ခိုနားရာကင္းမဲ့ေနတဲ့ စြန္႔ပစ္ခံ ကေလးငယ္ေတြ အတြက္ အရိပ္ေလးတစ္ခုရဖို႔ ႀကိဳးစားပမ္းစား ေဆာင္ရြက္ေနတဲ့ ခိုင္ႏွင္းေဝ

ခိုင္နွင္းေဝကေတာ့ သရုပ္ေဆာင္ေကာင္းျပီး အနုပညာေလာကမွာ ေတာက္ပရံုသာမကပဲ စိတ္ထားေကာင္းျပီး သူတစ္ပါးအေပၚ ကူညီခ်င္စိတ္အျပည့္ရိွတာေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မႈကို အခိုင္အမာရရိွထားတာ ျဖစ္ပါတယ္။ အဆင္းေရာ အခ်င္းပါျပည့္စံုတဲ့ ခိုင္နွင္းေဝကို ပရိသတ္ေတြက ပရဟိတမင္းသမီးေလးလို့ေတာင္ တင္စားျပီး ခ်စ္ခင္အားေပးၾကတာ

ျဖစ္ပါတယ္။ ခိုင္နွင္းေဝကလည္း ပရိသတ္ေတြအားေပးရက်ိဳးနပ္တဲ့ သူတစ္ေယာက္ျဖစ္ဖို့ အဘက္ဘက္ကေန ျပည့္စံုမႈရိွေအာင္ ၾကိဳးစားေနလ်က္ရိွပါတယ္။ ဒီကေန့မွာလည္း ခိုင္နွင္းေဝက ခိုကိုးရာမ့ဲကေလးမ်ားန႔ဲ စြန္႔ပစ္ခံ ကေလး‌ေတြအတြက္ အရိပ္ေလးတစ္ခုရဖို့ ၾကိဳးစားေဆာင္ရြက္ေနတဲ့အေၾကာင္းကို ေျပာျပလာပါတယ္။ “ကၽြန္မခိုကိုးရာမ့ဲကေလးမ်ားန႔ဲ စြန္႔ပစ္ခံ ကေလး‌ေတြအတြက္

အရိပ္ေလး တခု စတင္ေနပါၿပီရွင္ ကေလးေတြ အရိပ္တခုရဖို႔ ၊ လူျဖစ္ဖို႔ အတြက္ တစ္ေန႔ထက္ တစ္ေန႔ ပိုၿပီး ႀကိဳးစားေနပါတယ္ရွင္။ ကၽြန္မ သားသမီးေလးေတြအတြက္ ၇ရက္သားသမီးမ်ားရဲ့ ေမတၱာဓာတ္လဲအမ်ားႀကီးလိုအပ္တာေၾကာင့္ ကေလးေတြ ေနဖို့ အိမ္ေလး အျမန္ၿပီးေျမာက္ေအာင္ ဆုေတာင္းေပးဖို့ ဆႏၵျပဳလၽွက္” ဆိုျပီး သားသမီးေတြ ေကာင္းေကာင္းေနရဖို့အတြက္ ၾကိဳးစားေနေၾကာင္း ေျပာထားပါတယ္။ ခိုင္နွင္းေဝကေတာ့

သူမရဲ့ သားသမီးေတြအတြက္ လွပျပီး ေနြးေထြးမႈအျပည့္ရိွေစမယ့္ ေဂဟာအသစ္ေလးအတြက္ လံုးပန္းၾကိဳးစားေနတာပဲ ျဖစ္ပါတယ္။ ခိုင္နွင္းေဝလည္း သမီးေတြအတြက္ ၾကိဳးစားေနတဲ့အရာေလး တျဖည္းျဖည္းပံုေပၚလာမႈအေပၚ ေက်နပ္ဝမ္းသာေနမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ခိုင်နှင်းဝေကတော့ သရုပ်ဆောင်ကောင်းပြီး အနုပညာလောကမှာ တောက်ပရုံသာမကပဲ စိတ်ထားကောင်းပြီး သူတစ်ပါးအပေါ် ကူညီချင်စိတ်အပြည့်ရှိတာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ ခိုင်နှင်းဝေကို ပရိသတ်တွေက ပရဟိတမင်းသမီးလေးလို့တောင် တင်စားပြီး ချစ်ခင်အားပေးကြတာ

ဖြစ်ပါတယ်။ ခိုင်နှင်းဝေကလည်း ပရိသတ်တွေအားပေးရကျိုးနပ်တဲ့ သူတစ်ယောက်ဖြစ်ဖို့ အဘက်ဘက်ကနေ ပြည့်စုံမှုရှိအောင် ကြိုးစားနေလျက်ရှိပါတယ်။ ဒီကနေ့မှာလည်း ခိုင်နှင်းဝေက ခိုကိုးရာမဲ့ကလေးများနဲ့ စွန့်ပစ်ခံ ကလေး‌တွေအတွက် အရိပ်လေးတစ်ခုရဖို့ ကြိုးစားဆောင်ရွက်နေတဲ့အကြောင်းကို ပြောပြလာပါတယ်။ “ကျွန်မခိုကိုးရာမဲ့ကလေးများနဲ့ စွန့်ပစ်ခံ ကလေး‌တွေအတွက်

အရိပ်လေး တခု စတင်နေပါပြီရှင် ကလေးတွေ အရိပ်တခုရဖို့ ၊ လူဖြစ်ဖို့ အတွက် တစ်နေ့ထက် တစ်နေ့ ပိုပြီး ကြိုးစားနေပါတယ်ရှင်။ ကျွန်မ သားသမီးလေးတွေအတွက် ၇ရက်သားသမီးများရဲ့ မေတ္တာဓာတ်လဲအများကြီးလိုအပ်တာကြောင့် ကလေးတွေ နေဖို့ အိမ်လေး အမြန်ပြီးမြောက်အောင် ဆုတောင်းပေးဖို့ ဆန္ဒပြုလျှက်” ဆိုပြီး သားသမီးတွေ ကောင်းကောင်းနေရဖို့အတွက် ကြိုးစားနေကြောင်း ပြောထားပါတယ်။ ခိုင်နှင်းဝေကတော့

သူမရဲ့ သားသမီးတွေအတွက် လှပပြီး နွေးထွေးမှုအပြည့်ရှိစေမယ့် ဂေဟာအသစ်လေးအတွက် လုံးပန်းကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေလည်း သမီးတွေအတွက် ကြိုးစားနေတဲ့အရာလေး တဖြည်းဖြည်းပုံပေါ်လာမှုအပေါ် ကျေနပ်ဝမ်းသာနေမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Khine Hnin Wai’s Facebook

Add a Comment

Your email address will not be published. Required fields are marked *