မိဘကျေးဇူးဆပ်တဲ့အနေနဲ့ သံဃာအပါး(၃၅၀)ကို နေ့ဆွမ်းကပ် လှူဒါန်းခဲ့တဲ့ ဒေါင်း
Read in UNICODE
ဒေါင်းကတော့ ဘောလုံးကစားသမားတစ်ယောက်အဖြစ်ကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒေါင်းက ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ စင်တင်မင်းသားအဖြစ် ရပ်တည်ခဲ့တာ နှစ်အတော်ကြာရှိပြီဆိုပေမယ့် ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်မှာ
ရုံတင်ပြသခဲ့တဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်မှုတွေ အကြီးအကျယ်ရရှိခဲ့ပြီး ဆန်းတက်လာခဲ့တာ ဖြစ်ပါတယ်။ အသက်သုံးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဒေါင်းက ဘာသာရေးနဲ့ ကုသိုလ်ရေးကို အချိန်ပေးလုပ်ကိုင်နေသလို အလှူအတန်းတွေကိုလည်း
လုပ်ကိုင်နေလျက်ရှိပါတယ်။ ဒီကနေ့ ဇူလိုင်လ (၂၇) ရက်နေ့မှာလည်း ဒေါင်းက မဟာဗောဓိပရိယတ္တိစာသင်တိုက်-ရန်ကင်းကျောင်းတိုက်မှာ သံဃာတော်အပါး (၃၅၀)ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းရင်း မိဘကျေးဇူးဆပ်အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။ ဒေါင်းကတော့ သူ့ရဲ့ တနလာၤနေ့လေးကို အလှူအတန်းတွေ
ပြုလုပ်ရင်းနဲ့ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒေါင်းရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Source : မဟာဗောဓိပရိယတ္တိစာသင်တိုက်-ရန်ကင်’sး Facebook
Add a Comment
Your email address will not be published. Required fields are marked *