ပရိသတ်တစ်ဦးက ပဲစေ့ရေစိမ်ပြီး ပွနေတဲ့မျက်နှာလို့ ဝေဖန်ပြောဆိုခဲ့တာကြောင့် ဝိတ်ချဖို့ ဆုံးဖြတ်ခဲ့ဖူးတယ်ဆိုတဲ့ နေတိုး





Read in UNICODE

နေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် အောင်မြင်မှုတွေများစွာ ဆွတ်ခူးထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေတိုးက ကျရာဇာတ်ရုပ်မျိုးစုံကို ပြောင်းလဲသရုပ်ဆောင်နိုင်ပေမယ့် သူ့ရဲ့ အပြင်လက်တွေ့က

နေထိုင်မှုပုံစံကတော့ အရမ်းကိုရိုရှင်းပြီး အေးဆေးလွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကိုသာမက အနုပညာလောကသားအချင်းချင်းကပါ လေးစားအားကျခြင်းခံရသူဖြစ်ပါတယ်။ ဘယ်လောက်ပဲ အောင်မြင်ပြီး အားပေးမှုတွေရရှိထားတဲ့ မင်းသားဖြစ်ဖြစ်

ဝေဖန်မှုတွေကိုလည်း ကြုံဆုံရတဲ့ နေတိုးက ဒီတစ်ခေါက်မှာတော့ သူ့ရဲ့အရင်က အဖြစ်ဟောင်းလေးတစ်ခုကို ပြောပြလာတာကို တွေ့ရပါတယ်။ နေတိုးက သူ့ကိုပဲကြီးစေ့ရေစိမ်ပြီး ပွလာတဲ့မျက်နှာလို့ ပြောတဲ့ ပရိသတ်တစ်ယောက်ကြောင့် သူ့အခြေအနေကိုသူနားလည်ကာ ဝိတ်ချဖို့ဆုံးဖြတ်ခဲ့ဖူးတဲ့အကြောင်း အခုလိုပဲ အမှတ်တရပြောပြလာပါတယ်။ တစ်ချို့သောဝေဖန်မှုတွေက ယူတတ်ရင်

ကိုယ့်အတွက် အကျိုးဖြစ်ထွန်းစေတယ်ဆိုတာကို နေတိုးက သက်သေပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နေတိုးကိုယ်တိုင်ကလည်း ပရိသတ်ရဲ့ ဝေဖန်မှုကို စိတ်မကွက်ပဲ အကောင်းဆုံးပြုပြင်နိုင်ခဲ့တာ လေးစားစရာပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Nay Toe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *