အိမ်နေရင်း မပြင်မဆင်နေပေမယ့် ယောကျာ်းဖြစ်သူ ဏကြီးရဲ့ ရုပ်တည်ကြီးနဲ့ ပြောခဲ့တဲ့ စကားကြောင့် ဗျာများသွားခဲ့ရတဲ့ ပိုင်ဖြိုးသု
Read in UNICODE
ပိုင်ဖြိုးသုကတော့ သူမထက်အသက် (၈)နှစ်ကျော်ကြီးတဲ့ ခင်ပွန်း ဒါရိုက်တာဏကြီးကို လက်ထပ်ထားတာ ဖြစ်ပါတယ်။ အသက်ငယ်တဲ့သူတစ်ယောက်ပီပီ ဏကြီးဆီမှာ ဂရုစိုက်အလိုက်လိုက်မှုတွေကို ရရှိထားတဲ့ ပိုင်ဖြိုးသုက ပရိသတ်တွေအားကျစရာ ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုင်ဖြိုးသုက အိမ်နေရင်းမပြင်မဆင်နေဖြစ်ပေမယ့်
ခင်ပွန်းဖြစ်သူဏကြီးရဲ့ စကားတစ်ခွန်းကြောင့် ဝမ်းသာခဲ့ရကြောင်း အခုလိုပဲပြသထားပါတယ်။ မြင်ယောင်ကြည့်ကြပါ….ဒေါ်သုက TVရှေ့မှာ အာလူးသီးရုပ်မျက်နှာပြောင်နဲ့ pajama ဝမ်းဆက်လေးဝတ် အာလူး‌ကြော်ထုပ်ကြီးကိုပိုက်ပြီး တဂျွမ်းဂျွမ်းဝါးစားပြီးရုပ်ရှင်ကြည့်နေတာလေ….အဲဒါကိုဦးဏကြီးက အခန်းဝကနေကိုယ့်ကိုပြုံးပြုံးကြီးကြည့်နေလို့ကိုယ်က”ဘာရဲ”(ပါးစပ်ထဲမှာအာလူးကြော်တွေပြည့်နေလို့စကားတောင်မပီဘူး)လို့မေးတာကို…။
“မင်ယောင်ကြည့်ကြပါ။ ဒေါ်သုက TVရှေ့မှာ အာလူးသီးရုပ်မျက်နှာပြောင်နဲ့ pajama ဝမ်းဆက်လေးဝတ် အာလူး‌ကြော်ထုပ်ကြီးကိုပိုက်ပြီး တဂျွမ်းဂျွမ်းဝါးစားပြီးရုပ်ရှင်ကြည့်နေတာလေ”.🥔🥔🥔 အဲဒါကိုဦးဏကြီးက အခန်းဝကနေကိုယ့်ကိုပြုံးပြုံးကြီးကြည့်နေလို့ကိုယ်က” ဘာရဲ” (ပါးစပ်ထဲမှာအာလူးကြော်တွေပြည့်နေလို့စကားတောင်မပီဘူး)လို့မေးတာကို” 😂😂😂 ပြုံးပြုံးကြီးနဲ့ “သဲလေးလိုကောင်မလေးကို
မိန်းမတော်ထားရတာကျွန်တော်အတော်ကံကောင်းတာပဲ” လို့ခန့်ခန့်ကြီးဖြေပြီးထွက်သွားတယ်😲ဒေါ်သုခမျာ စားလက်စအာလူးကြော်ထုပ်ကြီးပဲလွှတ်ချရမလို အလှပဲပြေးပြင်ရတော့မလို(၂)စက္ကန့်လောက်ဗျာများသွားပြီးမှခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ ဦးဏကြီးကသူပါဝါတွေတက်နေပြီထင်တယ်” “မျက်စိဆရာဝန်နဲ့လိုက်ပြပေးပြီးမျက်မှန်လုပ်ပေးပါလို့ ပြောထားတာ မေ့ချင်ယောင်ဆောင်နေမှ 🤫🤫🤫
သူအမြင်တွေမှန်သွားလို့မဖြစ်ဘူး”😈😈” ဆိုပြီး ဟာသလေးပြောလာတာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ သူမကို အရမ်းချစ်ပြီး အလိုလိုက် ဂရုစိုက်လွန်းတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုနဲ့ ဏကြီးရဲ့အဖြစ်လေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Paing Phyoe Thu’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *