ကျောက်စိမ်းတုံးကြီးတွေ ဖြတ်တော့မှာဖြစ်လို့ ရင်ခုန်နေပြီး ကျောက်အောင်ဖို့ ဆုတောင်းပေးကြပါဆိုတဲ့ ဇေယျ
Read in UNICODE
ဇေယျကတော့ ချောမောခန့်ညားတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားပြီး မိန်းကလေးပရိသတ်တွေရဲ့အားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ် ။ ဇေယျက ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးခဲ့ပြီး အတော်လေးကို နာမည်ရအောင်မြင်ခဲ့တာ
ဖြစ်ပါတယ် ။ ဒါ့အပြင် ဇေယျက သရုပ်ဆောင်အဖြစ်ရော အဆိုတော်အဖြစ်ပါ လျှောက်လှမ်းခဲ့ရုံသာမက အစီအစဉ်တင်ဆက်သူအဖြစ်လည်း လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဇေယျက အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေပေမယ့် ပရိသတ်တွေ
ရဲ့အားပေးမှုကို ရရှိနေဆဲ ဖြစ်ပါတယ် ။ အမြဲတမ်းစတိုင်အပြည့်နဲ့ ချောမောခန့်ညားနေတဲ့ ဇေယျကတော့ လူငယ်လေးတစ်ယောက်လို လန်းဆန်းတက်ကြွနေတာ ဖြစ်ပါတယ် ။ အခုတော့ ဇေယျက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ကျောက်ဖြတ်တော့မှာဖြစ်လို့
ဆုတောင်းပေးဖို့ပြောထားတာ ဖြစ်ပါတယ် ။ဇေယျကတော့ “ကျောက်ဖြတ်တော့မယ်နော် ဆုတောင်းပေးကြဦး” ဆိုပြီး ကျောက်စိမ်းတုံးကြီးတွေနဲ့လုပ်ငန်းခွင်က ပုံရိပ်တွေကို မျှဝေထားတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ဇေယျရဲ့ပရိသတ်တွေနဲ့
သူ့ရဲ့သူငယ်ချင်းက ကျောက်အောင်စေဖို့ ဝိုင်းဝန်းဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။ ကဲ အလုပ်တွေကြိုးစားပမ်းစားလုပ်ကိုင်နေတဲ့ ဇေယျရဲ့ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Zay Ya’s Facebook | Reference & Credit : Myanmarlaod
Add a Comment
Your email address will not be published. Required fields are marked *