ကြက်ဆီထမင်းတွေ ကိုယ်တိုင်ချက်ပြုတ်ပြီး လုံခြုံရေးဦးလေးတွေကို လိုက်ဝေပေးခဲ့ကြတဲ့ ရီရီပွင့်ဖြူနဲ့ မောင်တို့ စုံတွဲ






Read in UNICODE

မောင်နဲ့ ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ယောက်ကတော့ အေးအတူပူအမျှနဲ့ ချစ်လာကြတာ (၆)နှစ်တောင်ကျော်သွားပါပြီနော်။မောင်နဲ့ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ယောက်က အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာနေပေမယ့် သူတို့သရုပ်ဆောင်ထားကြတဲ့

ဗီဒီယိုဇာတ်ကားတွေကတော့ ယနေ့ထိတိုင် ပရိသတ်တွေကကြည့်ရှု့အားပေးနေကြတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူတို့နှစ်ယောက် ချစ်သူဖြစ်သွားတာကို အရမ်းသဘောတူပြီးချစ်နေကြတာဖြစ်ပါတယ်နော်။မောင်နဲ့ရီရီပွင့်ဖြူတို့က SEIN PHYO & YI ဆိုတဲ့ Page လေးကိုထောင်ပြီး

သူတို့နှစ်ယောက်ရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ blog လေးတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။နှစ်ယောက်လုံးက လူငယ်တွေပီပီ လွတ်လွတ်လပ်လပ်နေတတ်ကြပေမယ့် စိတ်ထားလေးတွေတော့ အင်မတန်ဖြူစင်ပါတယ်နော်။အခုဆိုရင်လည်း မောင်နဲ့ရီရီပွင့်ဖြူတို့က

ကြက်ဆီထမင်းကို ကိုယ်တိုင်ချက်ပြုတ်ပြီး အိမ်နီးနားချင်းတွေနဲ့ လုံခြုံရေးဦးလေးကြီးတွေကို ကိုယ်တိုင်လိုက်ဝေပေးနေတာဖြစ်ပါတယ်။မောင်တို့ချစ်သူနှစ်ယောက်ကတော့ တက်ညီလက်ညီနဲ့ချက်ပြီး လိုက်ဝေပေးနေကြကာ”တနင်္ဂနွေ အပျင်းပြေဆိုပြီး ကြက်ဆီထမင်းချက်လိုက်တာ…

ဆန်တစ်ပြည် နဲ့ ကြက်သား ၂ပိဿာ..အပျင်းပြေရုံတင်မဟုတ်ဘူး လျှာပါထွက်တယ်ဒါပေမဲ့ မိသားစုတွေစားရ..နီးစပ်ရာ မိတ်ဆွေတွေလည်းရော လိုက်ပို့..တိုက်က ဦးလေးကြီးတွေပါ တဝတလင်စားရလို့ပျော်ပါတယ်..ခုတော့ ခါးနာ ခြေထောက်ကိုက်လို့ ဆေးလိမ်းနေရပါပြီ”ဆိုပြီး ပုံရိပ်လေးတွေကို သူတို့ရဲ့Page ကနေမျှဝေလာတာဖြစ်ပါတယ်နော်။

Source : Sein Phyi & Yi’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *