ဗန်းမော်ဆရာတော်ဘုရားကြီးကို ခြံထဲမှာ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ သီးနှံလေးတွေနဲ့ နေ့တိုင်း ဆွမ်းကပ်လှူနေတဲ့ ပိုပို
ကျောက်ဖရုံသီး နဲ့ ကြက်သားဟင်းချိုပုဇွန်ဟင်း ပဲနို့ပူတင်း များကို ကိုယ်တိုင် စိုက်ပျိုးပြီးချက်ပြုတ်ကာ ဗန်းမော်ဆရာတော်ဘုရားကြီးကို ဆပ်ကပ် လှူဒါန်းခဲ့ပါတယ်အထောက်အပံ့ဖြစ်ပါစေဘုရားရဲ့ ဘုန်းဘုန်းကို ကပ်လျှောက်ခဲ့သေးတယ် ” ဘုန်းဘုန်းဘုရား ပဲသီးဟင်းနဲ့
Read in UNICODE
အောင်မြင်နေတဲ့ အနပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ပိုပိုကတော့ အချစ် သီချင်းတွေနဲ့ ပရိသတ်ရင်ထဲရောက်ရှိလာသူလေးပဲဖြစ်ပါတယ်။ အနုပညာကိုလည်း တစိုက်မတ်မတ်လုပ်ကိုင်ကာ ဝါသနာပါပြီး ကြိုးစားအားထုတ်မှုတွေကြောင့် တစ်နေ့တစ်ခြားအောင်မြင်လာတာပဲ
ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေအပြင် သူမ အားလပ်တဲ့အချိန်လေးတွေမှာ ဘုရားတရားကို မပြတ်လုပ်ဆောင်နေကာ ဘာသာတရားကိုင်းရှိုင်းတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် သူမပိုင်ဆိုင်တဲ့ ခြံဝန်းလေးထဲမှာ သီးနှံလေးတွေကို စိုက်ပျိုးတက်သူပါ။ ဦးဦးဖျားဖျားထွက်ရှိတဲ့
သီးနှံလေးတွေကိုလည်း အလှူပြုလုပ်လျက်ရှိသူပါ။ ယနေ့မှာတော့ အဆိုတော်မလေး ပိုပိုက သူမရဲ့ ခြံဝန်းထဲကထွက်ရှိတဲ့ သီးနှံလေးတွေနဲ့ ဗန်းမော်ဆရာတော်ဘုရားကြီးကို နေ့စဉ်ဆွမ်းကပ်လှူနေတာလည်း ဖြစ်ပါတယ်။ ပိုပိုက “ယနေ့ ဆေးလွတ် ပဲသီးကြော် ( သံလွင်ဆီလေးကြော်ပါတယ်) နဲ့
This image has an empty alt attribute; its file name is 9aihdsa0gsd0asd3-768x1024.jpg
ကျောက်ဖရုံသီး နဲ့ ကြက်သားဟင်းချိုပုဇွန်ဟင်း ပဲနို့ပူတင်း များကို ကိုယ်တိုင် စိုက်ပျိူးပြီးချက်ပြုတ်ကာ ဗန်းမော်ဆရာတော်ဘုရားကြီးကို ဆပ်ကပ် လှူဒါန်းခဲ့ပါတယ်အထောက်အပံ့ဖြစ်ပါစေဘုရားရဲ့ ဘုန်းဘုန်းကို ကပ်လျှောက်ခဲ့သေးတယ် ” ဘုန်းဘုန်းဘုရား ပဲသီးဟင်းနဲ့
ကျောက်ဖရုံသီးက တပည့်တော် ကိုယ်တိုင် စိုက်ထားတာ ပါဘုရား ဆေးမဖြန်းပါဘူးဘုရား ဆိုတော့ ” “ဒါဆို စားစေချင်တာလား တဲ့” ပြုံးပြီး မိန့်တော်မူတယ် ” မှန်ပါ့ဘုရား ” ဆိုပြီး အနှောင့်ယှက်ဖြစ်မှာစိုးလို့ ပြန်ခဲ့ပါတယ် ပီတိဖြစ်ပြီး ပျော်တာကတော့ ပြောမနေပါနဲ့တော့
မလှူခင်ကတည်းက စေတနာ လှူနေဆဲ စေတနာကုသိုလ် လှူပြီး စေတနာ ကုသိုလ် စေတနာ သုံးတန်နဲ့ လှူခဲ့ပါတယ်” ဆိုပြီး ရေးသားထားတာပါ။ ဆွမ်းကပ်လှူရလို့ ဝမ်းမြောက်ပီတိဖြစ်နေတဲ့ ပိုပိုရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Po Po’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *