ႏိုင္းႏိုင္းတို႔ ေနတိုးတို႔လို အႏုပညာရွင္တစ္ေယာက္ျဖစ္ခ်င္ေၾကာင္း ေျပာျပခဲ့တဲ့ မင္းေသြးခန္႔

လူငယ္ပရိသတ္ေတြၾကားမွာ ေအာင္ျမင္မႈရလာတဲ့ သ႐ုပ္ေဆာင္ မင္းေသြးခန႔္ကေတာ့ အႏုပညာ အလုပ္အေပၚထားတဲ့ သူ႔ရဲ႕ ခံယူခ်က္ကို ေျပာျပလာပါတယ္။ သ႐ုပ္ေဆာင္ ေနတိုး၊ ႏိုင္းႏိုင္းတို႔လို အႏုပညာရွင္တစ္ေယာက္ျဖစ္ခ်င္တယ္လို႔ ေျပာပါတယ္။ “ ကြၽန္ေတာ္က နာမည္အရမ္းႀကီးတယ္ဆိုတာထက္ ဒီအႏုပညာအလုပ္ကို ကိုေနတိုးတို႔၊ ကိုႏိုင္းႏိုင္းတို႔ လိုမ်ိဳး တစ္သက္လုံး

လုပ္သြားခ်င္တယ္။ အရမ္းမေအာင္ျမင္ရင္လည္း တစ္ဆင့္ၿပီး တဆင့္ ပုံမွန္ေျခလွမ္းေလးအတိုင္းပဲ သြားခ်င္တယ္။ ဂယက္ႀကီးထၿပီး ၂ လ၊ ၃ လေလာက္ပဲ ေပါက္ၿပီးေပ်ာက္သြားတဲ့လူမ်ိဳး မျဖစ္ခ်င္ဘူး။ နာမည္မႀကီးရင္ေတာင္မွ အႏုပညာေလာကထဲက တစ္ေထာင့္တစ္ေနရာမွာ အလုပ္လုပ္ခ်င္ပါတယ္” လို႔ သူကဆိုပါတယ္။ Stay Home ကာလျဖစ္တာေၾကာင့္ အႏုပညာအလုပ္ေတြ

သိပ္မလုပ္ရတဲ့အခ်ိန္မွာ ပရိသတ္ေတြ ေမ့သြားမွာလည္း စိုးရိမ္တယ္လို႔ မင္းေသြးခန႔္က ဆိုပါတယ္။ “ အခုက Online ေခတ္ဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားက Social Media ေပၚေရာက္သြားတာမ်ားေတာ့ ကြၽန္ေတာ္တို႔ အတြက္က အခက္အခဲ သိပ္မရွိပါဘူး။ အဲဒီေတာ့ အျပင္လည္း မထြက္ရဘူး Current ျဖစ္တဲ့ ေနရာမွာလည္း အလုပ္ေတြ လုပ္စရာမလိုေအာင္ အိမ္ကေနတဆင့္

လုပ္လို႔ရႏိုင္မယ့္ အလုပ္ေလးေတြ လုပ္တယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ ဓာတ္ပုံ ဆရာနဲ႔ ကြၽန္ေတာ္ ဓာတ္ပုံေတြ ထြက္႐ိုက္ရင္း ပရိသတ္ေတြ ေမ့သြားမွာေၾကာက္လို႔ အလုပ္တစ္ခုခုကေတာ့ အၿမဲတမ္း လုပ္ျဖစ္ေနပါတယ္” ဆိုၿပီးေတာ့ Innocence ႐ုပ္သံ ဇာတ္လမ္းတြဲ မိတ္ဆက္ပြဲမွာ ေျဖဆိုခဲ့တာပါ။ မင္းေသြးခန႔္ကိုေတာ့ ” Innocence ” ဇာတ္လမ္းတြဲမွာ ပါဝင္သြားမယ့္ သ႐ုပ္ေဆာင္

တစ္ေယာက္အျဖစ္ ဆယ္ေက်ာ္သက္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာ ျဖစ္ပါတယ္။ လက္ရွိမွာလည္း မင္းေသြးခန႔္ဟာ TV ေၾကာ္ျငာေတြ ႐ိုက္ကူးလာရၿပီျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သ႐ုပ္ေဆာင္ ဘက္ကိုပါ ေျခလွမ္း စတင္လာၿပီလို႔ သိရပါတယ္။ ” Innocence” BL ဇာတ္လမ္းတြဲ ႐ိုက္ဖို႔လည္း ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။ အခုဆိုရင္ေတာ့ မင္းေသြးခန႔္ဟာ ပရိသတ္အခိုင္အမာရရွိထားၿပီျဖစ္တဲ့ အႏုပညာရွင္အသစ္တစ္ေယာက္ျဖစ္လို႔ေနပါၿပီ။

Read in UNICODE

လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်မှုရလာတဲ့ သရုပ်ဆောင် မင်းသွေးခန့်ကတော့ အနုပညာ အလုပ်အပေါ်ထားတဲ့ သူ့ရဲ့ ခံယူချက်ကို ပြောပြလာပါတယ်။ သရုပ်ဆောင် နေတိုး၊ နိုင်းနိုင်းတို့လို အနုပညာရှင်တစ်ယောက်ဖြစ်ချင်တယ်လို့ ပြောပါတယ်။ “ ကျွန်တော်က နာမည်အရမ်းကြီးတယ်ဆိုတာထက် ဒီအနုပညာအလုပ်ကို ကိုနေတိုးတို့၊ ကိုနိုင်းနိုင်းတို့ လိုမျိုး တစ်သက်လုံး

လုပ်သွားချင်တယ်။ အရမ်းမအောင်မြင်ရင်လည်း တစ်ဆင့်ပြီး တဆင့် ပုံမှန်ခြေလှမ်းလေးအတိုင်းပဲ သွားချင်တယ်။ ဂယက်ကြီးထပြီး ၂ လ၊ ၃ လလောက်ပဲ ပေါက်ပြီးပျောက်သွားတဲ့လူမျိုး မဖြစ်ချင်ဘူး။ နာမည်မကြီးရင်တောင်မှ အနုပညာလောကထဲက တစ်ထောင့်တစ်နေရာမှာ အလုပ်လုပ်ချင်ပါတယ်” လို့ သူကဆိုပါတယ်။ Stay Home ကာလဖြစ်တာကြောင့် အနုပညာအလုပ်တွေ

သိပ်မလုပ်ရတဲ့အချိန်မှာ ပရိသတ်တွေ မေ့သွားမှာလည်း စိုးရိမ်တယ်လို့ မင်းသွေးခန့်က ဆိုပါတယ်။ “ အခုက Online ခေတ်ဆိုတော့ တော်တော်များများက Social Media ပေါ်ရောက်သွားတာများတော့ ကျွန်တော်တို့ အတွက်က အခက်အခဲ သိပ်မရှိပါဘူး။ အဲဒီတော့ အပြင်လည်း မထွက်ရဘူး Current ဖြစ်တဲ့ နေရာမှာလည်း အလုပ်တွေ လုပ်စရာမလိုအောင် အိမ်ကနေတဆင့်

လုပ်လို့ရနိုင်မယ့် အလုပ်လေးတွေ လုပ်တယ်။ ပြီးတော့ ကျွန်တော့် ဓာတ်ပုံ ဆရာနဲ့ ကျွန်တော် ဓာတ်ပုံတွေ ထွက်ရိုက်ရင်း ပရိသတ်တွေ မေ့သွားမှာကြောက်လို့ အလုပ်တစ်ခုခုကတော့ အမြဲတမ်း လုပ်ဖြစ်နေပါတယ်” ဆိုပြီးတော့ Innocence ရုပ်သံ ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ မင်းသွေးခန့်ကိုတော့ ” Innocence ” ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ့် သရုပ်ဆောင်

တစ်ယောက်အဖြစ် ဆယ်ကျော်သက် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မင်းသွေးခန့်ဟာ TV ကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် ဘက်ကိုပါ ခြေလှမ်း စတင်လာပြီလို့ သိရပါတယ်။ ” Innocence” BL ဇာတ်လမ်းတွဲ ရိုက်ဖို့လည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။ အခုဆိုရင်တော့ မင်းသွေးခန့်ဟာ ပရိသတ်အခိုင်အမာရရှိထားပြီဖြစ်တဲ့ အနုပညာရှင်အသစ်တစ်ယောက်ဖြစ်လို့နေပါပြီ။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *