ဒူးနာေရာဂါရွိသူမ်ားအတြက္ တကယ္အစြမ္းထက္တဲ့ ေရွာက္ဘီဘူးႏွင့္ ၾကက္သြန္နီ

ကၽြန္ေတာ္သည္္…ဒူးနာေ၀ဒနာရွင္တစ္ဦးျဖစ္ပါသည္။၁၉၉၅ခုက..ကားတိုက္ခံရစဥ္..ေပါင္သံုးပိုင္းက်ိဳိးသည္ႏွင္႕ အတူူ…ဒူးကိုပါ..အနည္းငယ္ထိခိုက္မိပါသည္။ထိုစဥ္မွစ၍..ယေန႕တိုင္..ဒူးသည္..အနည္းငယ္မွ်..မသိမသာ..ေရာင္ရမ္းေနသလိုိ..အတန္ငယ္လည္း..တင္းေနပါသည္။ထို႕ေၾကာင္႕..ဒူးနာေပ်ာက္ေဆး…မ်ိဳးစံုအား..သံုးစဲြျခင္းေလ႕လာေဖာ္စပ္္ျခင္းမ်ား..ျပဳခဲ့ပါသည္။ ဒူးနာျခင္းသည္..ဒီဘက္္ေခတ္၌..အေတာ္ေလးအျဖစ္မ်ားေနသည္ကို..သတိထားမိသည္။မိမိမွအလွဴအတန္းလုပ္တိုင္း…အခန္းအနားတစ္ခုခုလုပ္တိုင္း။။ဒူးနာတတ္သည္ႈ….သက္ႀကီးရြယ္အို..ေ၀ဒနာရွင္တို႔အတြက္..အဆင္ေျပေစရန္္..ကုလားထိုင္မ်ားကို..သီးသန္႔စီစဥ္ေပးေနရပါသည္။တခ်ိဳ႕လည္း..

ဒူးနာတာကို..အေၾကာင္းျပဳ၍..မလာေရာက္ႏိုင္ပါေၾကာင္္းဖုန္ုးျဖင္႕..ေတာင္းပန္ၾကပါသည္။ ခက္သည္္က..ဒူးနာရျခင္း၏..အေျခခံအေၾကာင္းရင္းေတြက..မ်ားလွပါသည္။အရိုးမွနာျခင္း..အရြတ္မွနာျခင္း.. ခ်င္ဆီမွနာျခင္း…ၾကြက္သားမွနာျခင္း…အေၾကာမွနာျခင္း….အဆစ္မွနာျခင္း…အပူငုတ္၍နာျခင္း..တီဘီေရာဂါ..ကင္ဆာေရာဂါေလးဘက္နာေၾကာင္႕..နာျခင္း….ထိခိုက္ဒဏ္ရာရရာမွ..ဒဏ္ျဖစ္သြား၍..နာျခင္း..ေလးဘက္နာေရာဂါေၾကာင္႕နာျခင္း..ေဂါက္ေရာဂါေၾကာင္႕နာျခင္း..ယူးရစ္အက္ဆစ္လြန္ကဲေန၍နာျခင္း…စသျဖင္႕..အေၾကာင္းရင္းေတြက..စံုလွပါသည္။ထို႕ေၾကာင္႕..တစ္ဦးတစ္ေယာက္က..ေကာင္းသည္ဟု..ရည္ညြန္းေသာ္လည္း…ေနာက္တစ္ဦးအတြက္ေတာ႕..မထူးျခားျဖစ္ေနတတ္သည္။အနာနဲဲ႕ေဆးမေတြ႕၍..

လမ္းလဲြေနျခင္းျဖစ္ပါသည္။ လြြန္ခဲ႕ေသာ..အႏွစ္၂၀ေက်ာ္က..အလြန္လြယ္ကူ၍..ကုန္က်မွဳနည္းပါးေသာ..ဒူးနာေပ်ာက္ေဆးနည္း..တစ္လက္ကို…နကၡတၱေရာင္ျခည္မဂၢဇင္းတြင္..ဖတ္ဘူးခဲ႕သည္။ေရးသူက..ေက်ာင္းဆရာမဆိုေတာ႕..ပို၍သေဘာက်ပါသည္္။သူကေတာ႕..တစ္သက္လံုး..မေပ်ာက္ေတာ႕ဘူး..ထင္တဲ႕..ဒူးနာ…ဒီေဆးနဲ႕မွ..ေပ်ာက္ေတာ႕သည္..ဟု..ညႊန္းဆိုထားသျဖင္႕..မွတ္သားထားသည္ႏွင္႕..အတူ…ေဖာ္စပ္လိုက္ပါေတာ႕သည္။ေဆးေဖာ္္ထားၿပီး..၃-၄ႏွစ္အၾကာမွာ…ေ၀ဒနာရွင္တစ္ဦးနဲ႕ေတြ႕ပါသည္။သူကေတာ႕..မိမိအိမ္သို႕လာလည္ေသာ…အသက္၆၅ႏွစ္ခန္႔ရွိအမ်ိဳးသမီးႀကီးျဖစ္သည္။ဇာတိက…သံုးဆယ္ၿမိဳ႕ကပါ။သူ႕သမီးက…အလံု-ဗဟုိစာရင္းမွာ..တာ၀န္ၾကေတာ႕..မိမိတို႕အိမ္အနီးမွာ..တိုက္ခန္း၀ယ္ၿပီး..သားအမိႏွစ္ေယာက္..အတူေနၾကသည္။ဇနီးျဖစ္သူနဲ႕..တစ္ရံုးထဲမို႕..မိတ္ေဆြျဖစ္ၿပီး

လာလည္ၾကျခင္းျဖစ္ပါသည္။ သူဒူးနာေနတာက ၾကာၿပီ။ဘာေဆးနဲ႕မွ..မေပ်ာက္။ခုေတာ႕..အဂၤလိပ္လိမ္းေဆးလိမ္းေနသည္။ဒီေဆးက..သြားတိုက္ေဆးကဲ႕သို႕..ညွစ္ထုတ္ရေသာ..ခရင္မ္ျဖစ္သည္။သူက ( ေဆးပူနဲ႕..လံုး၀မတည္႕ )..ဟုသိရပါသည္။ေဆးစမ္းခ်င္ေသာမိိမိက..အသင္႕ေဖာ္ထားတဲ႕ေဆးကို..ေပးလိုက္သည္။ေဆးကလည္း…ႏွစ္ခ်ိဳ႕ေနေတာ႕..အဆီေတြတက္ေနၿပီး..ေရေႏြးၾကမ္းေရာင္သို႕ပင္..ေျပာင္းေနပါၿပီ။ ဆယ္ရက္္ေလာက္ရွိေတာ႕..တစ္မနက္မွာ..သမီးျဖစ္သူက..ငါးဆင္႕ခ်ိဳင္႕ႀကီးဆဲြၿပီး..အိမ္ထဲကို..၀င္လာပါသည္။ေမာင္ႏွေတြလို..ခင္ေနေတာ႕လည္း..ဘာမေျပာညာမေျပာနဲ႕..မီးဖိုခန္းထဲကို..တန္း၀င္သြားၿပီး….ပါလာတဲ႕.. ၾကာဆံေက်ာ္ေတြြကို..ပဲြျပင္ၿပီး..ဇြန္း-ခက္ရင္းနဲ႕တကြ..မိမိေရွ႕သို႕..လာခ်ပါေေတာ႕သည္။ မိမိိလည္း…ဘုမသိဘမသိမို႕…ေၾကာင္စီစီၾကည္႕ယင္း..ခင္ဗ်ားးဘာအရူးထတာလည္း…

စံြ႕သြားၿပီလားဟုစမိသည္။သူမက..အသက္ေလးဆယ္ေလာက္ရွိတဲ႕..အပ်ိဳႀကီးျဖစ္ပါသည္။သည္ေတာ႕မွ..သူကရွင္းျပသည္။ မိိမိေပးလိုက္ေသာေဆးနဲ႕..သူ႕အေမရဲ႕ဒူးနာသက္သာလို႕..ေရႊတိဂံုဘုရားကိုပင္..ေစာင္းတန္းက..တက္၍ဖူးႏိုင္သြားသျဖင္႕..ေက်းဇူးဆပ္သည္႕အေနနဲ႕..နင္ကိုယ္တိုင္..ေကၽြးေခ်ဟုု…မွာလိုက္ေၾကာင္းသိရပါသည္။မိမိလည္း..ေဆးအေျခအေနသိိလို၍..သူမအျပန္မွာ..တပါတည္းလိုက္သြားၿပီး..ေ၀ဒနာရွင္ကို ( ဗ်ဴး )ခဲ႕ရာ..ေအာက္ပါအတိုင္း…သိခြင္႕ရလုိက္ပါသည္။ေဆးယူသြားတဲ႕ညမွာ..အိပ္ယာ၀င္ခါနီးေတာ႕..ထမိန္ကိုခါးေထာင္းႀကိဳက္ၿပီး..ေပါင္ရင္းမွ..ေခ်မ်က္ေစ႕ထိိရဲြေနေအာင္လိမ္းၿပီး…အသားထဲစိမ္႕၀င္သည္အထိ…နာနာပြတ္သည္ဟုဆိုသည္။တေရးအႏိုးမွာ..ဆီးထသြားေတာ႕..အရင္ကနဲ႕မတူ..အထိိုင္အထေတြက..ေပါ႕ပါးသြက္လက္ေနတာမို႕..ငါေတာ႕ဒီေဆးနဲ႕..တည္႕ၿပီလို႕ မွွတ္ယူယင္း..ထိုညက..စိတ္ခ်မ္းသာစြာ..အိပ္စက္လိုက္သည္။ေနာက္ေန႕ေတြမွာလည္း..ေန႕စဥ္မွန္မွန္..လိမ္း သည္ႏွင္႕အတူ…

( မိမိကမညႊန္းဘဲ -သူ႕သေဘာနဲ႕သူ )..အနည္းငယ္ေလာက္..ေသာက္သည္ဟူပါ၏။တပတ္ေလာက္ၾကာေတာ႕..ဒူးနာက..သိိသိသာသာ..ေကာင္းေနတာေၾကာင္႕..သမီးကို..ေခၚၿပီး..ႏွစ္ေပါင္းမ်ားစြာ..မဖူးရတာၾကာတဲ႕..ေရႊတိဂံုကိို..ေစာင္းတန္းကတက္ၿပီး…ဖူးရာ..အဆင္ေျပလာခဲ႕သည္ဟု…ေျပာပါသည္။တသက္လံုး..မဖူးရေတာ႕ဟု..ယူဆထားတဲ႕..ေရႊတိဂံုကို..မ်က္ျမင္ကိုယ္ေတြ႕ဖူးလိုက္ရလို႕..ေမာင္မင္းႀကီးသားကို..ေက်းဇူးဆပ္ခိုင္းလိုက္တာပါဟု..အားရ၀မ္းသာ..ေျပာရွာပါသည္။ခုခ်ိန္မွာေတာ႕..သားအမိႏွစ္ဦးစလံုး..ကြယ္လြန္သြားၾကပါၿပီ။ေဆးနည္းကေတာ႕….ေတာေရွာက္ခါးသီး ( ခ ) ေရွာက္ဘီလူးအား..အလယ္္မွ..ထက္ခ်မ္းခဲြပါ။ရိုးရိုးေရွာက္သီးလည္း..ရပါသည္။ၾကက္သြန္နီကိုိ..အကြင္းလိုက္..ထူထူေလးလွီးၿပီး..ေရွာက္သီးၾကားမွာ..ညွပ္ပါ။ကြာမသြားေစရန္အတြက္..၀ါးခ်မ္းတုတ္ေခ်ာင္းနဲ႕..

ကန္႔လန႔္ျဖတ္ထိုးလိုက္ပါ။ေရွာက္သီးေတြကို..ႏူးအိသြားေအာင္..ေရခန္းျပဳတ္ပါ။ရလာတဲ႕ေရွာက္သီးကိုိ.အတံုးငယ္ငယ္ကေလးေတြ..စိတ္ၿပီး..အ၀ၾကယ္ဖန္ပုလင္းထဲကိုထည္႕ၿပီး..မီးေတာက္အရက္နဲ႕..စိမ္ထားပါ။မီးေတာက္အရက္..အဆင္မေျပယင္..အရက္ျပင္းျပင္းကို..အရက္ပ်ံေရာၿပီးသံုးလို႕..ရပါတယ္။ ပုလင္းကိုိ….တစ္လေလာက္..ေနပူထဲမွာ..ပစ္ထားလိုက္ပါ။ဒီေနာက္ေတာ႕..သံုးလို႕..ရပါၿပီ။ၾကာေလ..ေကာင္းေလပါပဲ။ ဒူးနာသူတိုိင္း..( မေပ်ာက္မွာ )..ကေတာ႕..ေသခ်ာပါသည္။ကုသိုလ္ထူးလို႕..အနာနဲ႕..ေဆးတည္႕သူမွာေတာ႕..အဆင္ေျပပါလိမ္႕မည္။အရိုးပါးေနသူ-အရြတ္ပဲ႕ေနသူေတြကေတာ႕..ဒူးေခါင္းအစားထိုးမွ..ရပါတယ္။ကုန္က်စားရိတ္ကေတာ႕..ဒူးတစ္ဘက္ကိုိ..

သိန္း၈၀ေလာက္ရွိပါတယ္။ေဆးပူႀကိိဳက္သူေတြကအတြက္ေတာ႕..ပရုတ္ေလးပါးေဆး ( ခ ) မင္းေလးပါးေဆးက..မဆိုးပါဘူးနီးစပ္ရာ ဘယေဆးဆိုင္ေတြမွာ..ပရုတ္ေလးပါးတစ္က်ပ္သားစီေပးပါဆိုယင္..သူတို႕..နားလည္ပါတယ္။ပရုတ္ေလး ပါးဆိုတာက..ပရုတ္..မင္ေသာ္္…သိုင္းေမာ..နဲ႕..ဖုန္းမသိမ္ပါ။တစ္မ်ုိုး..တစ္ထုတ္ႏွဳံးနဲ႕..ေလးထုတ္ေပးပါ လိမ္႕မယ္။အခဲေတြပါ။အိမ္ေရာက္မွ..အ၀ၾကယ္တဲ႕..ပုလင္းထဲကို..ေရာထည္႕လိုက္ပါ။ခဏၾကာယင္..အ ရည္ျဖစ္သြားပါလိိမ္႕မယ္။သူက..ပူပါတယ္။ပူလြန္းတယ္ထင္ယင္..မံုညင္းဆီကို..လိုသေလာက္ေရာေပးပါ။ စုစုေပါင္း..ေလးက်ပ္သားကို..သံုးေထာင္ေက်ာ္ေလာက္က်ပါမယ္။အဆီေတြမို႕..ေတာ္ေတာ္ၾကာၾကာ..သံုးရပါတယ္။ မိိမိ၏အေတြ႔အႀကံဳကို..မွ်ေ၀လို႕..ေဆးဒါနျပဳလိုက္ပါတယ္။..ဖရင္းအမ်ား..ဒူးနာကင္းေ၀း…ထိုင္ထ..မေလးေစရန္..ဆုေတာင္းေပးလိုက္​ပါသည္​။

Read in UNICODE

ကျွန်တော်သည်…ဒူးနာဝေဒနာရှင်တစ်ဦးဖြစ်ပါသည်။၁၉၉၅ခုက..ကားတိုက်ခံရစဉ်..ပေါင်သုံးပိုင်းကျိုးသည်နှင့် အတူူ…ဒူးကိုပါ..အနည်းငယ်ထိခိုက်မိပါသည်။ထိုစဉ်မှစ၍..ယနေ့တိုင်..ဒူးသည်..အနည်းငယ်မျှ..မသိမသာ..ရောင်ရမ်းနေသလို..အတန်ငယ်လည်း..တင်းနေပါသည်။ထို့ကြောင့်..ဒူးနာပျောက်ဆေး…မျိုးစုံအား..သုံးစွဲခြင်းလေ့လာဖော်စပ်ခြင်းများ..ပြုခဲ့ပါသည်။ ဒူးနာခြင်းသည်..ဒီဘက်ခေတ်၌..အတော်လေးအဖြစ်များနေသည်ကို..သတိထားမိသည်။မိမိမှအလှူအတန်းလုပ်တိုင်း…အခန်းအနားတစ်ခုခုလုပ်တိုင်း။။ဒူးနာတတ်သည်ှု….သက်ကြီးရွယ်အို..ဝေဒနာရှင်တို့အတွက်..အဆင်ပြေစေရန်..ကုလားထိုင်များကို..သီးသန့်စီစဉ်ပေးနေရပါသည်။တချို့လည်း..

ဒူးနာတာကို..အကြောင်းပြု၍..မလာရောက်နိုင်ပါကြောင်းဖုန်ုးဖြင့်..တောင်းပန်ကြပါသည်။ ခက်သည်က..ဒူးနာရခြင်း၏..အခြေခံအကြောင်းရင်းတွေက..များလှပါသည်။အရိုးမှနာခြင်း..အရွတ်မှနာခြင်း.. ချင်ဆီမှနာခြင်း…ကြွက်သားမှနာခြင်း…အကြောမှနာခြင်း….အဆစ်မှနာခြင်း…အပူငုတ်၍နာခြင်း..တီဘီရောဂါ..ကင်ဆာရောဂါလေးဘက်နာကြောင့်..နာခြင်း….ထိခိုက်ဒဏ်ရာရရာမှ..ဒဏ်ဖြစ်သွား၍..နာခြင်း..လေးဘက်နာရောဂါကြောင့်နာခြင်း..ဂေါက်ရောဂါကြောင့်နာခြင်း..ယူးရစ်အက်ဆစ်လွန်ကဲနေ၍နာခြင်း…စသဖြင့်..အကြောင်းရင်းတွေက..စုံလှပါသည်။ထို့ကြောင့်..တစ်ဦးတစ်ယောက်က..ကောင်းသည်ဟု..ရည်ညွန်းသော်လည်း…နောက်တစ်ဦးအတွက်တော့..မထူးခြားဖြစ်နေတတ်သည်။အနာနဲ့ဆေးမတွေ့၍..

လမ်းလွဲနေခြင်းဖြစ်ပါသည်။ လွန်ခဲ့သော..အနှစ်၂၀ကျော်က..အလွန်လွယ်ကူ၍..ကုန်ကျမှုနည်းပါးသော..ဒူးနာပျောက်ဆေးနည်း..တစ်လက်ကို…နက္ခတ္တရောင်ခြည်မဂ္ဂဇင်းတွင်..ဖတ်ဘူးခဲ့သည်။ရေးသူက..ကျောင်းဆရာမဆိုတော့..ပို၍သဘောကျပါသည်။သူကတော့..တစ်သက်လုံး..မပျောက်တော့ဘူး..ထင်တဲ့..ဒူးနာ…ဒီဆေးနဲ့မှ..ပျောက်တော့သည်..ဟု..ညွှန်းဆိုထားသဖြင့်..မှတ်သားထားသည်နှင့်..အတူ…ဖော်စပ်လိုက်ပါတော့သည်။ဆေးဖော်ထားပြီး..၃-၄နှစ်အကြာမှာ…ဝေဒနာရှင်တစ်ဦးနဲ့တွေ့ပါသည်။သူကတော့..မိမိအိမ်သို့လာလည်သော…အသက်၆၅နှစ်ခန့်ရှိအမျိုးသမီးကြီးဖြစ်သည်။ဇာတိက…သုံးဆယ်မြို့ကပါ။သူ့သမီးက…အလုံ-ဗဟိုစာရင်းမှာ..တာဝန်ကြတော့..မိမိတို့အိမ်အနီးမှာ..တိုက်ခန်းဝယ်ပြီး..သားအမိနှစ်ယောက်..အတူနေကြသည်။ဇနီးဖြစ်သူနဲ့..တစ်ရုံးထဲမို့..မိတ်ဆွေဖြစ်ပြီး

လာလည်ကြခြင်းဖြစ်ပါသည်။ သူဒူးနာနေတာက ကြာပြီ။ဘာဆေးနဲ့မှ..မပျောက်။ခုတော့..အင်္ဂလိပ်လိမ်းဆေးလိမ်းနေသည်။ဒီဆေးက..သွားတိုက်ဆေးကဲ့သို့..ညှစ်ထုတ်ရသော..ခရင်မ်ဖြစ်သည်။သူက ( ဆေးပူနဲ့..လုံးဝမတည့် )..ဟုသိရပါသည်။ဆေးစမ်းချင်သောမိမိက..အသင့်ဖော်ထားတဲ့ဆေးကို..ပေးလိုက်သည်။ဆေးကလည်း…နှစ်ချို့နေတော့..အဆီတွေတက်နေပြီး..ရေနွေးကြမ်းရောင်သို့ပင်..ပြောင်းနေပါပြီ။ ဆယ်ရက်လောက်ရှိတော့..တစ်မနက်မှာ..သမီးဖြစ်သူက..ငါးဆင့်ချိုင့်ကြီးဆွဲပြီး..အိမ်ထဲကို..ဝင်လာပါသည်။မောင်နှတွေလို..ခင်နေတော့လည်း..ဘာမပြောညာမပြောနဲ့..မီးဖိုခန်းထဲကို..တန်းဝင်သွားပြီး….ပါလာတဲ့.. ကြာဆံကျော်တွေကို..ပွဲပြင်ပြီး..ဇွန်း-ခက်ရင်းနဲ့တကွ..မိမိရှေ့သို့..လာချပါေတော့သည်။ မိမိလည်း…ဘုမသိဘမသိမို့…ကြောင်စီစီကြည့်ယင်း..ခင်ဗျားးဘာအရူးထတာလည်း…

စွံ့သွားပြီလားဟုစမိသည်။သူမက..အသက်လေးဆယ်လောက်ရှိတဲ့..အပျိုကြီးဖြစ်ပါသည်။သည်တော့မှ..သူကရှင်းပြသည်။ မိမိပေးလိုက်သောဆေးနဲ့..သူ့အမေရဲ့ဒူးနာသက်သာလို့..ရွှေတိဂုံဘုရားကိုပင်..စောင်းတန်းက..တက်၍ဖူးနိုင်သွားသဖြင့်..ကျေးဇူးဆပ်သည့်အနေနဲ့..နင်ကိုယ်တိုင်..ကျွေးချေဟု…မှာလိုက်ကြောင်းသိရပါသည်။မိမိလည်း..ဆေးအခြေအနေသိလို၍..သူမအပြန်မှာ..တပါတည်းလိုက်သွားပြီး..ဝေဒနာရှင်ကို ( ဗျူး )ခဲ့ရာ..အောက်ပါအတိုင်း…သိခွင့်ရလိုက်ပါသည်။ဆေးယူသွားတဲ့ညမှာ..အိပ်ယာဝင်ခါနီးတော့..ထမိန်ကိုခါးထောင်းကြိုက်ပြီး..ပေါင်ရင်းမှ..ချေမျက်စေ့ထိရွဲနေအောင်လိမ်းပြီး…အသားထဲစိမ့်ဝင်သည်အထိ…နာနာပွတ်သည်ဟုဆိုသည်။တရေးအနိုးမှာ..ဆီးထသွားတော့..အရင်ကနဲ့မတူ..အထိုင်အထတွေက..ပေါ့ပါးသွက်လက်နေတာမို့..ငါတော့ဒီဆေးနဲ့..တည့်ပြီလို့ မှတ်ယူယင်း..ထိုညက..စိတ်ချမ်းသာစွာ..အိပ်စက်လိုက်သည်။နောက်နေ့တွေမှာလည်း..နေ့စဉ်မှန်မှန်..လိမ်း သည်နှင့်အတူ…

( မိမိကမညွှန်းဘဲ -သူ့သဘောနဲ့သူ )..အနည်းငယ်လောက်..သောက်သည်ဟူပါ၏။တပတ်လောက်ကြာတော့..ဒူးနာက..သိသိသာသာ..ကောင်းနေတာကြောင့်..သမီးကို..ခေါ်ပြီး..နှစ်ပေါင်းများစွာ..မဖူးရတာကြာတဲ့..ရွှေတိဂုံကို..စောင်းတန်းကတက်ပြီး…ဖူးရာ..အဆင်ပြေလာခဲ့သည်ဟု…ပြောပါသည်။တသက်လုံး..မဖူးရတော့ဟု..ယူဆထားတဲ့..ရွှေတိဂုံကို..မျက်မြင်ကိုယ်တွေ့ဖူးလိုက်ရလို့..မောင်မင်းကြီးသားကို..ကျေးဇူးဆပ်ခိုင်းလိုက်တာပါဟု..အားရဝမ်းသာ..ပြောရှာပါသည်။ခုချိန်မှာတော့..သားအမိနှစ်ဦးစလုံး..ကွယ်လွန်သွားကြပါပြီ။ဆေးနည်းကတော့….တောရှောက်ခါးသီး ( ခ ) ရှောက်ဘီလူးအား..အလယ်မှ..ထက်ချမ်းခွဲပါ။ရိုးရိုးရှောက်သီးလည်း..ရပါသည်။ကြက်သွန်နီကို..အကွင်းလိုက်..ထူထူလေးလှီးပြီး..ရှောက်သီးကြားမှာ..ညှပ်ပါ။ကွာမသွားစေရန်အတွက်..ဝါးချမ်းတုတ်ချောင်းနဲ့..

