အလုပ္ေတြနားေနတာ(၃)ႏွစ္ရွိၿပီျဖစ္တဲ့ ဦးခ်စ္စရာနဲ႔အတူ ေၾကာ္ျငာ႐ိုက္ခဲ့ၿပီး ဆန္နဲ႔ဆီအျပင္ ေငြးေၾကးအခ်ိဳ႕နဲ႔ ကန္ေတာ့ခဲ့တဲ့ ျဖဴျဖဴေထြး

ျဖဴျဖဴေထြး ကေတာ့ ဟာသေလးေတြနဲ႔ လူသိမ်ားလာကာ ေနာက္ပိုင္းမွာေတာ့ ျဖဴစင္တဲ့စိတ္ထားေလးေတြနဲ႔ ႀကိဳးစားအားထုတ္မႈေတြေၾကာင့္ အႏုပညာေလာကမွာ အခ်ိန္အတိုတြင္း ပရိသတ္ေတြရဲ႕အားေပးမႈေတြရရွိၿပီး ေနရာတစ္ေနရာကို အခိုင္အမာရပ္တည္ထားႏိုင္ခဲ့ပါၿပီေနာ္။ ျဖဴျဖဴေထြး ဟာ အသက္ငယ္႐ြယ္ေပမယ့္လည္း စိတ္သေဘာျပည့္ဝကာ အႏုပညာမွရရွိတဲ့ ေငြေၾကးတခ်ိဳ႕ကိုလည္း

လိုအပ္တဲ့သူေတြအတြက္ အၿမဲဆိုသလိုလႉဒါန္းမႈေတြျပလုပ္တာကိုေတြ႕ရပါတယ္။ လက္ရွိမွာေတာ့ ျဖဴျဖဴေထြးက ေၾကာ္ျငာေတြအျပင္ ႐ုပ္ရွင္ဇာတ္ကားေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္လာေနတာကိုေတြ႕ရပါတယ္။ ဒါ့အျပင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတက္ၿပီး မိဘေပၚမွာလည္း

သိတက္လိမၼာတဲ့ သမီးေလးျဖစ္တာေၾကာင့္ ပရိသတ္ေတြအျပင္ အႏုပညာရွင္ေမာင္ႏွမေတြကပါ ေလးစားခ်စ္ခင္ေနရတဲ့သူေလးပဲျဖစ္ပါတယ္။ ျဖဴျဖဴေထြး ဟာဆိုရင္လတ္တေလာမွာေတာ့ ေၾကာ္ျငာေတြဆက္တိုက္႐ိုက္ကူးေနရၿပီး သူမရဲ႕ ေၾကာ္ျငာေတြမွာ ပါဝင္သ႐ုပ္ေဆာင္တဲ့

ဝါရင့္အႏုပညာရွင္ေတြကိုလည္း အေျခခံစားေသာက္ကုန္နဲ႔ အတူ အႏုပညာေၾကးကို တစ္ပါးတည္း ကုသိုလ္ျဖစ္ ကန္ေတာ့တကိုလည္း ေတြ႕ရပါတယ္။ ယခုတစ္ခါမွာလည္း ျဖဴျဖဴေထြးကေတာ့ ဝါရင့္ ဟာသ သ႐ုပ္ေဆာင္နဲ႔ လူၾကမ္းသ႐ုပ္ေဆာင္ေတြကို သူမရဲ႕ ေၾကာ္ျငာမွာ ေခၚ႐ိုက္ၿပီး စားေသာက္ကုန္ေတြနဲ႔ အႏုပညာေၾကးကိုပါ

ကန္ေတာ့ခဲ့ပါတယ္။ ဒီပုံေလးေတြနဲ႔လည္း ျဖဴျဖဴေထြးက ” အႏုပညာအလုပ္ (၃) ႏွစ္နားေနတဲ့ ဦးခ်စ္စရာ ကို ေၾကာ္ျငာအတူ႐ိုက္ခြင့္ရလို႔ ပီတိျဖစ္မိတယ္ ” ဆိုၿပီး ေရးသားေဖာ္ျပထားပါတယ္။ ကဲ…ခ်စ္ပရိသတ္ႀကီးေရ ယခုမွာေတာ့ ၾကည္ႏူးပီတိျဖစ္စရာ ေကာင္းေလာက္တဲ့ ျဖဴျဖဴ ေထြး ရဲ႕ ဝါရင့္သ႐ုပ္ေဆာင္ေတြကို ကန္ေတာ့ခဲ့တဲ့ ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Read in UNICODE

ဖြူဖြူထွေး ကတော့ ဟာသလေးတွေနဲ့ လူသိများလာကာ နောက်ပိုင်းမှာတော့ ဖြူစင်တဲ့စိတ်ထားလေးတွေနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အနုပညာလောကမှာ အချိန်အတိုတွင်း ပရိသတ်တွေရဲ့အားပေးမှုတွေရရှိပြီး နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့ပါပြီနော်။ ဖြူဖြူထွေး ဟာ အသက်ငယ်ရွယ်ပေမယ့်လည်း စိတ်သဘောပြည့်ဝကာ အနုပညာမှရရှိတဲ့ ငွေကြေးတချို့ကိုလည်း

လိုအပ်တဲ့သူတွေအတွက် အမြဲဆိုသလိုလှူဒါန်းမှုတွေပြလုပ်တာကိုတွေ့ရပါတယ်။ လက်ရှိမှာတော့ ဖြူဖြူထွေးက ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာနေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ပျော်ပျော်ရွှင်ရွှင်နေတက်ပြီး မိဘပေါ်မှာလည်း

သိတက်လိမ္မာတဲ့ သမီးလေးဖြစ်တာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေကပါ လေးစားချစ်ခင်နေရတဲ့သူလေးပဲဖြစ်ပါတယ်။ ဖြူဖြူထွေး ဟာဆိုရင်လတ်တလောမှာတော့ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရပြီး သူမရဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်တဲ့

ဝါရင့်အနုပညာရှင်တွေကိုလည်း အခြေခံစားသောက်ကုန်နဲ့ အတူ အနုပညာကြေးကို တစ်ပါးတည်း ကုသိုလ်ဖြစ် ကန်တော့တကိုလည်း တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း ဖြူဖြူထွေးကတော့ ဝါရင့် ဟာသ သရုပ်ဆောင်နဲ့ လူကြမ်းသရုပ်ဆောင်တွေကို သူမရဲ့ ကြော်ငြာမှာ ခေါ်ရိုက်ပြီး စားသောက်ကုန်တွေနဲ့ အနုပညာကြေးကိုပါ

ကန်တော့ခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဖြူဖြူထွေးက ” အနုပညာအလုပ် (၃) နှစ်နားနေတဲ့ ဦးချစ်စရာ ကို ကြော်ငြာအတူရိုက်ခွင့်ရလို့ ပီတိဖြစ်မိတယ် ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ကြည်နူးပီတိဖြစ်စရာ ကောင်းလောက်တဲ့ ဖြူဖြူ ထွေး ရဲ့ ဝါရင့်သရုပ်ဆောင်တွေကို ကန်တော့ခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source : Phyu Phyu Htwe’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *