ဆေးရုံတက်နေတဲ့ အဖေဖြစ်သူရဲ့ အခန်းဖော်တွေကို တစ်ယောက်ချင်း လိုက်နှုတ်ဆက်ရင်း Live လွှင့်ခဲ့တဲ့ ထက်ထက်မိုးဦး
Read in UNICODE
ထက်ထက်မိုးဦးကတော့ ကြော်ငြာဘုရင်မလို့ ဆိုရလောက်အောင် ကြော်ငြာခေတ်မှာ တစ်ယောက်တည်း ဦးဆောင်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုတွေများစွာကိုလည်း ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက အခုဆိုရင် သူမရဲ့ ကျန်းမာရေးအခြေအနေနဲ့
ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးတို့ကြောင့် အနုပညာအလုပ်တွေကို အရင်ကလောက် မလုပ်ကိုင်နိုင်တော့မယ့် အနုပညာလောကနဲ့ အဆက်အသွယ်မပြတ်ရှိနေဆဲပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ထက်ထက်မိုးဦးရယ်လို့ သတိတရနဲ့ အားပေးနေကြဆဲ ဖြစ်ပါတယ်။ အနုပညာ
အလုပ်တွေနဲ့ အလှမ်းမဝေးအောင် ကြိုးစားနေသလို ပရိသတ်တွေနဲ့လည်း အဆက်အသွယ်ပြတ်တောက်ခြင်းမရှိအောင် ကြိုးစားနေတဲ့ ထက်ထက်မိုးဦးက ဒီနေ့မှာလည်း သူမရဲ့ ပရိသတ်တွေအတွက် Live လွှင့်ပေးခဲ့ပါတယ်။ ဒီကနေ့မှာတော့ ထက်ထက်မိုးဦးက
သူမရဲ့ ဖခင်ကြီးတက်နေတဲ့ ဆေးခန်းကို ရောက်ရှိနေတုန်း အခန်းဖော်အဘတွေနဲ့ နှုတ်ဆက်ခဲ့တဲ့ ဗီဒီယိုလေးကို အခုလိုပဲ တွေ့ရပါတယ်။ ထက်ထက်မိုးဦးကတော့ နိုင်ငံကျော်မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ လက်တွေ့ဘဝကပုံစံလေးကတော့ အရမ်းကို ရိုးရှင်းပြီး
ဖော်ရွေလွန်းလှပါတယ်။ ပရိသတ်ကြီးလည်း ထင်မထားရလောက်အောင် ဖော်ရွေပြီးချစ်စရာကောင်းတဲ့ ထက်ထက်မိုးဦးရဲ့ပုံရိပ်လေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။
Source : Htet Htet Moe Oo’s Facebook
Add a Comment
Your email address will not be published. Required fields are marked *