ကန့်လန့်ဖြတ်ထိုးလိုက်ပါ။ရှောက်သီးတွေကို..နူးအိသွားအောင်..ရေခန်းပြုတ်ပါ။ရလာတဲ့ရှောက်သီးကို.အတုံးငယ်ငယ်ကလေးတွေ..စိတ်ပြီး..အဝကြယ်ဖန်ပုလင်းထဲကိုထည့်ပြီး..မီးတောက်အရက်နဲ့..စိမ်ထားပါ။မီးတောက်အရက်..အဆင်မပြေယင်..အရက်ပြင်းပြင်းကို..အရက်ပျံရောပြီးသုံးလို့..ရပါတယ်။ ပုလင်းကို….တစ်လလောက်..နေပူထဲမှာ..ပစ်ထားလိုက်ပါ။ဒီနောက်တော့..သုံးလို့..ရပါပြီ။ကြာလေ..ကောင်းလေပါပဲ။ ဒူးနာသူတိုင်း..( မပျောက်မှာ )..ကတော့..သေချာပါသည်။ကုသိုလ်ထူးလို့..အနာနဲ့..ဆေးတည့်သူမှာတော့..အဆင်ပြေပါလိမ့်မည်။အရိုးပါးနေသူ-အရွတ်ပဲ့နေသူတွေကတော့..ဒူးခေါင်းအစားထိုးမှ..ရပါတယ်။ကုန်ကျစားရိတ်ကတော့..ဒူးတစ်ဘက်ကို..

သိန်း၈၀လောက်ရှိပါတယ်။ဆေးပူကြိုက်သူတွေကအတွက်တော့..ပရုတ်လေးပါးဆေး ( ခ ) မင်းလေးပါးဆေးက..မဆိုးပါဘူးနီးစပ်ရာ ဘယဆေးဆိုင်တွေမှာ..ပရုတ်လေးပါးတစ်ကျပ်သားစီပေးပါဆိုယင်..သူတို့..နားလည်ပါတယ်။ပရုတ်လေး ပါးဆိုတာက..ပရုတ်..မင်သော်…သိုင်းမော..နဲ့..ဖုန်းမသိမ်ပါ။တစ်မျိုး..တစ်ထုတ်နှုံးနဲ့..လေးထုတ်ပေးပါ လိမ့်မယ်။အခဲတွေပါ။အိမ်ရောက်မှ..အဝကြယ်တဲ့..ပုလင်းထဲကို..ရောထည့်လိုက်ပါ။ခဏကြာယင်..အ ရည်ဖြစ်သွားပါလိမ့်မယ်။သူက..ပူပါတယ်။ပူလွန်းတယ်ထင်ယင်..မုံညင်းဆီကို..လိုသလောက်ရောပေးပါ။ စုစုပေါင်း..လေးကျပ်သားကို..သုံးထောင်ကျော်လောက်ကျပါမယ်။အဆီတွေမို့..တော်တော်ကြာကြာ..သုံးရပါတယ်။ မိမိ၏အတွေ့အကြုံကို..မျှဝေလို့..ဆေးဒါနပြုလိုက်ပါတယ်။..ဖရင်းအများ..ဒူးနာကင်းဝေး…ထိုင်ထ..မလေးစေရန်..ဆုတောင်းပေးလိုက်ပါသည်။

Source : Ma Chaw

Add a Comment

Your email address will not be published. Required fields are marked *