ဒိန်းမတ်သံရုံးက YCDC ကိုလှူဒါန်းမယ့် နှာခေါင်းစည်း(၁၃)သိန်းကို တာဝန်ယူချုပ်လုပ်ပေးရတော့မယ့် ခိုင်သင်းကြည်တို့ စက်ရုံ
Read in UNICODE
ထပ်ဆင့်အကယ်ဒမီခိုင်သင်းကြည်ကတော့ ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ခိုင်သင်းကြည်ကို ပရိသတ်တွေကလည်း အားပေးနေကြဆဲဖြစ်ပြီး သူမရဲ့မိသားစုလေးကိုလည်း
ချစ်ကြပါတယ်။ခိုင်သင်းကြည်ရဲ့သမီးလေး စံထိပ်ထားဦးကလည်း အနုပညာကို ဝါသနာပါလို့ ကြော်ငြာလေးတွေအနည်းငယ်တော့ ရိုက်ကူးထားပါတယ်နော်။ ခိုင်သင်းကြည်တို့ဇနီးမောင်နှံကတော့ စိတ်တူကိုယ်တူရှိကြပြီး တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြပါတယ်နော်။အလှူအတန်းဆိုလည်း
အရမ်းရက်ရောကြပြီး မခိုင်လေးတို့နှစ်ယောက်လုံးကို ပရိသတ်တွေကအရမ်းချစ်ကြပါတယ်။သူမတို့ဇနီးမောင်နှံလေးက အခုဆိုရင်လည်း YCDCကိုသွားရောက်ပြီး တော့ ပွဲအခမ်းအနား‌လေးတစ်ခုကို တက်ရောက်ခဲ့တာဖြစ်ပါတယ်နော်။ မခိုင်လေးက”ဒီနေ့ဒိန်းမတ်သံရုံးမှ
YCDCသို့သိန်း၃၀၀တန်ဘိုးရှိတဲ့အဝတ်နှာခေါင်းစည်း၅၀၀၀၀ကိုမြို့တော်ခန်းမမှာလာရောက်လှူဒါန်းခဲ့ပါတယ်ရှင် မခိုင်ရဲ့Golden KTK Garment အပါအဝင်အထည်ချုပ်စက်ရုံ၉ရုံမှလည်းဒိန်းမတ်နိုင်ငံမှမြန်မာနိုင်ငံတွင်းလိုအပ်သည့်နေရာများကိုလှူဒါန်းမည့်သိန်း၈၀၀၀တန်ဖိုးရှိတဲ့
အဝတ်နှာခေါင်းစည်း၁၃သိန်းခန့်ကိုချုပ်ပေးရမှာဖြစ်ပြီးအလှူကိုပူးပေါင်းပါဝင်ခွင့်ရခဲ့ပါတယ်ရှင့် ဒိန်းမတ်ပြည်သူပြည်သားတွေကျန်းမာချမ်းသာကြပါစေ မြန်မာပြည်သူပြည်သားများလည်းကျန်းမာချမ်းသာကြပါစေ ကမ္ဘာကြီးလည်း Covidလုံးဝကင်းစင်ပါစေ”ဆိုပြီးရေးသားမျှဝေလာတာဖြစ်ပါတယ်။
Source : Khine Thin Kyi’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *