စိတ်ရှည်လက်ရှည်နဲ့ ဓာတ်ပုံရိုက်ပေးတဲ့ ချစ်ဇနီးလေး ရွှေမှုံကို အမွှန်းတင် ချီးကျူးခဲ့တဲ့ ရွှေထူး





Read in UNICODE

ရွှေထူးကတော့ သူ့ရဲ့ဘဝကြီးကို ချစ်ဇနီးလေး ရွှေမှုံရတီဆီမှာ ပုံအောပြီး အပ်နှင်းထားတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်သူတွေပီပီ အိမ်ထောင်သက်နှစ်နှစ်နီးပါးတိုင် ရင်သွေးမယူသေးပဲ အနုပညာအလုပ်တွေကို

ကိုယ်စီလုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ ရင်သွေးရတနာမရှိလည်း နှစ်ကိုယ်တူဘဝလေးမှာပဲ ပျော်ရွှင်ကြည်နူးလို့မဝသေးတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံက ဟဲဟိုးမြို့လေးဆီရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရွှေထူးက သူ့ကို စိတ်ရှည်လက်ရှည်နဲ့

ဓာတ်ပုံရိုက်ပေးတဲ့ ချစ်ဇနီးလေးရွှေမှုံရတီအကြောင်းကို “မိန်းကလေးတွေကို ဓာတ်ဖမ်းပေးတတ်တဲ့ Boy တွေတင်ချစ်ဖို့ကောင်းတာမဟုတ်ပါဘူး။ Boy တွေကို ဓာတ်ဖမ်းပေးတဲ့ မိန်းကလေးတွေလည်း သိပ်ချစ်ဖို့ကောင်းပါတယ် ❤❤❤ Love U ချစ်ဇနီး 😘 ” ဆိုပြီး အမွှန်းတင်ချီးကျူးထားတာပဲ ဖြစ်ပါတယ်။ ရွှေထူး ချီးကျူးမယ်ဆိုလည်း

ချီးကျူးရလောက်အောင် ရွှေမှုံလေးကတည်း ခင်ပွန်းကို စိတ်ရှည်လက်ရှည်နဲ့ အမိုက်စားဓာတ်ပုံလေးတွေရအောင် ဓာတ်ဖမ်းပေးနေတာပဲနော်။ ပရိသတ်ကြီးမှာရော ရွှေနှစ်ရွှေလို ကိုယ့်ကို စိတ်ရှည်ရှည်နဲ့ ဓာတ်ဖမ်းပေးတဲ့ ချစ်သူတစ်ယောက်ရှိနေပြီလား ပြောပြပေးခဲ့ပါဦး။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Htoo Khant’s Facebook

Add a Comment

Your email address will not be published. Required fields are marked *