ကောင်မလေးတွေရဲ့ အသည်းစွဲ ကျော်ထက်ဇော်နဲ့အတူ အားရပါးရကရင်း ပျော်ရွှင်နေတဲ့ ရွှေသမီး






Read in UNICODE

ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ မင်းသမီး ရွှေသမီးကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်..။ ရိုးရိုးအေးအေးနေတတ်ပြီး အနုပညာအလုပ်တွေကို လုပ်ရင်း ပျော်ရွှင်တတ်သူ ရွှေသမီးကတော့

အစားတလိုင်းမင်းသမီးလို့ ဆိုရလောက်အောင် ပရိသတ်တွေ သရေကျအောင် Live လွှင့်စားပြကာ စကားပြောတတ်တဲ့ ချစ်စရာကောင်းသူ မင်းသမီးတစ်လက်ပါ..။ အနုပညာအလုပ်မလုပ်တဲ့ ပြင်ပအချိန်လေးတွေမှာ ကလေးလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာ

နေတတ်ပြီး ခရီးတွေထွက် စားသောက်ရင်း အမှတ်တရလေးတွေကို ပရိသတ်တွေအတွက် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ မျှဝေလေ့ရှိသူပါ..။ လတ်တလောမှာလည်း အနုပညာအလုပ်လေးနဲ့ မောင်းမကန်ဘက်ကို အနုပညာလောကသားတစ်ချို့နဲ့အတူတူ

ခရီးထက်နေရင်း ပရိသတ်တွေရဲ့ အသည်းကျော် MRTV-4မင်းသား ကျော်ထက်ဇော်နဲ့ အတူတူ Tik Tokလေးတွေ ဆော့ထားတဲ့ Tik Tokဗီဒီယိုဖိုင်လေးကို သူမရဲ့ Tik Tokအကောင့်မှာ တင်လာခဲ့ပါတယ်..။ နှုတ်ခမ်းနီမလေးတွေ အသည်းကျော် မင်းသားချော ကျော်ထက်ဇော်နဲ့အတူတူ

စည်းချက်ညီညီ ပြုံးပျော်ကာ လွတ်လပ်ပေါ့ပါးစွာကနေတဲ့ ရွှေသမီးရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်…။ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်..။

Source : Shwe Tha Mee’s Tik Tok

Add a Comment

Your email address will not be published. Required fields are marked *