အြန္လိုင္းေစ်းေရာင္းပြဲက ရတဲ့ ပိုက္ဆံသိန္း(၅၀)ကို ဖားကန္႔ေျမၿပိဳမႈအတြက္ လွဴဒါန္းခဲ့တဲ့ ဖိုးခ်စ္တို႔ အဖြဲ႕

ဇာတ္မင္းသားေခ်ာ ဖိုးခ်စ္ဦးေဆာင္တဲ့ “ပိုသူလႉ လိုသူကူ” ပရဟိတအြန္လိုင္းေဈးေရာင္းပြဲေတာ္ႀကီးကေတာ့ ဇာတ္သဘင္ေလာကသားေတြကိုယ္တိုင္ ဟင္းခ်က္ေရာင္းၿပီး ျပည္သူေတြကို ေရာင္းခ်တဲ့အစီအစဥ္ပဲ ျဖစ္ပါတယ္။ အႏုပညာေလာကသားအခ်င္းခ်င္း ႐ိုင္းပင္းကူညီမႈနဲ႔ ေစတနာရွင္ (၇)ရက္သားသမီး အလႉရွင္ေတြေၾကာင့္ ရက္အနည္းငယ္အတြင္းမွာ အလႉေငြေတြမ်ားစြာကို

ရရွိပိုင္ဆိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ မေန႔က ဇူလိုင္လ (၂၄) ရက္ေန႔မွာေတာ့ “ပိုသူလႉ လိုသူကူ” အဖြဲ႕ႀကီးက အြန္လိုင္းေဈးေရာင္းပြဲေတာ္မွရရွိခဲ့သမွ်ေငြ သိန္း(၅၀)တိတိကို ဖားကန႔္ၿမိဳ႕ ေဝွခါေက်း႐ြာတြင္ ျဖစ္ပြါးခဲ့သည့္ ေျမၿပိဳမႉေဘးဒဏ္ ခံစားရေသာ က်န္ရစ္မိသားစုမ်ားအတြက္ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ “ယခုအလႉဟာ အြန္လိုင္းေဈးေရာင္းပြဲေတာ္ ရက္သတၱပတ္မွာ သဘင္မိသားစုမ်ားကို

ခ်စ္ျမတ္ႏိုးေသာ အမ်ားျပည္သူမ်ားရဲ႕ ဝိုင္းဝန္းအားေပးေသာ စုေပါင္းအလႉပင္ျဖစ္ပါေၾကာင္း သာဓုေခၚဆိုႏိုင္ပါရန္ အသိေပးအပ္ပါတယ္ခင္ဗ်ာ။” ဆိုျပီး ပိုသူလွဴ လိုသူကူအဖြဲ့ၾကီးက ေျပာထားပါေသးတယ္။ “ပိုသူလႉ လိုသူကူ” အဖြဲ႕ႀကီးကေတာ့ သူတို့စတင္ရည္ရြယ္ခဲ့တဲ့ ဖားကန႔္ၿမိဳ႕ မၿပိဳမႉေဘးဒဏ္ ခံစားရေသာ က်န္ရစ္မိသားစုမ်ားအတြက္ လႉဒါန္းနိုင္ခဲ့လို့

ဝမ္းသာပီတိျဖစ္ေနၾကမယ္ ထင္ပါတယ္။ ပရိသတ္ၾကီးလည္း “ပိုသူလွဴ လိုသူကူ” အဖြဲ့ၾကီးနဲ့ (၇)ရက္သားသမီးအလွဴရွင္တို့ရဲ့ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာသာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္႐ႈေပးၾကတဲ့ ပရိသတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ဇာတ်မင်းသားချော ဖိုးချစ်ဦးဆောင်တဲ့ “ပိုသူလှူ လိုသူကူ” ပရဟိတအွန်လိုင်းဈေးရောင်းပွဲတော်ကြီးကတော့ ဇာတ်သဘင်လောကသားတွေကိုယ်တိုင် ဟင်းချက်ရောင်းပြီး ပြည်သူတွေကို ရောင်းချတဲ့အစီအစဉ်ပဲ ဖြစ်ပါတယ်။ အနုပညာလောကသားအချင်းချင်း ရိုင်းပင်းကူညီမှုနဲ့ စေတနာရှင် (၇)ရက်သားသမီး အလှူရှင်တွေကြောင့် ရက်အနည်းငယ်အတွင်းမှာ အလှူငွေတွေများစွာကို

ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့က ဇူလိုင်လ (၂၄) ရက်နေ့မှာတော့ “ပိုသူလှူ လိုသူကူ” အဖွဲ့ကြီးက အွန်လိုင်းဈေးရောင်းပွဲတော်မှရရှိခဲ့သမျှငွေ သိန်း(၅၀)တိတိကို ဖားကန့်မြို့ ဝှေခါကျေးရွာတွင် ဖြစ်ပွါးခဲ့သည့် မြေပြိုမှူဘေးဒဏ် ခံစားရသော ကျန်ရစ်မိသားစုများအတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “ယခုအလှူဟာ အွန်လိုင်းဈေးရောင်းပွဲတော် ရက်သတ္တပတ်မှာ သဘင်မိသားစုများကို

ချစ်မြတ်နိုးသော အများပြည်သူများရဲ့ ဝိုင်းဝန်းအားပေးသော စုပေါင်းအလှူပင်ဖြစ်ပါကြောင်း သာဓုခေါ်ဆိုနိုင်ပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။” ဆိုပြီး ပိုသူလှူ လိုသူကူအဖွဲ့ကြီးက ပြောထားပါသေးတယ်။ “ပိုသူလှူ လိုသူကူ” အဖွဲ့ကြီးကတော့ သူတို့စတင်ရည်ရွယ်ခဲ့တဲ့ ဖားကန့်မြို့ မပြိုမှူဘေးဒဏ် ခံစားရသော ကျန်ရစ်မိသားစုများအတွက် လှူဒါန်းနိုင်ခဲ့လို့

ဝမ်းသာပီတိဖြစ်နေကြမယ် ထင်ပါတယ်။ ပရိသတ်ကြီးလည်း “ပိုသူလှူ လိုသူကူ” အဖွဲ့ကြီးနဲ့ (၇)ရက်သားသမီးအလှူရှင်တို့ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : ပိုသူလႉ လိုသူကူ’s Facebook

Add a Comment

Your email address will not be published. Required fields are marked *