ေခ်ာေမာခန္႔ညားျပီး ေယာက်ာ္းပီသတဲ့ မ်က္ႏွာေလးေၾကာင့္ ေကာင္မေလးေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိထားတဲ့ ေက်ာ္ထက္ေဇာ္
|မင္းသားေခ်ာေလး ေက်ာ္ထက္ေဇာ္ကေတာ့ အႏုပညာေလာကထဲကို ဝင္ေရာက္လာတာမၾကာေသးေပမယ့္ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အခိုင္အမာရရွိထားတဲ့ သူပါ။ ေက်ာ္ထက္ေဇာ္က သူရဲ႕ လက္ဦးဆရာျဖစ္တဲ့ အကယ္ဒမီမ်ားရွင္ မို႔မို႔ျမင့္ေအာင္ရဲ႕ သင္ၾကားမႈေအာက္မွာ

ပညာအေမြမ်ားကို အျပည့္အဝရရွိခဲ့ၿပီး သူကိုယ္တိုင္ကလည္း အရည္အခ်င္းရွိသူျဖစ္လို႔ ပရိသတ္ရင္ထဲ အခ်ိန္ခဏေလးမွာ ေနရာတစ္ခု စိုက္ထူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ေက်ာ္ထက္ေဇာ္က Forever Groupက ႐ိုက္ကူးထုတ္လႊင့္တဲ့ ဇာတ္လမ္းတြဲေတြထဲမွာ

စတင္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ၿပီး မၾကာေသးမီက ဇာတ္သိမ္းသြားခဲ့တဲ့ အခ်စ္ဖြဲ႕ေလညင္း ဇာတ္လမ္းတြဲေလးမွာလည္း ႏွစ္ကိုယ္ခြဲကာ႐ိုက္တာေလးနဲ႔ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ဇာတ္သိမ္းသြားခဲ့ေပမယ့္ ပရိသတ္ေတြၾကား ယေန႔တိုင္ ဆရာနီဆိုတဲ့ နာမည္ေလးက စြဲက်န္ေနဆဲျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ပီျပင္တဲ့အျပင္

႐ုပ္ရည္ကလည္း ေခ်ာေမာလြန္းတာေၾကာင့္ ပရိသတ္ေတြက အခ်စ္ပိုေနၾကတာပဲ ျဖစ္ပါတယ္။ေက်ာ္ထက္ေဇာ္က ခန္႔ညားေခ်ာေမာတဲ့ မ်က္ႏွာေလးအျပင္ ေယာက်ာ္းပီသလြန္းတာေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အားေပးဝန္းရံျခင္းကိုလည္း တခဲနက္ရရွိထားသူပါ။ အလွပုံရိပ္ေလးေတြကို

မၾကာခဏဆိုသလို သူရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာထက္မွာ ေဖာ္ျပေပးေလ့ရွိတဲ့ ေက်ာ္ထက္ေဇာ္က ယေန႔မွာလည္း ပိုစ့္တစ္ခုတင္ေပးလါခဲ့ပါတယ္။ ပုံေလးေတြတိုင္းမွာ အၿပဳံးေလးေတြက အသက္ဝင္ေနလြန္းၿပီး ၾကည့္မိသူတိုင္း အခ်စ္ပိုမိေစမွာ အေသအခ်ာပဲမို႔ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္….။
Read in UNICODE
မင်းသားချောလေး ကျော်ထက်ဇော်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ သူပါ။ ကျော်ထက်ဇော်က သူရဲ့ လက်ဦးဆရာဖြစ်တဲ့ အကယ်ဒမီများရှင် မို့မို့မြင့်အောင်ရဲ့ သင်ကြားမှုအောက်မှာ

ပညာအမွေများကို အပြည့်အဝရရှိခဲ့ပြီး သူကိုယ်တိုင်ကလည်း အရည်အချင်းရှိသူဖြစ်လို့ ပရိသတ်ရင်ထဲ အချိန်ခဏလေးမှာ နေရာတစ်ခု စိုက်ထူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ကျော်ထက်ဇော်က Forever Groupက ရိုက်ကူးထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေထဲမှာ

စတင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး မကြာသေးမီက ဇာတ်သိမ်းသွားခဲ့တဲ့ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲလေးမှာလည်း နှစ်ကိုယ်ခွဲကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဇာတ်သိမ်းသွားခဲ့ပေမယ့် ပရိသတ်တွေကြား ယနေ့တိုင် ဆရာနီဆိုတဲ့ နာမည်လေးက စွဲကျန်နေဆဲဖြစ်ပါတယ်။ သရုပ်ဆောင်ပီပြင်တဲ့အပြင်

ရုပ်ရည်ကလည်း ချောမောလွန်းတာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။ကျော်ထက်ဇော်က ခန့်ညားချောမောတဲ့ မျက်နှာလေးအပြင် ယောကျာ်းပီသလွန်းတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံခြင်းကိုလည်း တခဲနက်ရရှိထားသူပါ။ အလှပုံရိပ်လေးတွေကို

မကြာခဏဆိုသလို သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ဖော်ပြပေးလေ့ရှိတဲ့ ကျော်ထက်ဇော်က ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလါခဲ့ပါတယ်။ ပုံလေးတွေတိုင်းမှာ အပြုံးလေးတွေက အသက်ဝင်နေလွန်းပြီး ကြည့်မိသူတိုင်း အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်….။
Source : Kyaw Htet Zaw’s Facebook | Reference & Credit : Myanmarload