ပိုက်ဆံတွေ အထပ်လိုက်ကြီး ရှေ့မှာချပြီး မိန်းမဖြစ်သူ သဝန်တိုအောင် စနောက်ခဲ့တဲ့ ဆုပန်ထွာရဲ့ ခင်ပွန်း ဥက္ကာကျော်



Read in UNICODE
ချစ်စရာကောင်းပြီး သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကို တည်ထောင်ထားကြတဲ့ အနုပညာရှင်ဆယ်လီမိသားစုများထဲတွင် ဆုပန်ထွာတို့လည်းအပါအဝင်ဖြစ်ပါတယ်။ ဆုပန်ထွာရဲ့ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ဟာလည်း ဂရုစိုက်ကြင်နာတတ်တဲ့ခင်ပွန်းကောင်းတစ်ဦးဖြစ်ပြီး

ချစ်စရာကောင်းတဲ့ သားလေး Roar Roar Kyawကိုလည်းပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ဥက္ကာကျော်ဟာ ဇနီးချောလေးဆုပန်ထွာရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း အပြည့်အဝကူညီပေးတဲ့ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။ ကိုဥက္ကာကိုယ်တိုင်ကလည်း အနုပညာအလုပ်ကိုစိတ်ဝင်စားတဲ့သူဖြစ်ပြီး

အခုလက်ရှိရိုက်ကူးတော့မယ့် အောင်ဆန်းရုပ်ရှင်ကားကြီးမှာလည်း ဂဠုန်ဦးစောအနေနဲ့ရွေးချယ်ခြင်းခံရတာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ရိုက်ကူးသွားမှာလည်းဖြစ်ပါတယ်။ ကိုဥက္ကာကျော်ဟာ မကြာခဏဆိုသလိုလည်း သူ့ရဲ့Facebookစာမျက်နှာမှာ အခွီစာသားလေးတွေရေးပြီးတင်လေ့ရှိတဲ့သူပါ။ မကြာသေးမီကလည်း သူ့ရဲ့Facebookစာမျက်နှာမှာ” မြန်မာကားတွေထဲကအတိုင်း…Messenger ထဲမှာ

ကောင်မလေးတစ်ယောက်က ကျွန်တော့ကိုစကားတွေလာ လာပြောတယ်။ Phone တွေလည်းခိုးခိုးပြီးဆက်တယ်ပေါ့ဗျာ…အဲ့ဒါကို အဆင့်အတန်းခွဲခြားတတ်တဲ့ သူ့အမေကြီးကမိသွားပြီးမင်း ငါ့သမီးနဲ့လုံးဝမပတ်သက်နဲ့တော့…. ရော့ ဒါတွေအကုန်ယူသွား… တဲ့မအေးအေးဝင်းစီစဉ်တင်ဆက်သည်” ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ ကဲ….ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Okkar Kyaw’s Facebook | Reference & Credit : Myanmarload