တကယ္တမ္း ဒုကၡေရာက္ေနတဲ့သူေတြကို ဇာတ္ကားေခၚမ႐ိုက္ၾကဘူးဆိုၿပီး ရင္ဖြင့္ခဲ့တဲ့ ဝက္မ

ဇာတ္ပို႔သ႐ုပ္ေဆာင္ ဝက္မ ကေတာ့ အႏုပညာ အလုပ္ေတြနဲ႔ ေဝးကြာသြားခဲ့ရတဲ့ ခံစားခ်က္ေတြကို ရင္ဖြင့္ေျပာျပလာပါတယ္။ပရိသတ္အားေပးမႈေတြရရွိထားတဲ့ ႐ုပ္သံဇာတ္လမ္းတြဲေတြမွာဆိုရင္ ေအာင္ျမင္တဲ့ ဇာတ္ပို႔ ဇာတ္ရံ သ႐ုပ္ေဆာင္ေတြကိုသာ ေခၚ႐ိုက္ၾကတာဆိုတဲ့အေပၚ သူ႔ရဲ႕ သေဘာထားကို ေျပာျပလာပါတယ္။ “ အထူးသျဖင့္ MRTV-4 ဇာတ္လမ္းတြဲေတြ႐ိုက္တယ္။ အဲဒီမွာ

အျပင္က Professional တန္းက ဇာတ္ပို႔ဇာတ္ရံေတြကို သုံးတာ သိပ္မေတြ႕ဘူး။ သုံးရင္လည္း ေအာင္ျမင္တဲ့ ဇာတ္ပို႔ ဇာတ္ရံေတြေလာက္ပဲ ေခၚသုံးၾကတာ ဦး တို႔ အတြက္က မလြယ္ေတာ့ဘူး။ ဗီဒီယိုေတြကလည္း ရပ္သြား ၿပီ။ ႐ုပ္ရွင္ဆိုတာကလည္း ကန္ထ႐ိုက္ဆိုတာႀကီးကို အိပ္မက္ေတာင္ မက္လို႔ မရေတာ့ပါဘူး။ ကိုသားႀကီး မဆုံးခင္တုန္းက အထိ ကန္ထ႐ိုက္ဆိုတဲ့ အရသာကို အျပည့္အဝ ခံစားဖူးခဲ့ပါတယ္။ ကံတရားက

ဘာျဖစ္လို႔ ကိုယ္ေတြကို မေတြ႕တာလဲ၊ တကယ္တမ္း ဒုကၡေရာက္ေနတဲ့ သူေတြကို ဘာေၾကာင့္ ေခၚၿပီးေတာ့ မ႐ိုက္တာလဲ ဆိုတာကို စိတ္မေကာင္းျဖစ္တယ္” လို႔ ဆိုပါတယ္။ ဝက္မ ဟာ အႏုပညာအလုပ္ကို ငယ္စဥ္ကတည္းက ဝါသနာပါခဲ့သူ တစ္ေယာက္ျဖစ္ၿပီး သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္လာဖို႔အထိ ခက္ခက္ခဲခဲ ႀကိဳးစားခဲ့ရသူပါတဲ့။ အခုခ်ိန္မွာ ဇာတ္ကားေတြ မ႐ိုက္ၾကေတာ့တဲ့ အခ်ိန္မွာ အရမ္းကို စိတ္မေကာင္းျဖစ္ေနမိတယ္လို႔ သူကဆိုပါတယ္။ “ ငယ္ငယ္ကတည္းက ကိုယ္႐ူူးသြပ္ခဲ့၊ ကိုယ္ဝါသနာပါခဲ့တာ

အႏုပညာအလုပ္ပဲေလ။ Covid ႀကီးၿပီးရင္လည္း ကိုယ့္ရဲ႕ ပရိသတ္ေတြနဲ႔ အျမန္ဆုံး ျပန္ေတြ႕ခ်င္တာေပါ့။ တစ္ခု အားငယ္တာကေလ အစ္ကိုတို႔လို ေဈးကြက္မဝင္တဲ့ ဇာတ္ပို႔ ဇာတ္ရံ ေတာ္ေတာ္မ်ားမ်ားကို မသုံးၾကေတြ မ်ားတယ္။ အဲဒီအတြက္ စိတ္မေကာင္းဘူး။ ဥပမာေျပာရရင္ ဒီကာ႐ိုက္တာကိုေတာ့ ငါ ရရင္ ငါလုပ္ႏိုင္မွာပဲ၊ ငါနဲ႔ဆိုရင္ လိုက္မွာပဲ ဆိုတာ ရင္ထဲမွာ အေတြးမွာပဲရွိတယ္။ ဒါေပမယ့္ သူတို႔ ေခၚသလားဆိုေတာ့ သူတို႔ အနီးအနားမွာ ရွိတဲ့ လူေလာက္ပဲ ေခၚၾကတာ။ ဦးလိုပဲ လုပ္ႏိုင္ ကိုင္ႏိုင္တဲ့ လူေတြ

အမ်ားႀကီးပါ” လို႔ ဆက္လက္ ေျပာျပခဲ့ပါေသးတယ္။ ဝက္မကိုေတာ့ ‘’ရယ္စရာေပ်ာ္စရာ ဟာသကမာၻ’’ အစီအစဥ္ေတြမွာ အၿမဲတမ္း ေတြ႕ျမင္ေနရတာျဖစ္ပါတယ္။ သူ႔ကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ အဲဒီေနာက္မွာေတာ့ ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားေတြ မ်ားစြာ ႐ိုက္ကူးေနရသူလည္းျဖစ္ပါတယ္။ဝက္မရဲ႕ စကားသံဝဲဝဲ နဲ႔ ဟာသစကားေတြ ေျပာတတ္ပုံေတြကေတာ့ ပရိသတ္ေတြကို ပိုၿပီး သတိထားမိေစခဲ့တဲ့ အခ်က္ျဖစ္ပါတယ္။

Read in UNICODE

ဇာတ်ပို့သရုပ်ဆောင် ဝက်မ ကတော့ အနုပညာ အလုပ်တွေနဲ့ ဝေးကွာသွားခဲ့ရတဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်။ပရိသတ်အားပေးမှုတွေရရှိထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာဆိုရင် အောင်မြင်တဲ့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေကိုသာ ခေါ်ရိုက်ကြတာဆိုတဲ့အပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ “ အထူးသဖြင့် MRTV-4 ဇာတ်လမ်းတွဲတွေရိုက်တယ်။ အဲဒီမှာ

အပြင်က Professional တန်းက ဇာတ်ပို့ဇာတ်ရံတွေကို သုံးတာ သိပ်မတွေ့ဘူး။ သုံးရင်လည်း အောင်မြင်တဲ့ ဇာတ်ပို့ ဇာတ်ရံတွေလောက်ပဲ ခေါ်သုံးကြတာ ဦး တို့ အတွက်က မလွယ်တော့ဘူး။ ဗီဒီယိုတွေကလည်း ရပ်သွား ပြီ။ ရုပ်ရှင်ဆိုတာကလည်း ကန်ထရိုက်ဆိုတာကြီးကို အိပ်မက်တောင် မက်လို့ မရတော့ပါဘူး။ ကိုသားကြီး မဆုံးခင်တုန်းက အထိ ကန်ထရိုက်ဆိုတဲ့ အရသာကို အပြည့်အဝ ခံစားဖူးခဲ့ပါတယ်။ ကံတရားက

ဘာဖြစ်လို့ ကိုယ်တွေကို မတွေ့တာလဲ၊ တကယ်တမ်း ဒုက္ခရောက်နေတဲ့ သူတွေကို ဘာကြောင့် ခေါ်ပြီးတော့ မရိုက်တာလဲ ဆိုတာကို စိတ်မကောင်းဖြစ်တယ်” လို့ ဆိုပါတယ်။ ဝက်မ ဟာ အနုပညာအလုပ်ကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့သူ တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင် တစ်ယောက်ဖြစ်လာဖို့အထိ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသူပါတဲ့။ အခုချိန်မှာ ဇာတ်ကားတွေ မရိုက်ကြတော့တဲ့ အချိန်မှာ အရမ်းကို စိတ်မကောင်းဖြစ်နေမိတယ်လို့ သူကဆိုပါတယ်။ “ ငယ်ငယ်ကတည်းက ကိုယ်ရူူးသွပ်ခဲ့၊ ကိုယ်ဝါသနာပါခဲ့တာ

အနုပညာအလုပ်ပဲလေ။ Covid ကြီးပြီးရင်လည်း ကိုယ့်ရဲ့ ပရိသတ်တွေနဲ့ အမြန်ဆုံး ပြန်တွေ့ချင်တာပေါ့။ တစ်ခု အားငယ်တာကလေ အစ်ကိုတို့လို ဈေးကွက်မဝင်တဲ့ ဇာတ်ပို့ ဇာတ်ရံ တော်တော်များများကို မသုံးကြတွေ များတယ်။ အဲဒီအတွက် စိတ်မကောင်းဘူး။ ဥပမာပြောရရင် ဒီကာရိုက်တာကိုတော့ ငါ ရရင် ငါလုပ်နိုင်မှာပဲ၊ ငါနဲ့ဆိုရင် လိုက်မှာပဲ ဆိုတာ ရင်ထဲမှာ အတွေးမှာပဲရှိတယ်။ ဒါပေမယ့် သူတို့ ခေါ်သလားဆိုတော့ သူတို့ အနီးအနားမှာ ရှိတဲ့ လူလောက်ပဲ ခေါ်ကြတာ။ ဦးလိုပဲ လုပ်နိုင် ကိုင်နိုင်တဲ့ လူတွေ

အများကြီးပါ” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ ဝက်မကိုတော့ ‘’ရယ်စရာပျော်စရာ ဟာသကမ္ဘာ’’ အစီအစဉ်တွေမှာ အမြဲတမ်း တွေ့မြင်နေရတာဖြစ်ပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ များစွာ ရိုက်ကူးနေရသူလည်းဖြစ်ပါတယ်။ဝက်မရဲ့ စကားသံဝဲဝဲ နဲ့ ဟာသစကားတွေ ပြောတတ်ပုံတွေကတော့ ပရိသတ်တွေကို ပိုပြီး သတိထားမိစေခဲ့တဲ့ အချက်ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *