အႏုပညာကို ႐ူးသြပ္လြန္းလို႔ အလုပ္ေတြရင္း ငတ္ေနတာရင္ေတာင္ သိပ္သေဘာက်တာဆိုတဲ့ လူရႊင္ေတာ္ ေမ်ာက္ရွံုး

အႏုပညာကို ႐ူးသြပ္လြန္းတဲ့ လူ႐ႊင္ေတာ္ သ႐ုပ္ေဆာင္ ‌ေမ်ာက္ရႈံးကေတာ့ ပြဲေတြ နားထားရတာေတာင္ ပရိသတ္ေတြအတြက္ သူတတ္ကြၽမ္းတဲ့ အႏုပညာအလုပ္နဲ႔ ေဖ်ာ္ေျဖေနသူ ျဖစ္ပါတယ္။ ကိုဗစ္ကာလအတြင္းမွာ အျခားစီးပြားေရးကို မလုပ္တတ္ေပမယ့္ သူတတ္ကြၽမ္းတဲ့အႏုပညာနဲ႔ 5 stars entertainment Page ကေန ဟာသဗီဒီယိုေလးေတြ တင္ေပးျဖစ္ေနတယ္လို႔ ဆိုပါတယ္။ “ဒီကာလမွာကေတာ့ ဘာအလုပ္မွလည္းမရွိဘူး။ဒါေပမယ့္ အႏုပညာသမားဆိုတာ တစ္ခုခု လုပ္ေနရမွ အဆင္ေျပမွာဆိုေတာ့

မရွိတာရွိတာ အသာထား အႏုပညာတစ္ခုခု လုပ္ေနရင္းနဲ႔ငတ္ေနတာကို သိပ္သေဘာက်တာ။ အြန္လိုင္းမွာ 5 stars entertainment ဆိုၿပီး ေပ့ခ်္လည္းဖြင့္ထားတယ္ အဲ့မွာ ပရိသတ္ေတြကို ေပ်ာ္႐ႊင္ေအာင္ဟာသေလးေတြ တင္ဆက္ေပးတယ္။တစ္ခါတစ္ခါ အိတ္စိုက္ရတာ ရွိေပမယ့္ စပြန္ဆာေတြကလည္း ေထာက္ပံ့ေပးပါတယ္”လို႔ သူက ေျပာပါတယ္။ ကိုဗစ္ကာလအတြင္းမွာ အျခားေသာ အႏုပညာရွင္ေတြက မိသားစု စားဝတ္ေနေရးအတြက္ ေစ်းေရာင္းတာေတြလည္း ရွိလို႔ေနေပမယ့္လည္း သူကေတာ့

ဘာမွမလုပ္တတ္တာေၾကာင့္ ေစ်းေတာ့ မေရာင္းျဖစ္ဘူးလို႔ ေျပာပါတယ္။ ဒီကာလအတြင္းမွာ ေစ်းေရာင္းေနရတဲ့အႏုပညာရွင္ေတြအေနနဲ႔ကလည္း မျဖစ္သာလို႔ ေစ်းေရာင္းေနၾကတာျဖစ္ၿပီး ဘယ္အႏုပညာရွင္ကမွ ေစ်းေရာင္းခ်င္တဲ့သူမရွိဘူးလို႔ သူက ဆိုပါတယ္။ “သူတို႔က လုပ္ႏိုင္တယ္ ကြၽန္ေတာ္တို႔က မလုပ္တတ္တာ မေရာင္းတတ္ဘူး စားတတ္တယ္။ တစ္သတ္လုံးေရာင္းပါဆို မေရာင္းဘူး။ အခိုက္အတန႔္ေလးမို႔ ရွိတဲ့အတတ္ပညာ ေလးနဲ႔ မျဖစ္ႏိုင္လို႔သာ လုပ္ေနရတာ ဘယ္အႏုပညာရွင္သမားမွ ေစ်းမေရာင္းခ်င္ဘူး။ဒါကြၽန္ေတာ္႐ိုး သားစြာေျပာတာ အႏုပညာသမားဆိုကလည္းက ဆိုမလား ကမလား တီးမလား ဒါေတြပဲ လုပ္ခ်င္တာ

အခုလိုအေျခအေနမ်ိဳးမွာ မိသားစု စားဝတ္ေနေရး ထိန္းတဲ့အေနနနဲ႔လုပ္တာ ေရရွည္ဆို ဘယ္သူမွ မလုပ္ဘူးကြၽန္ေတာ္တို႔လည္း အေထာက္အပံ့ေလးနဲ႔ သြားေနရလို႔ ကြၽန္ေတာ္ဆို ဆိုက္ကားနင္းသင့္ နင္းရမွာဘဲ “ လို႔ သူကဆိုပါတယ္။ေမ်ာက္ရႈံးကိုေတာ့ 5 Stars လူ႐ႊင္ေတာ္အဖြဲ႕ဝင္တစ္ေယာက္အျဖစ္ ပရိသတ္ေတြစတင္အားေပးခဲ့တာျဖစ္ၿပီး 5 stars အဖြဲ႕ဟာ အရမ္းကို ေအာင္ျမင္ခဲ့တဲ့အဖြဲ႕တစ္ဖြဲ႕လည္း ျဖစ္ပါတယ္။ ယခုလက္ရွိ မိုးရာသီအခ်ိန္မွာ ပြဲေတြမရွိေတာ့ေပမယ့္လည္း ပရိသတ္ေတြအတြက္ 5 stars Entertainment Page ကေန ဗီဒီယိုေတြ တင္ေပးၿပီး သူတို႔ရဲ႕ ပရိသတ္ေတြကို ေပ်ာ္ေအာင္ တင္ဆက္ျပသေနတာလည္း ေတြ႕ရပါတယ္။ ေမ်ာက္ရႈံးဟာ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္သာမက ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယိုဇာတ္ကားေတြမွာလည္း ဇာတ္ပို႔တစ္ဦးအေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ေနရပါၿပီ။

Read in UNICODE

အနုပညာကို ရူးသွပ်လွန်းတဲ့ လူရွှင်တော် သရုပ်ဆောင် ‌မျောက်ရှုံးကတော့ ပွဲတွေ နားထားရတာတောင် ပရိသတ်တွေအတွက် သူတတ်ကျွမ်းတဲ့ အနုပညာအလုပ်နဲ့ ဖျော်ဖြေနေသူ ဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်းမှာ အခြားစီးပွားရေးကို မလုပ်တတ်ပေမယ့် သူတတ်ကျွမ်းတဲ့အနုပညာနဲ့ 5 stars entertainment Page ကနေ ဟာသဗီဒီယိုလေးတွေ တင်ပေးဖြစ်နေတယ်လို့ ဆိုပါတယ်။ “ဒီကာလမှာကတော့ ဘာအလုပ်မှလည်းမရှိဘူး။ဒါပေမယ့် အနုပညာသမားဆိုတာ တစ်ခုခု လုပ်နေရမှ အဆင်ပြေမှာဆိုတော့

မရှိတာရှိတာ အသာထား အနုပညာတစ်ခုခု လုပ်နေရင်းနဲ့ငတ်နေတာကို သိပ်သဘောကျတာ။ အွန်လိုင်းမှာ 5 stars entertainment ဆိုပြီး ပေ့ချ်လည်းဖွင့်ထားတယ် အဲ့မှာ ပရိသတ်တွေကို ပျော်ရွှင်အောင်ဟာသလေးတွေ တင်ဆက်ပေးတယ်။တစ်ခါတစ်ခါ အိတ်စိုက်ရတာ ရှိပေမယ့် စပွန်ဆာတွေကလည်း ထောက်ပံ့ပေးပါတယ်”လို့ သူက ပြောပါတယ်။ ကိုဗစ်ကာလအတွင်းမှာ အခြားသော အနုပညာရှင်တွေက မိသားစု စားဝတ်နေရေးအတွက် ဈေးရောင်းတာတွေလည်း ရှိလို့နေပေမယ့်လည်း သူကတော့

ဘာမှမလုပ်တတ်တာကြောင့် ဈေးတော့ မရောင်းဖြစ်ဘူးလို့ ပြောပါတယ်။ ဒီကာလအတွင်းမှာ ဈေးရောင်းနေရတဲ့အနုပညာရှင်တွေအနေနဲ့ကလည်း မဖြစ်သာလို့ ဈေးရောင်းနေကြတာဖြစ်ပြီး ဘယ်အနုပညာရှင်ကမှ ဈေးရောင်းချင်တဲ့သူမရှိဘူးလို့ သူက ဆိုပါတယ်။ “သူတို့က လုပ်နိုင်တယ် ကျွန်တော်တို့က မလုပ်တတ်တာ မရောင်းတတ်ဘူး စားတတ်တယ်။ တစ်သတ်လုံးရောင်းပါဆို မရောင်းဘူး။ အခိုက်အတန့်လေးမို့ ရှိတဲ့အတတ်ပညာ လေးနဲ့ မဖြစ်နိုင်လို့သာ လုပ်နေရတာ ဘယ်အနုပညာရှင်သမားမှ ဈေးမရောင်းချင်ဘူး။ဒါကျွန်တော်ရိုး သားစွာပြောတာ အနုပညာသမားဆိုကလည်းက ဆိုမလား ကမလား တီးမလား ဒါတွေပဲ လုပ်ချင်တာ

အခုလိုအခြေအနေမျိုးမှာ မိသားစု စားဝတ်နေရေး ထိန်းတဲ့အနေနနဲ့လုပ်တာ ရေရှည်ဆို ဘယ်သူမှ မလုပ်ဘူးကျွန်တော်တို့လည်း အထောက်အပံ့လေးနဲ့ သွားနေရလို့ ကျွန်တော်ဆို ဆိုက်ကားနင်းသင့် နင်းရမှာဘဲ “ လို့ သူကဆိုပါတယ်။မျောက်ရှုံးကိုတော့ 5 Stars လူရွှင်တော်အဖွဲ့ဝင်တစ်ယောက်အဖြစ် ပရိသတ်တွေစတင်အားပေးခဲ့တာဖြစ်ပြီး 5 stars အဖွဲ့ဟာ အရမ်းကို အောင်မြင်ခဲ့တဲ့အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ ယခုလက်ရှိ မိုးရာသီအချိန်မှာ ပွဲတွေမရှိတော့ပေမယ့်လည်း ပရိသတ်တွေအတွက် 5 stars Entertainment Page ကနေ ဗီဒီယိုတွေ တင်ပေးပြီး သူတို့ရဲ့ ပရိသတ်တွေကို ပျော်အောင် တင်ဆက်ပြသနေတာလည်း တွေ့ရပါတယ်။ မျောက်ရှုံးဟာ လူရွှင်တော် တစ်ယောက်အဖြစ်သာမက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေမှာလည်း ဇာတ်ပို့တစ်ဦးအနေနဲ့ ပါဝင်သရုပ်ဆောင်နေရပါပြီ။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *