ခါးနာတာ အ႐ိုးအေၾကာေၾကာင့္လား ေက်ာက္ကပ္ေၾကာင့္လား အလြယ္တကူခြဲျခားနည္းခါးနာတာ အ႐ိုးအေၾကာေၾကာင့္လား ေက်ာက္ကပ္ေၾကာင့္လား အလြယ္တကူခြဲျခားနည္း

ခါးနာတယ္လို႔ ေယဘုယ်ေျပာတဲ့အခါ ဘယ္ကနာလဲဆိုတာ စတင္ဆန္းစစ္ဖို႔ လိုလာပါတယ္။ လူနာတစ္ေယာက္ ခါးတစ္ဝိုိက္မွာ လက္ကေလး တင္ထားသလို ပူပူႀကီး နာေနပါသတဲ့။ ဓာတ္မွန္ ႐ိုက္ၾကည့္လိုက္ေတာ့ ေက်ာက္ကပ္ထဲမွာ ေက်ာက္မႈန္ေလးေတြ ရွိေနပါတယ္။ ေရမ်ားမ်ား ေသာက္ခိုင္းလိုက္ၿပီး ေနာက္လက် ျပန္႐ိုက္ဖို႔ ခ်ိန္းလိုက္ပါတယ္။ကိုယ္က ခါးေထာက္လိုက္တဲ့အခါ လက္ကေလးတင္ထားတဲ့ေနရာကို ေက်ာက္ကပ္ေနရာ ေခၚပါတယ္။ေက်ာက္ကပ္က

နာရင္ ဆီးပူ ဆီးက်ဥ္ ဆီးေအာင့္ တာေတြ ရွိမယ္၊ ရွိခဲ့ဖူးမယ္။နာတာက ပူၿပီးနာမယ္ အရမ္းနာၿပီး ခ်က္ခ်င္း ျပန္သက္သာသြားတာမ်ိဳးလည္း ရွိတတ္မယ္။ နာတာက ေပါင္တြင္းေၾကာေတြကေန အမ်ိဳးသားဆိုရင္ အမ်ိဳးသားအဂၤါထိပါ နာလာတတ္မယ္။ဆီးမေကာင္းဘူး၊ အေရာင္္ ရင့္ရင့္ ေနာက္က်ိေနမယ္။ ကိုိယ္ကိုယ္တိုင္လည္း ေရေသာက္ နည္းမယ္ဆိုရင္ ဆီးေက်ာက္တည္တာ ျဖစ္ႏိုင္ပါတယ္။ေက်ာက္ကပ္မွာ အရည္က်ိတ္ေလးေတြ

တည္တာ၊ အက်ိတ္ျဖစ္တာ၊ ေသြးတိုးလို႔ ေက်ာက္ကပ္ေရာင္တာေတြဆိုရင္ ေျခေတြ၊ မ်က္ႏွာေတြပါ အမ္းၿပီး ခါးနာလာတာမ်ိဳးဆိုရင္ ေက်ာက္ကပ္က်န္းမာေရးကို စိတ္ပူရတာမို႔ အျမန္ဆံုးျပသ စစ္ေဆးသင့္ပါတယ္။ အ႐ိုးက နာတာလား? အေၾကာညႇပ္တာလား?စဥ္းစားရ ခက္သူေတြအတြက္ပါ၊ ဒါဆိုိရင္ နာတဲ့ေနရာက ေနာက္ေက်ာနဲ႔ ခါးေအာက္ပိုင္း ျဖစ္တတ္ပါမယ္။ျမန္မာေတြရဲ႕ ခါးအေခၚအေဝၚက ဘယ္အပိုင္းကိုေျပာမွန္း မသဲကြဲတတ္လိုိ႔ ဆရာဝန္က အေသအခ်ာ ေမးျမန္းရေလ့ ရွိပါတယ္။ ခါးေအာက္ပိုင္း နာက်င္တာ၊

ေနာက္ေက်ာေအာင့္တာေတြကအေတာ္မ်ားမ်ားမွာ အ႐ိုးအေၾကာနဲ႔လည္း ဆိုိင္ႏိုင္ပါတယ္။ အ႐ိုးအေၾကာေၾကာင့္ နာတဲ့အခါ ေလးေလးႀကီး ခဲဆြဲထားသလို နာမယ္၊ အထိုင္အထ အလွည့္အေကြးမွာ ပိုနာမယ္။ နာတဲ့ေနရာကို ဖိၾကည့္ရင္ အထိမခံဘဲ ေအာင့္မယ္၊ က်ဥ္မယ္။ ဓာတ္လိုက္သလို စူးခနဲ စူးခနဲ ျဖစ္မယ္။ အ႐ိုးပြတာ (အဘိုးအဘြားေတြ၊ ေသြးဆံုးၿပီး အမ်ိဳးသမီးေတြ) ခါး႐ိုးဆစ္ကြၽံတာ ( အေလးအပင္မၿပီး) ႂကြက္သားေတြ ဒဏ္ျဖစ္တာ( အားကစားသမားေတြ) အရြတ္ေရာင္တာ ကိုယ္ဝန္သည္ေတြ လရင့္လာတဲ့အခါ အရြတ္ေတြ

တင္းလာလို႔ အဆုတ္ကင္ဆာျဖစ္ၿပီးေနာက္ေက်ာ႐ိုးကိုပ်ံ႕သြားတာ အ႐ိုးတီဘီေရာဂါဒါေတြ ျဖစ္ႏိုင္ပါတယ္။(ေခ်ာင္းဆိုးမယ္၊ ေက်ာ/ရင္ ေအာင့္မယ္၊ အစား ပ်က္မယ္၊ ပိန္မယ္၊ ေနာက္ေက်ာေတြ ခါးေတြ နာမယ္ဆိုရင္ ရင္ဘတ္ဓာတ္မွန္႐ိုက္ၿပီး စစ္ေဆးဖို႔ လိုေလ့ရွိပါတယ္။) ဒါ့အျပင္္ေ သြးေၾကာမႀကီး ေဖာင္းတာ ၊အစာအိမ္ေလနာ ၊မုန္ခ်ိဳအိတ္ (ပန္ကရိယ) ေရာင္တာေတြမွာလည္း ေနာက္ေက်ာ ေအာင့္လာတတ္ပါတယ္။ အထက္ပါ ေဖာ္ျပခ်က္ေလးေတြ ဖတ္ၿပီးရင္ေတာ့ေက်ာေအာင့္တာလား? ခါးနာတာလား? ေက်ာက္ကပ္လား? ဆီးလား? နည္းနည္းစဥ္းစားဖို႔ အိုင္ဒီယာ ရေလာက္ၿပီမို႔ ဗဟုသုတ ပိုမိုျပည့္ဝလာဖို႔ ေမွ်ာ္လင့္မိပါတယ္။

Read in UNICODE

ခါးနာတယ်လို့ ယေဘုယျပြောတဲ့အခါ ဘယ်ကနာလဲဆိုတာ စတင်ဆန်းစစ်ဖို့ လိုလာပါတယ်။ လူနာတစ်ယောက် ခါးတစ်ဝိုက်မှာ လက်ကလေး တင်ထားသလို ပူပူကြီး နာနေပါသတဲ့။ ဓာတ်မှန် ရိုက်ကြည့်လိုက်တော့ ကျောက်ကပ်ထဲမှာ ကျောက်မှုန်လေးတွေ ရှိနေပါတယ်။ ရေများများ သောက်ခိုင်းလိုက်ပြီး နောက်လကျ ပြန်ရိုက်ဖို့ ချိန်းလိုက်ပါတယ်။ကိုယ်က ခါးထောက်လိုက်တဲ့အခါ လက်ကလေးတင်ထားတဲ့နေရာကို ကျောက်ကပ်နေရာ ခေါ်ပါတယ်။ကျောက်ကပ်က

နာရင် ဆီးပူ ဆီးကျဉ် ဆီးအောင့် တာတွေ ရှိမယ်၊ ရှိခဲ့ဖူးမယ်။နာတာက ပူပြီးနာမယ် အရမ်းနာပြီး ချက်ချင်း ပြန်သက်သာသွားတာမျိုးလည်း ရှိတတ်မယ်။ နာတာက ပေါင်တွင်းကြောတွေကနေ အမျိုးသားဆိုရင် အမျိုးသားအင်္ဂါထိပါ နာလာတတ်မယ်။ဆီးမကောင်းဘူး၊ အရောင် ရင့်ရင့် နောက်ကျိနေမယ်။ ကိုယ်ကိုယ်တိုင်လည်း ရေသောက် နည်းမယ်ဆိုရင် ဆီးကျောက်တည်တာ ဖြစ်နိုင်ပါတယ်။ကျောက်ကပ်မှာ အရည်ကျိတ်လေးတွေ

တည်တာ၊ အကျိတ်ဖြစ်တာ၊ သွေးတိုးလို့ ကျောက်ကပ်ရောင်တာတွေဆိုရင် ခြေတွေ၊ မျက်နှာတွေပါ အမ်းပြီး ခါးနာလာတာမျိုးဆိုရင် ကျောက်ကပ်ကျန်းမာရေးကို စိတ်ပူရတာမို့ အမြန်ဆုံးပြသ စစ်ဆေးသင့်ပါတယ်။ အရိုးက နာတာလား? အကြောညှပ်တာလား?စဉ်းစားရ ခက်သူတွေအတွက်ပါ၊ ဒါဆိုရင် နာတဲ့နေရာက နောက်ကျောနဲ့ ခါးအောက်ပိုင်း ဖြစ်တတ်ပါမယ်။မြန်မာတွေရဲ့ ခါးအခေါ်အဝေါ်က ဘယ်အပိုင်းကိုပြောမှန်း မသဲကွဲတတ်လို့ ဆရာဝန်က အသေအချာ မေးမြန်းရလေ့ ရှိပါတယ်။ ခါးအောက်ပိုင်း နာကျင်တာ၊

နောက်ကျောအောင့်တာတွေကအတော်များများမှာ အရိုးအကြောနဲ့လည်း ဆိုင်နိုင်ပါတယ်။ အရိုးအကြောကြောင့် နာတဲ့အခါ လေးလေးကြီး ခဲဆွဲထားသလို နာမယ်၊ အထိုင်အထ အလှည့်အကွေးမှာ ပိုနာမယ်။ နာတဲ့နေရာကို ဖိကြည့်ရင် အထိမခံဘဲ အောင့်မယ်၊ ကျဉ်မယ်။ ဓာတ်လိုက်သလို စူးခနဲ စူးခနဲ ဖြစ်မယ်။ အရိုးပွတာ (အဘိုးအဘွားတွေ၊ သွေးဆုံးပြီး အမျိုးသမီးတွေ) ခါးရိုးဆစ်ကျွံတာ ( အလေးအပင်မပြီး) ကြွက်သားတွေ ဒဏ်ဖြစ်တာ( အားကစားသမားတွေ) အရွတ်ရောင်တာ ကိုယ်ဝန်သည်တွေ လရင့်လာတဲ့အခါ အရွတ်တွေ

တင်းလာလို့ အဆုတ်ကင်ဆာဖြစ်ပြီးနောက်ကျောရိုးကိုပျံ့သွားတာ အရိုးတီဘီရောဂါဒါတွေ ဖြစ်နိုင်ပါတယ်။(ချောင်းဆိုးမယ်၊ ကျော/ရင် အောင့်မယ်၊ အစား ပျက်မယ်၊ ပိန်မယ်၊ နောက်ကျောတွေ ခါးတွေ နာမယ်ဆိုရင် ရင်ဘတ်ဓာတ်မှန်ရိုက်ပြီး စစ်ဆေးဖို့ လိုလေ့ရှိပါတယ်။) ဒါ့အပြင်ေ သွးကြောမကြီး ဖောင်းတာ ၊အစာအိမ်လေနာ ၊မုန်ချိုအိတ် (ပန်ကရိယ) ရောင်တာတွေမှာလည်း နောက်ကျော အောင့်လာတတ်ပါတယ်။ အထက်ပါ ဖော်ပြချက်လေးတွေ ဖတ်ပြီးရင်တော့ကျောအောင့်တာလား? ခါးနာတာလား? ကျောက်ကပ်လား? ဆီးလား? နည်းနည်းစဉ်းစားဖို့ အိုင်ဒီယာ ရလောက်ပြီမို့ ဗဟုသုတ ပိုမိုပြည့်ဝလာဖို့ မျှော်လင့်မိပါတယ်။

Source : ဂ်ီပီငွက္ (ေဆး/မန္း) Dr.Myanmar

Add a Comment

Your email address will not be published. Required fields are marked *