ေထာင္က်ေနတဲ့ အဆိုေတာ္ ရသအတြက္ ေငြက်ပ္(၁၀)သိန္း တိတိ ကူညီခဲ့တဲ့ စိုင္းစိုင္း

အဆိုေတာ္ ရသအတြက္ လစဥ္ေထာင္ဝင္စာသြားေတြ႕ဖို႔အတြက္ အဆိုေတာ္ ယုန္ေလးက တာဝန္ယူထားတယ္လို႔ သိရပါတယ္။ ရသကို ေထာင္ဝင္စာသြားေတြ႕တဲ့ အခါမွာ လိုအပ္မယ့္ ေငြေၾကးေတြကိုလည္း အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္နဲ႔အတူ နာမည္ေက်ာ္ အဆိုေတာ္မ်ားစြာတို႔ကလည္း ရသအတြက္ ကူညီေပးလာၾကတယ္ဆိုတာကို ယုန္ေလးက အခုလို ေျပာျပထားပါတယ္။ ” ကို စိုင္းစိုင္းခမ္းလႈိင္ ငါကူတာ မေျပာပါနဲ႔ ကြာဆိုၿပီး ၁၀ သိန္း ကူသြားပါတယ္ ။ ေနာက္၂ ေယာက္ ငါတက္ႏိုင္သေလာက္ကူတာ သူႀကိဳက္မွာ မဟုတ္ဘူး ထင္တယ္ ဆိုၿပီး Example ထြန္းထြန္း ၁သိန္း ၊ သက္ေအာင္ ၅ ေသာင္း ကူသြားပါတယ္ ။ သူရဲ႕ အခ်စ္ဆုံး ညီမ တပည့္ေတြလိုလည္း ေျပာလို႔ရပါတယ္။ အမ်ားႀကီး ကူခ်င္တာပါ။ Covid မွာ အကုန္ အဆင္ေျပသလိုျဖတ္သန္း ေနရလိုပါဆိုၿပီး စိတ္မေကာင္းစြာနဲ႔

Jenny ၂ သိန္း ၊ Ah Boy ၂ သိန္း၊ G Fatt ၃ သိန္း ကူသြားပါတယ္။ အားလုံးကို ေက်းဇူးတင္ပါတယ္ ။ လို႔ရသက ေျပာေပးပါလို႔ ေျပာပါတယ္ ခင္ဗ်ာ” ဆိုၿပီးေတာ့ ဇူလိုင္(၂၆) ရက္ေန႔ ေန႔လယ္(၁၁) နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။ အဆိုေတာ္ ရသအတြက္ ေထာက္ပံ့ေငြ ေပးအပ္ခဲ့တဲ့ ေနာက္ထပ္ အဆိုေတာ္ေတြကေတာ့ အဆိုေတာ္ စႏၵီျမင့္လြင္ ၊ ေနဝင္း(Snare) ၊ ၿဖိဳးေလး (Snare)၊ ရတနာ (No အဖြဲ႕) တို႔က ေငြက်ပ္ (၁)သိန္းစီ ေပးအပ္ခဲ့တယ္လို႔ ယုန္ေလးက ေျပာျပထားပါေသးတယ္။ အဆိုေတာ္ ေက်ာ္ထြဋ္ေဆြ၊ လင္းပင္ဟိန္းနဲ႔ ေဂ်ာက္ဂ်က္ တို႔ကလည္း ရသအတြက္ လိုအပ္တဲ့အခ်ိန္တိုင္း အကူအညီေတြ ေပးခဲ့ၾကတယ္လို႔လည္း ဆက္လက္ ေရးသားထားပါတယ္။ မူးယစ္ေဆးဝါးအမႈ နဲ႔

အဖမ္းခံရထားရတဲ့ အဆိုေတာ္ရသ(ခ)ရဲမင္းသိန္းအပါအဝင္ ၃ ေယာက္ကို မႏၲေလးခ႐ိုင္တရား႐ုံးက ေထာင္ဒဏ္ ၁၁ ႏွစ္စီက်ခံဖို႔ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာ ၂၈ ရက္ေန႔က အမိန႔္ခ်လိုက္တာျဖစ္ပါတယ္။ အဆိုေတာ္ရသ ဟာ မႏၲေလးၿမိဳ႕နယ္ရွိ အိုးဖိုေထာင္မွာ ျပစ္ဒဏ္က်ခံေနရင္းကေန ေထာင္အေျပာင္း အေ႐ြ႕ေၾကာင့္ လက္ရွိ ျမင္းၿခံေထာင္မွာ ျပစ္ဒဏ္က်ခံေနရတာျဖစ္ပါတယ္။ ရသရဲ႕ မိဘေတြကလည္း အသက္အ႐ြယ္ႀကီးရင့္ေနၿပီျဖစ္တာေၾကာင့္ ေထာင္ဝင္စာသြားေတြ႕ဖို႔ အခက္အခဲ ရွိတဲ့အတြက္ အဆိုေတာ္ယုန္ေလးက ရသအတြက္ လစဥ္ေထာက္ပံ့ေပးသြားမယ္လို႔ သိရပါတယ္။ ယုန္ေလးဟာ အလႉ အတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးတဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ Covid ကာလအတြင္းမွာလည္း

ရန္ကုန္ေဆး႐ုံႀကီးနဲ႔ ဘိုကေလး ေဆး႐ုံႀကီးေတြမွာ COVID-19 ကာကြယ္ေရး ေဆးပစၥည္းေတြ လႉဒါန္းခဲ့ပါတယ္။ အဲဒီေနာက္ COVID-19 ကာလမွာ စားဝတ္ေနေရး ခက္ခဲမႈရွိေနတဲ့ လႈိင္သာယာ၊ ေ႐ႊျပည္သာ နဲ႔ ေတာင္ဒဂုံ က မိသားစုေတြ ဆီကိုလည္း စားနပ္ရိကၡာေတြ ကို ကိုယ္တိုင္ကိုယ္က် သြားေရာက္ လႉဒါန္းခဲ့ပါေသးတယ္။ ယုန္ေလးကေတာ့ လက္ရွိမွာ လူငယ္အႀကိဳက္ အမိုက္စား အက္ရွင္ဇာတ္ကားေတြကို ကိုယ္တိုင္ ဒါ႐ိုက္တာအျဖစ္ ႐ိုက္ကူးေနတာျဖစ္ပါတယ္။ သူဟာ Original Gangster 1 ႐ုပ္ရွင္ဇာတ္ကားႀကီးကို စတင္႐ိုက္ကူးခဲ့တာက စၿပီး ပရိသတ္ေတြနဲ႔ ထပ္တူက်ခဲ့လို႔ ေအာင္ျမင္မႈေနရာ တစ္ေနရာကို ရရွိလာခဲ့တာျဖစ္ပါတယ္။ ယုန္ေလးက အႏုပညာေလာကထဲကို အဆိုေတာ္ တစ္ေယာက္အေနနဲ႔ စတင္ဝင္ေရာက္လာခဲ့သူပါ။ လက္ရွိအခ်ိန္ထိလည္း ပရိသတ္အခိုင္အမာနဲ႔ ရပ္တည္ေနတဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္ပါတယ္။

Read in UNICODE

အဆိုတော် ရသအတွက် လစဉ်ထောင်ဝင်စာသွားတွေ့ဖို့အတွက် အဆိုတော် ယုန်လေးက တာဝန်ယူထားတယ်လို့ သိရပါတယ်။ ရသကို ထောင်ဝင်စာသွားတွေ့တဲ့ အခါမှာ လိုအပ်မယ့် ငွေကြေးတွေကိုလည်း အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ နာမည်ကျော် အဆိုတော်များစွာတို့ကလည်း ရသအတွက် ကူညီပေးလာကြတယ်ဆိုတာကို ယုန်လေးက အခုလို ပြောပြထားပါတယ်။ ” ကို စိုင်းစိုင်းခမ်းလှိုင် ငါကူတာ မပြောပါနဲ့ ကွာဆိုပြီး ၁၀ သိန်း ကူသွားပါတယ် ။ နောက်၂ ယောက် ငါတက်နိုင်သလောက်ကူတာ သူကြိုက်မှာ မဟုတ်ဘူး ထင်တယ် ဆိုပြီး Example ထွန်းထွန်း ၁သိန်း ၊ သက်အောင် ၅ သောင်း ကူသွားပါတယ် ။ သူရဲ့ အချစ်ဆုံး ညီမ တပည့်တွေလိုလည်း ပြောလို့ရပါတယ်။ အများကြီး ကူချင်တာပါ။ Covid မှာ အကုန် အဆင်ပြေသလိုဖြတ်သန်း နေရလိုပါဆိုပြီး စိတ်မကောင်းစွာနဲ့

Jenny ၂ သိန်း ၊ Ah Boy ၂ သိန်း၊ G Fatt ၃ သိန်း ကူသွားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် ။ လို့ရသက ပြောပေးပါလို့ ပြောပါတယ် ခင်ဗျာ” ဆိုပြီးတော့ ဇူလိုင်(၂၆) ရက်နေ့ နေ့လယ်(၁၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဆိုတော် ရသအတွက် ထောက်ပံ့ငွေ ပေးအပ်ခဲ့တဲ့ နောက်ထပ် အဆိုတော်တွေကတော့ အဆိုတော် စန္ဒီမြင့်လွင် ၊ နေဝင်း(Snare) ၊ ဖြိုးလေး (Snare)၊ ရတနာ (No အဖွဲ့) တို့က ငွေကျပ် (၁)သိန်းစီ ပေးအပ်ခဲ့တယ်လို့ ယုန်လေးက ပြောပြထားပါသေးတယ်။ အဆိုတော် ကျော်ထွဋ်ဆွေ၊ လင်းပင်ဟိန်းနဲ့ ဂျောက်ဂျက် တို့ကလည်း ရသအတွက် လိုအပ်တဲ့အချိန်တိုင်း အကူအညီတွေ ပေးခဲ့ကြတယ်လို့လည်း ဆက်လက် ရေးသားထားပါတယ်။ မူးယစ်ဆေးဝါးအမှု နဲ့

အဖမ်းခံရထားရတဲ့ အဆိုတော်ရသ(ခ)ရဲမင်းသိန်းအပါအဝင် ၃ ယောက်ကို မန္တလေးခရိုင်တရားရုံးက ထောင်ဒဏ် ၁၁ နှစ်စီကျခံဖို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့က အမိန့်ချလိုက်တာဖြစ်ပါတယ်။ အဆိုတော်ရသ ဟာ မန္တလေးမြို့နယ်ရှိ အိုးဖိုထောင်မှာ ပြစ်ဒဏ်ကျခံနေရင်းကနေ ထောင်အပြောင်း အရွေ့ကြောင့် လက်ရှိ မြင်းခြံထောင်မှာ ပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။ ရသရဲ့ မိဘတွေကလည်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်တာကြောင့် ထောင်ဝင်စာသွားတွေ့ဖို့ အခက်အခဲ ရှိတဲ့အတွက် အဆိုတော်ယုန်လေးက ရသအတွက် လစဉ်ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ ယုန်လေးဟာ အလှူ အတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ အနုပညာရှင်တစ်ယောက်ပါ။ Covid ကာလအတွင်းမှာလည်း

ရန်ကုန်ဆေးရုံကြီးနဲ့ ဘိုကလေး ဆေးရုံကြီးတွေမှာ COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် COVID-19 ကာလမှာ စားဝတ်နေရေး ခက်ခဲမှုရှိနေတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ နဲ့ တောင်ဒဂုံ က မိသားစုတွေ ဆီကိုလည်း စားနပ်ရိက္ခာတွေ ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ပါသေးတယ်။ ယုန်လေးကတော့ လက်ရှိမှာ လူငယ်အကြိုက် အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးနေတာဖြစ်ပါတယ်။ သူဟာ Original Gangster 1 ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာက စပြီး ပရိသတ်တွေနဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုနေရာ တစ်နေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။ ယုန်လေးက အနုပညာလောကထဲကို အဆိုတော် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့သူပါ။ လက်ရှိအချိန်ထိလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *