အေမျဖစ္သူကို တစ္ေသာင္းတန္ အျပည့္ပါတဲ့ ပန္းစည္းႀကီး ေမြးေန႔လက္ေဆာင္အျဖစ္ေပးခဲ့တဲ့ လွအၪၨလီတင့္

မင္းသမီးေခ်ာလွအၪၨလီတင့္ကေတာ့ မင္းသားေတြအမ်ားအျပားနဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ အတြဲညီညီနဲ႔ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူတစ္ေယာက္ျဖစ္တာျဖစ္ပါတယ္။လွအၪၨလီတင့္က အခုခ်ိန္မွာဆိုရင္ အႏုပညာအလုပ္ေတြနဲ႔အလွမ္းေဝးကြာေနၿပီး ပရိသတ္ေတြရဲ႕

အားေပးခ်စ္ခင္မႈေတြကိုေတာ့ ရရွိဆဲပါေနာ္။လွအၪၨလီတင့္က ဟိုးအရင္ကတည္းက အရမ္းခ်စ္စရာေကာင္းတဲ့ မင္းသမီးေခ်ာေလးျဖစ္ပါတယ္။ လွအၪၨလီတင့္က အခုခ်ိန္ထိလည္း လွပႏုပ်ိဳေနဆဲျဖစ္ၿပီး အရင္ကထက္ေတာ့ နည္းနည္းေလးျပည့္လာေပမယ့္ ခန႔္ခန႔္ထည္ထည္နဲ႔

လွပေနဆဲျဖစ္ပါတယ္။လွအၪၨလီတင့္ကေတာ့ ကိုယ္ပိုင္စီးပြားေရးေလးေတြကိုလည္း ႀကိဳးစားလုပ္ေဆာင္ေနတာျဖစ္ၿပီး လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာလည္း သူမရဲ႕ခ်စ္ပရိသတ္ႀကီးအတြက္ အစားေကာင္းအေသာက္ေကာင္းေလးေတြကို ျပန္ၿပီးမွ်ေဝေနတာျဖစ္ပါတယ္။ မိဘ‌အေပၚမွာလည္း

သိတတ္လိမၼာလို႔ လွအၪၨလီတင့္က မိခင္ကိုလည္း စိတ္ခ်မ္းသာေပ်ာ္႐ႊင္ေအာင္ထားေပးပါတယ္ေနာ္။အခုဆိုရင္လည္း ေမေမ့ရဲ႕ေမြးေန႔ေလးမွာ မိသားစုေတြညစာအတူစားၾကၿပီး တစ္ေသာင္းတန္ေတြကို အသည္းပုံစံလုပ္ထားတဲ့ ပန္းစည္းေလးကို လက္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။လွအၪၨလီတင့္ကေတာ့

“Happy birthday ပါ Mum က်န္းမာ ခ်မ္းသာစြာျဖင့္ အသက္ရာေက်ာ္ရွည္ၿပီး တရားဘာဝနာမ်ားအားထုတ္ႏိုင္ပါေစ အလႉေရစက္ လက္နဲ႔မကြာလႉတန္းႏိုင္ပါေစ ဒီဘဝမွာဘဲ တရားထူး မ်ားရပါေစေၾကာင္း ဆုမြန္ ေကာင္းေတာင္းလိုက္ပါတယ္”ဆိုၿပီး ေရးသားမွ်ေဝလာပါတယ္ေနာ္။

Read in UNICODE

မင်းသမီးချောလှအဉ္ဇလီတင့်ကတော့ မင်းသားတွေအများအပြားနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အတွဲညီညီနဲ့ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်တာဖြစ်ပါတယ်။လှအဉ္ဇလီတင့်က အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပြီး ပရိသတ်တွေရဲ့

အားပေးချစ်ခင်မှုတွေကိုတော့ ရရှိဆဲပါနော်။လှအဉ္ဇလီတင့်က ဟိုးအရင်ကတည်းက အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ လှအဉ္ဇလီတင့်က အခုချိန်ထိလည်း လှပနုပျိုနေဆဲဖြစ်ပြီး အရင်ကထက်တော့ နည်းနည်းလေးပြည့်လာပေမယ့် ခန့်ခန့်ထည်ထည်နဲ့

လှပနေဆဲဖြစ်ပါတယ်။လှအဉ္ဇလီတင့်ကတော့ ကိုယ်ပိုင်စီးပွားရေးလေးတွေကိုလည်း ကြိုးစားလုပ်ဆောင်နေတာဖြစ်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း သူမရဲ့ချစ်ပရိသတ်ကြီးအတွက် အစားကောင်းအသောက်ကောင်းလေးတွေကို ပြန်ပြီးမျှဝေနေတာဖြစ်ပါတယ်။ မိဘ‌အပေါ်မှာလည်း

သိတတ်လိမ္မာလို့ လှအဉ္ဇလီတင့်က မိခင်ကိုလည်း စိတ်ချမ်းသာပျော်ရွှင်အောင်ထားပေးပါတယ်နော်။အခုဆိုရင်လည်း မေမေ့ရဲ့မွေးနေ့လေးမှာ မိသားစုတွေညစာအတူစားကြပြီး တစ်သောင်းတန်တွေကို အသည်းပုံစံလုပ်ထားတဲ့ ပန်းစည်းလေးကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။လှအဉ္ဇလီတင့်ကတော့

“Happy birthday ပါ Mum ကျန်းမာ ချမ်းသာစွာဖြင့် အသက်ရာကျော်ရှည်ပြီး တရားဘာဝနာများအားထုတ်နိုင်ပါစေ အလှူရေစက် လက်နဲ့မကွာလှူတန်းနိုင်ပါစေ ဒီဘဝမှာဘဲ တရားထူး များရပါစေကြောင်း ဆုမွန် ကောင်းတောင်းလိုက်ပါတယ်”ဆိုပြီး ရေးသားမျှဝေလာပါတယ်နော်။

Source : Hla Inzali Tint’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *