မိခင်ဖြစ်သူရဲ့ မွေးနေ့မှာ နောက်ဆုံးပေါ် ဈေးကြီးပေးရတဲ့ အိုင်ဖုန်းတစ်လုံး လက်ဆောင်ဝယ်ပေးခဲ့တဲ့ စန္ဒီမြင့်လွင်






Read in UNICODE

အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အောင်မြင်မှုတွေကိုသိမ်းပိုက်ရရှိထားတဲ့ စန္ဒီမြင့်လွင်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။ သီချင်းအသစ်တွေဖန်တီးနေသလို ကြော်ငြာတွေလည်း

ရိုက်ကူးနေရတဲ့ စန္ဒီမြင့်လွင်က ပရိသတ်တွေနဲ့ ရင်းနှီးမှုရရှိနေဆဲ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ စန္ဒီမြင့်လွင်က ချစ်စရာကောင်းတဲ့သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ကလေးမေမေပဲ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်အနေနဲ့ သူမနဲ့ရုပ်ချင်းတစ်ထေရာတည်းတူတဲ့

သမီးချောလေးကို ရရှိထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်ကတော့ သူမရဲ့မိခင်အပေါ်မှာလည်း လေးစားသိတတ်ပြီး လိမ္မာရေးခြားရှိတဲ့ သမီးတစ်ယောက်လည်း ဖြစ်ပါတယ် ။ အခုလည်း စန္ဒီမြင့်လွင်က မိခင်ဖြစ်

သူရဲ့မွေးနေ့မှာ မြန်မာငွေဆယ်သိန်းကျော် တန်ကြေးရှိတဲ့ နောက်ဆုံးပေါ် iPhone 11 တစ်လုံးကို လက်ဆောင်ဝယ်ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် စန္ဒီမြင့်လွင်ရဲ့မိခင်က “သားနဲ့သမီး မွေးနေ့လက်ဆောင်အတွက် ကျေးဇူးပါ”ဆိုပြီး စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကို

စကားဆိုထားတာ ဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံရဲ့မွေးနေ့လက်ဆောင်ကိုတော့ Treasure လေးကိုယ်တိုင် ဘွားဘွားဖြစ်သူကိုပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် Treasure လေးတို့မြေးအဘွားရဲ့ပုံရိပ်တွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Thidar Khin’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *