ကျောက်ကပ်ရောဂါဝေဒနာ ကိုယ်တိုင်ပျောက်ကင်းခဲ့ပြီး မျှဝေခဲ့တဲ့ လူပေါင်း(၅၀)လုံး သက်သာပျောက်ကင်းခဲ့တဲ့ ဆေးနည်း
Read in UNICODE
ကျောက်ကပ်ဝေဒနာ ကိုယ်တိုင်ပျောက်ကင်းခဲ့ပြီး လူပေါင်း ၅၀ ကျော် ကို မျှဝေခဲ့ရာ အကုန်လုံး သက်သာပျောက်ကင်း ခဲ့ပါသဖြင့် တင်ပြပေးခြင်းဖြစ်ပါသည်။
ပုံတွင်ပြထားသည့်နံပါတ်စဉ်အတိုင်း ပြုလုပ်ပါ။
(1) အညှာတံပါသော နာနတ်သီးအမှည့်တလုံး ဝယ်ပါ။ (2)မျိုးပွားခေါင်းကို ချိုးပစ်ပါ။ (3)အခွံခွာ မျက်စေ့ထုတ်ပစ်ပါ။ (4)သင့်တော်သောဒန်အိုးတလုံးထဲ အသီးကိုထဲ့ပါ။ အညှာအတန်ကိုအပေါ်ထောင်ထားပါ။ အသီး၏ကိုယ်လုံးမြုပ်သည်အထိ ရေထဲ့ပါ။ မီးဖိုပေါ်တင်၍ပွက်ပွက်ဆူ ရေ ၃ပုံ ၁ ပုံကျန်သည်အထိပြုတ်ပါ။ (5)ရေခန်း၍တပုံသာကျန်ရှိချိန် မီးဖိုပေါ်မှ အိုးကိုချ၍အအေးခံပါ။အသီးကိုဖယ်ထုတ်ပစ်ပါ။အအေးခံထားသောအရည်ကို မော့သောက်ပါ။ ဘေးထွက်ဆိုးကျိုး အန္တရာယ် လုံးဝ မရှိပါ။
ကျနော်ကိုယ်တိုင် တကိုယ်လုံးဖေါရောင် ဆီးထဲ သွေးပါ သည်အထိ ခံစားရပြီး ဓါတ်မှန်တွင် ကျောက်ကပ်ထိထားသည့်အဖြေ ရရှိထားသူကိုယ်တိုင်ပျောက်ကင်းခဲ့သည့် ဆေးနည်းဖြစ်ပါသည်။ ဤဆေးနည်းကို လမ်းညွှန်ပေးခဲ့ပါသော ၂ခ/၈၄၈၃ ကို မောင်းခဲ့ပါသော
ကျေးဇူးရှင် ကွန်တိန်နာကားဆရာ ကိုအငယ်လေးရောက်ရာဘုံဘဝမှ သာဓုခေါ်နိုင်ပါစေရန်ဖြန့်ဝေပေးပါသည်။မြန်မာနိုင်ငံ ဆေးသုတေသန ဆေးကောင်စီ အဖွဲ့အစည်းများခင်မျာ ဤဆေးနည်းကို သုတေသနပြုပေး၍အများပြည်သူကောင်းကျိုးအတွက်ဖြန့်ဝေပေးပါရန် လေးစားစွာ တောင်းဆိုအပ်ပါသည်ခင်များ။ မည်သူမဆို
အများကောင်းကျိုးအတွက်ဖြန့်ဝေနိုင်ပါသည်။မရှင်းပါက ဖုန်း 09.966731123သို့ မေးပါ။ နာနတ်သီးကိုဝယ်ယူခဲ့စဉ်က အညှာတန်အရိုးမပါခဲ့သည့်အတွက် သံပိုက်လုံးလေးဖြင့် အစားထိုးထဲ့ပြထားခြင်းဖြစ်ပါသည်။
Source : Aung Naing
Add a Comment
Your email address will not be published. Required fields are marked *