စားချင်တဲ့ မုန့်တွေ လာပို့ပေးလို့ ပျော်နေတဲ့ အမေဖြစ်သူကို ကြည့်ပြီး ကြည်နူးပီတိဖြစ်နေတဲ့ ကေညီ
Read in UNICODE
ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ ကေညီ ဟာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုဖြင့် အနုပညာလောကမှာ အကောင်းဆုံးရပ်တည်ထားနိုင်တဲ့ သူပဲဖြစ်ပါတယ်။ ကေညီဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာလည်း သဘာဝကျကျနဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တွေထဲမှာ
အပါဝင်ပဲဖြစ်ပါတယ်။ ဒါ့အပြင် အမြဲလိုလို ပျော်ပျော်ရွှင်ရွှင် နေတက်ပြီး စိတ်သဘောထားပြည့်ဝတာကြောင့်လည်း ချစ်ခင်သူတွေပေါများနေတာဖြစ်ပါတယ်။ကေညီကတော့ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို မွေးထားပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို
ပိုင်ဆိုင်ထားကာ အေးချမ်းတဲ့ဘဝကိုအကောင်းဆုံးဖြတ်သန်းနေထိုင်နေတာပဲဖြစ်ပါတယ်။ ကေညီ ကတော့ အိမ်ထောင်သည်တစ်ယောက်ပေမယ့်လည်း မိဘပေါ်မှာလည် သိတက် လိမ္မာတဲ့ သားဖြစ်ပြီး လစဉ် ၁၅ ရက်တစ်ပါတ် ကို ထောက်ပံ့ငွေ သွားရောက် ကန်တော့တာကိုလည်း တွေ့ရပါတယ်နော်…။ ယခုမှာတော့ ကေညီ က မိခင်စားချင်တဲ့ မုန့်တွေကို သွားပို့ပေးကာ
သားမိနှစ်ယောက် ရဲ့ ကြည်နူးပီတိ ဖြစ်စရာ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေ နဲ့လည်း ကေညီက ” အမေ စားချင်တာလေးတွေ သွားပို့ပေးတာ ပျော်နေရှာတယ် မေကျန်းမာသက်ရှည်ပါစေ ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ မိဘကို သိတက်လိမ္မာတဲ့ ကေညီကို ဆုမွန်ကောင်း လေးတောင်းပေးလိုက်ပါဦးနော်…။
Source : K Nyi’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *