ဖြိုးလေးနဲ့ သူငယ်ချင်းတွေစုပြီး ည(၁၂)နာရီတိတိမှာ မွေးနေ့စပရိုက်လုပ်ပေးတာခံခဲ့ရလို့ ပျော်ရွှင်နေတဲ့ ဝါဆိုမိုးဦး
Read in UNICODE
မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ ကလေးဘဝကတည်းက သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက်ဖြစ်ပြီး အခုချိန်ထိတိုင် အောင်မြင်မှုရရှိနေဆဲ ဖြစ်ပါတယ်။ ဝါဆိုမိုးဦးက သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကြောင့်
ပရိသတ်စိတ်ဝင်စားခြင်းကို ခံရသလို အဆိုတော်ဖြိုးလေးနဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားကြခြင်းကို ခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဇူလိုင်လ (၂၇) ရက်နေ့က ဝါဆိုမိုးဦးရဲ့ အသက် (၂၆)နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဖြိုးလေးကတော့
ဝါဆိုမိုးဦးရဲ့ မွေးနေ့ရောက်တိုင်း ည(၁၂)နာရီတိတိမှာ သူငယ်ချင်းတွေကို တိတ်တိတ်လေးခေါ်ပြီး Surprise လုပ်ပေးသလို ဒီနှစ်မှာလည်း အစဉ်အလာမပျက် မွေးနေ့ပွဲလေး ပြုလုပ်ပေးခဲ့ပါတယ်။ ဝါဆိုမိုးဦးကတော့ ချစ်သူ ဖြိုးလေးရဲ့ Surprise ကြောင့် တော်တော်လေး
ဝမ်းသာပျော်ရွှင်ခဲ့ရပြီး “ဆိုဆိုရဲ့၂၆နှစ်ပြည့်မွေးနေ့ကို superise ဦးဆောင်လုပ်ပေးတံ့ စီစဉ်သူချစ်ချစ်ကိုကိုဖြိုးနဲ့ မိသားစု သူငယ်ချင်းများအားလုံးကျေးကျေးပါလို့ ချစ်တယ်အားလုံး အာဘွား ဝါဆိုမိုးဦးကတော့ သူမရဲ့ အသက်တစ်နှစ်ကြီးတဲ့ အချိန်အခါမှာ ချစ်ရသူတွေနဲ့
အတူတူ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် ဝါဆိုမိုးဦးအတွက် မွေးနေ့ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။
Source : Warso Moe Oo’s Facebook
Add a Comment
Your email address will not be published. Required fields are marked *