှာတော့ ဝါဆိုမိုးဦးက အသက်(၂၆) နှစ်တိတိပြည့်သွားခဲ့တာဖြစ်ပြီး
မွေးနေ့မှာ ချစ်ရသူတွေနဲ့အတူ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ဝါဆိုမိုးဦးက ချစ်ရတဲ့သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး မွေးနေ့ပွဲကျင်းပခဲ့တာဖြစ်ပြီး သူမရဲ့ချစ်သူဖြိုးလေးဆီကလည်း လက်ဆောင်ရရှိခဲ့သေးတာ ဖြစ်ပါတယ်။မွေးနေ့မှာပျော်ရွှင်နေတဲ့ ဝါဆိုမိုးဦးရဲ့လှုပ်ရှားမှုလေးတွေကိုတော့
ညီမလေးသင်ဇာက ဗီဒီယိုလေးရိုက်ကာ တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ ဝါဆိုမိုးဦးက ဖြိုးလေးဆီက မွေးနေ့လက်ဆောင်အိတ်လေးတစ်လုံးရရှိလို့ အရမ်းပျော်ရွှင်ပြီး အနမ်းတွေပေးနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့တဲ့ ဝါဆိုမိုးဦးရဲ့မွေးနေ့ပွဲဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Thinzar’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *