အႏုပညာေၾကးေတြ ရရမရရ အလုပ္ေတြျပန္လုပ္ အၿငိမ့္ေတြ ျပန္ကခ်င္ေနၿပီဆိုတဲ့ ဦးမိုးဒီ

ဟာသသ႐ုပ္ေဆာင္ႀကီး လူ႐ႊင္ေတာ္ မိုးဒီကေတာ့ အႏုပညာအလုပ္ေတြ ျပန္လုပ္ခ်င္ေနၿပီလို႔ ဆိုပါတယ္။ အသက္ႀကီးေပမယ့္လည္း အႏုပညာအလုပ္ကို ႐ူးသြပ္လြန္းသူျဖစ္တာေၾကာင့္ အႏုပညာေၾကး ရရ ၊ မရရ အလုပ္လုပ္ခ်င္ေနၿပီလို႔ ေျပာလာခဲ့ပါတယ္။ “ ဟာသေလးေတြ ျပန္လုပ္ခ်င္တယ္။ Covid ေရာဂါႀကီး ကင္းေဝးၿပီး အလုပ္ေလးေတြရွိလာရင္ေတာ့ ပိုက္ဆံရသည္ျဖစ္ေစ၊

မရသည္ျဖစ္ေစ ေပ်ာ္ေပ်ာ္ႀကီး ကေနခ်င္ေသးတယ္။ အၿငိမ့္ေတြ ေပ်ာ္ေပ်ာ္ႀကီး ကမယ္။ ဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ေပးပါဦးဆိုရင္လည္း သ႐ုပ္ေဆာင္ေပးဦးမယ္” လို႔ သူက ဆိုပါတယ္။ မိုးဒီဟာ အႏုပညာေလာကမွာ အၿငိမ့္ေတြကရင္း လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ ေမာ့စ္ နဲ႔တြဲဖက္ၿပီး ရယ္စရာဟာသေလးေတြကို ႏွစ္ေယာက္အတူအေပးအယူ ညီညီ ေဖ်ာ္ေျဖေပးခဲ့သူ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့

လူ႐ႊင္ေတာ္ႀကီး ေမာ့စ္က ကြယ္လြန္သြားၿပီျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီ(၁၄) ရက္ေန႔က (၇) ႏွစ္ျပည့္ခဲ့တာျဖစ္ပါတယ္။ မိုးဒီကေတာ့ သူငယ္ခ်င္းျဖစ္သူ ေမာ့စ္ကို မေမ့ႏိုင္ေသးတဲ့ အေၾကာင္းေတြ ဆက္လက္ ေျပာျပခဲ့ပါတယ္။ “အလုပ္ေတြ ျပန္လုပ္ခ်င္ေပမယ့္ သူငယ္ခ်င္းက ေသသြားေတာ့ ႏွေျမာလိုက္တာ။ သူနဲ႔ ကိုယ္နဲ႔က အရမ္းလိုက္တာေလ။ ၾကာေလ ၾကာေလ လြမ္းေလပါပဲ။ ႏွစ္ေယာက္သားက

ဘက္ ညီတယ္ေလ။ ၿပီးေတာ့ ကိုယ္လုပ္ခဲ့တာေလးေတြကိုလည္း ျပန္ၾကည့္ရေသးတယ္။ ဘဘတို႔ ေခတ္တုန္းက ကံေကာင္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္႐ိုက္ၿပီး ကိုယ္မျမင္ဖူးတဲ့ ဇာတ္ကားေတြေတာင္ ျပန္ၾကည့္ရတယ္” ဆိုၿပီးေတာ့ ႐ုပ္ရွင္အစည္းအ႐ုံး အလႉကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ မိုးဒီကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ အၿငိမ့္၊ ျပဇာတ္

ေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာပါ။ အဲဒီေနာက္ ဇာတ္ကားေတြလည္း ႐ိုက္ကူးလာခဲ့ရပါတယ္။ တီဗီေၾကာ္ျငာေတြလည္း အမ်ားႀကီး ႐ိုက္ကူးထားသူတစ္ေယာက္ပါ။ သူ႔ရဲ႕ အႏုပညာသက္တမ္းကလည္း ႏွစ္ေပါင္း ၄၀ ေက်ာ္ ရွိၿပီျဖစ္ပါတယ္။ သူ႔ရဲ႕ အႏုပညာမ်ိဳးစက္အေနနဲ႔ သားျဖစ္သူ လူ႐ႊင္ေတာ္ ဟာသသ႐ုပ္ေဆာင္ ေကာင္းစံ ကလည္း ပရိသတ္အားေပးမႈေတြ ရရွိထားတဲ့ ဟာသပညာရွင္တစ္ေယာက္ပါ။

Read in UNICODE

ဟာသသရုပ်ဆောင်ကြီး လူရွှင်တော် မိုးဒီကတော့ အနုပညာအလုပ်တွေ ပြန်လုပ်ချင်နေပြီလို့ ဆိုပါတယ်။ အသက်ကြီးပေမယ့်လည်း အနုပညာအလုပ်ကို ရူးသွပ်လွန်းသူဖြစ်တာကြောင့် အနုပညာကြေး ရရ ၊ မရရ အလုပ်လုပ်ချင်နေပြီလို့ ပြောလာခဲ့ပါတယ်။ “ ဟာသလေးတွေ ပြန်လုပ်ချင်တယ်။ Covid ရောဂါကြီး ကင်းဝေးပြီး အလုပ်လေးတွေရှိလာရင်တော့ ပိုက်ဆံရသည်ဖြစ်စေ၊

မရသည်ဖြစ်စေ ပျော်ပျော်ကြီး ကနေချင်သေးတယ်။ အငြိမ့်တွေ ပျော်ပျော်ကြီး ကမယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ပေးပါဦးဆိုရင်လည်း သရုပ်ဆောင်ပေးဦးမယ်” လို့ သူက ဆိုပါတယ်။ မိုးဒီဟာ အနုပညာလောကမှာ အငြိမ့်တွေကရင်း လူရွှင်တော် တစ်ယောက်အဖြစ် မော့စ် နဲ့တွဲဖက်ပြီး ရယ်စရာဟာသလေးတွေကို နှစ်ယောက်အတူအပေးအယူ ညီညီ ဖျော်ဖြေပေးခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင်တော့

လူရွှင်တော်ကြီး မော့စ်က ကွယ်လွန်သွားပြီဖြစ်ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က (၇) နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ မိုးဒီကတော့ သူငယ်ချင်းဖြစ်သူ မော့စ်ကို မမေ့နိုင်သေးတဲ့ အကြောင်းတွေ ဆက်လက် ပြောပြခဲ့ပါတယ်။ “အလုပ်တွေ ပြန်လုပ်ချင်ပေမယ့် သူငယ်ချင်းက သေသွားတော့ နှမြောလိုက်တာ။ သူနဲ့ ကိုယ်နဲ့က အရမ်းလိုက်တာလေ။ ကြာလေ ကြာလေ လွမ်းလေပါပဲ။ နှစ်ယောက်သားက

ဘက် ညီတယ်လေ။ ပြီးတော့ ကိုယ်လုပ်ခဲ့တာလေးတွေကိုလည်း ပြန်ကြည့်ရသေးတယ်။ ဘဘတို့ ခေတ်တုန်းက ကံကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ရိုက်ပြီး ကိုယ်မမြင်ဖူးတဲ့ ဇာတ်ကားတွေတောင် ပြန်ကြည့်ရတယ်” ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံး အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ်

တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာမျိုးစက်အနေနဲ့ သားဖြစ်သူ လူရွှင်တော် ဟာသသရုပ်ဆောင် ကောင်းစံ ကလည်း ပရိသတ်အားပေးမှုတွေ ရရှိထားတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *