႐ုပ္ရွင္ေတြမ႐ိုက္ရေတာ့ ေငြေၾကးအခက္အခဲေတြရွိေၾကာင္း ရင္ဖြင့္ခဲ့တဲ့ ေအနီေဇာ္

ဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ေအနီေဇာ္ကိုေတာ့ ပရိသတ္ေတြ သိၾကမွာပါ။ အႏုပညာအလုပ္ေတြ ရပ္နားထားရတဲ့ အခ်ိန္မွာ မိသားစု စားဝတ္ေနေရး အခက္အခဲ ႀကဳံေတြ႕ေနရတာေတြကို ေျပာျပလာပါတယ္။“ ဇာတ္ကားျပန္႐ိုက္ဖို႔က်ေတာ့လည္း အခုက မူေတြေတာ့ ထုတ္ေနတာပဲေလ။ အစ္မ႐ိုက္ထားတဲ့ ဇာတ္လမ္းတြဲေတြလည္းရွိတယ္။ မဂၤလာ႐ြာ အတြဲ(၃) ေပါ့ေနာ္။ ဇာတ္ကားေတြ မ႐ိုက္ရတဲ့ အခါက်ေတာ့ ေငြေရးေၾကးေရး အခက္အခဲကေတာ့ အကုန္လုံးျဖစ္ၾကတာပါပဲေလ။ အိမ္မွာေနတာေတာ့

ဟုတ္ပါၿပီ စားရေသာက္ရတာေတြလည္း ရွိေတာ့ ရွိေနတာထက္ကို ပိုကုန္တယ္။ အိမ္မွာ ကေလးကလည္းရွိေနေတာ့ သူ႔အတြက္က အစားအေသာက္ကို ပိုျဖည့္ေနရတယ္” လို႔ ႐ုပ္ရွင္အစည္းအ႐ုံး အလႉကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ေအနီေဇာ္ဟာ သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာကေန တဆင့္ အဝတ္အထည္ေလးေတြကို Live လႊင့္ရင္း ေဈးေရာင္းေနတာ ေတြ႕ရပါတယ္။ Covid ကာလျဖစ္တာေၾကာင့္ အျပင္မထြက္ရတဲ့အခါ သူငယ္ခ်င္းေတြကိုလည္း လြမ္းတယ္လို႔ သူက ဆိုပါတယ္။ “ Covid ျဖစ္တဲ့

အခ်ိန္မွာ အစ္မကေတာ့ ေထြေထြထူးထူး အခက္အခဲမရွိေပမယ့္ အျပင္မထြက္ရတဲ့ အခက္အခဲေတာ့ ျဖစ္တယ္။ အစ္မက အေပါင္းအသင္းဆိုလည္း ငယ္သူငယ္ခ်င္းေတြေလာက္ပဲ ေပါင္းျဖစ္တာ မ်ားတယ္။ သူတို႔နဲ႔ေတာင္ မေတြ႕ျဖစ္ေတာ့ အရမ္းလည္း ပ်င္းတယ္။ အိမ္မွာေနေနတဲ့ တစ္လ ခြဲ၊ ႏွစ္လ အတြင္း ငါ ဘာျဖစ္ေနၿပီလဲ ဆိုတာေတာင္ ဆိုက္ကိုေတြျဖစ္တယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ေအနီေဇာ္ဟာ

ဇာတ္ပို႔သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ဗီဒီယို ဇာတ္ကားေတြ၊ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ လက္ရွိမွာလည္း သူမကို ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ သိပ္မေတြ႕ရေတာ့ေပမယ့္ ႐ုပ္သံဇာတ္လမ္းတြဲေတြမွာေတာ့ ပါဝင္ သ႐ုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။ ေအနီေဇာ္ရဲ႕ အႏုပညာသက္တမ္းကေတာ့ အခုဆိုရင္ (၁၀)စုႏွစ္ကာလကို ေရာက္ရွိလာပါၿပီ။

Read in UNICODE

ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် အေနီဇော်ကိုတော့ ပရိသတ်တွေ သိကြမှာပါ။ အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ မိသားစု စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရတာတွေကို ပြောပြလာပါတယ်။“ ဇာတ်ကားပြန်ရိုက်ဖို့ကျတော့လည်း အခုက မူတွေတော့ ထုတ်နေတာပဲလေ။ အစ်မရိုက်ထားတဲ့ ဇာတ်လမ်းတွဲတွေလည်းရှိတယ်။ မင်္ဂလာရွာ အတွဲ(၃) ပေါ့နော်။ ဇာတ်ကားတွေ မရိုက်ရတဲ့ အခါကျတော့ ငွေရေးကြေးရေး အခက်အခဲကတော့ အကုန်လုံးဖြစ်ကြတာပါပဲလေ။ အိမ်မှာနေတာတော့

ဟုတ်ပါပြီ စားရသောက်ရတာတွေလည်း ရှိတော့ ရှိနေတာထက်ကို ပိုကုန်တယ်။ အိမ်မှာ ကလေးကလည်းရှိနေတော့ သူ့အတွက်က အစားအသောက်ကို ပိုဖြည့်နေရတယ်” လို့ ရုပ်ရှင်အစည်းအရုံး အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။အေနီဇော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ တဆင့် အဝတ်အထည်လေးတွေကို Live လွှင့်ရင်း ဈေးရောင်းနေတာ တွေ့ရပါတယ်။ Covid ကာလဖြစ်တာကြောင့် အပြင်မထွက်ရတဲ့အခါ သူငယ်ချင်းတွေကိုလည်း လွမ်းတယ်လို့ သူက ဆိုပါတယ်။ “ Covid ဖြစ်တဲ့

အချိန်မှာ အစ်မကတော့ ထွေထွေထူးထူး အခက်အခဲမရှိပေမယ့် အပြင်မထွက်ရတဲ့ အခက်အခဲတော့ ဖြစ်တယ်။ အစ်မက အပေါင်းအသင်းဆိုလည်း ငယ်သူငယ်ချင်းတွေလောက်ပဲ ပေါင်းဖြစ်တာ များတယ်။ သူတို့နဲ့တောင် မတွေ့ဖြစ်တော့ အရမ်းလည်း ပျင်းတယ်။ အိမ်မှာနေနေတဲ့ တစ်လ ခွဲ၊ နှစ်လ အတွင်း ငါ ဘာဖြစ်နေပြီလဲ ဆိုတာတောင် ဆိုက်ကိုတွေဖြစ်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။အေနီဇော်ဟာ

ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာလည်း သူမကို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သိပ်မတွေ့ရတော့ပေမယ့် ရုပ်သံဇာတ်လမ်းတွဲတွေမှာတော့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ အေနီဇော်ရဲ့ အနုပညာသက်တမ်းကတော့ အခုဆိုရင် (၁၀)စုနှစ်ကာလကို ရောက်ရှိလာပါပြီ။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *