လြမ္းေနၾကတဲ့ ပရိသတ္ေတြအတြက္ ေဖ့ဘုတ္မွာ Live လႊင့္ၿပီး ထမင္းေတြ အားရပါးရစားျပခဲ့တဲ့ ခိုင္သင္းၾကည္

အကယ္ဒမီ ခိုင္သင္းၾကည္က က်ရာဇာတ္႐ုပ္ကို ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ႏိုင္သူ အႏုပညာေလာကရဲ႕ ေတာက္ပတဲ့ ၾကယ္ပြင့္တစ္ပြင့္ပါပဲ။ ပရိသတ္ေတြက ခိုင္သင္းၾကည္ကို သ႐ုပ္ေဆာင္ေကာင္းလို႔သာမကပဲ ပြင့္ပြင့္လင္းလင္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနတတ္တဲ့ အက်င့္စ႐ိုက္ေၾကာင့္

ခ်စ္ခင္အားေပးေနရတာ ျဖစ္ပါတယ္။ ခိုင္သင္းၾကည္ကလည္း အသက္အရြယ္ တစ္ခုေရာက္သည့္တိုင္ သူမျမတ္နိုးတဲ့ အႏုပညာလုပ္ငန္းေတြကို ဆက္တိုက္ဆိုသလို လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။ လက္ရိွမွာ ကပ္ေရာဂါအေျခအေနေတြေၾကာင့္ ရိုက္ကူးေရး

ေတြရပ္နားထားရတဲ့ ခိုင္သင္းၾကည္က ေနအိမ္မွာပဲမိသားစုေတြကို အခ်ိန္ေပးရင္း ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ဒီေန့မွာလည္း ခိုင္သင္းၾကည္က သူမရဲ့ ပရိသတ္ေတြအတြက္ မေတြ့တာၾကာျပီျဖစ္လို့ Live လႊင့္ျပီး စကားေတြေျပာခဲ့တာကို အခုလိုပဲ ေတြ့ရပါတယ္။ ခိုင္သင္းၾကည္ကေတာ့

သူမရဲ့ပံုစံအတိုင္းပဲ စကားေျပာသြက္သြက္လက္လက္နဲ့ အရမ္းကို လွေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခိုင္သင္းၾကည္ရဲ့ ဗီဒီယိုကိုၾကည့္ျပီး သေဘာက်ေက်နပ္ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

အကယ်ဒမီ ခိုင်သင်းကြည်က ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူ အနုပညာလောကရဲ့ တောက်ပတဲ့ ကြယ်ပွင့်တစ်ပွင့်ပါပဲ။ ပရိသတ်တွေက ခိုင်သင်းကြည်ကို သရုပ်ဆောင်ကောင်းလို့သာမကပဲ ပွင့်ပွင့်လင်းလင်း ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ အကျင့်စရိုက်ကြောင့်

ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ကလည်း အသက်အရွယ် တစ်ခုရောက်သည့်တိုင် သူမမြတ်နိုးတဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ ကပ်ရောဂါအခြေအနေတွေကြောင့် ရိုက်ကူးရေး

တွေရပ်နားထားရတဲ့ ခိုင်သင်းကြည်က နေအိမ်မှာပဲမိသားစုတွေကို အချိန်ပေးရင်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ခိုင်သင်းကြည်က သူမရဲ့ ပရိသတ်တွေအတွက် မတွေ့တာကြာပြီဖြစ်လို့ Live လွှင့်ပြီး စကားတွေပြောခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ ခိုင်သင်းကြည်ကတော့

သူမရဲ့ပုံစံအတိုင်းပဲ စကားပြောသွက်သွက်လက်လက်နဲ့ အရမ်းကို လှနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်သင်းကြည်ရဲ့ ဗီဒီယိုကိုကြည့်ပြီး သဘောကျကျေနပ်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Khine Thin Kyi’s Facebook

Add a Comment

Your email address will not be published. Required fields are marked *