ဘဝတစ္ေလ်ာက္လံုး သူမအေပၚ စိတ္ခ်မ္းသာမႈအျပည့္ေပးခဲ့တဲ့ ကြယ္လြန္ေလသူ ခင္ပြန္းအတြက္ (၁)ႏွစ္ျပည့္ အလွဴလုပ္ေပးခဲ့တဲ့ ဝါဝါဝင္းေရႊ

ေခတ္ေဟာင္းဖလင္ေခတ္ရဲ့ နာမည္ေက်ာ္မင္းသမီးၾကီး ဝါဝါဝင္းေရႊကေတာ့ အနုပညာေလာကမွာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့ျပီး အခု အသက္(၇၀)ေက်ာ္အရြယ္အထိ လႊမ္းမိုးမႈရိွေနဆဲ ျဖစ္ပါတယ္။ ဝါဝါဝင္းေရႊကေတာ့ အသက္အရြယ္အရ ဘုရားတရား ကုသိုလ္ေရးေတြကို အျမဲမျပတ္လုပ္ကိုင္ေလ့ရိွသူျဖစ္ေပမယ့္ ဒီကေန့မွာေတာ့ ထူးထူးျခားျခားအေနနဲ့

သြားေလသူခင္ပြန္းၾကီးရဲ့ (၁)နွစ္ျပည့္အတြက္ အလွဴအတန္းေတြလုပ္ျဖစ္တဲ့အေၾကာင္းကို အခုလိုပဲေျပာျပလာပါတယ္။ “ခြဲခြာသြားရက္​သူႀကီး​ေရ က်န္​ခဲ့သူရဲ႕လြမ္​းရက္​​ေတြက​ေတာ့ တစ္နွစ္​ တင္​းတင္​းျပည္​့ခဲ့ၿပီ​ေပါ့။ ခ်စ္​ဇနီး အ​ေပၚမွာတာဝန္​​ေက်ခဲ့သူ။ အတူ​ေနစဥ္​အတြင္​းဘဝတ​ေလ်ွာက္​ စိတ္​ခ်မ္​းသာမႈအျပည္​့​ေပးခဲ့သူ။ ​ေက်ာင္​းႀကီး​ေဆာက္​​ေတာ့​ေငြမ​ေလာက္​လို႔ ခ်စ္​မွာဝတ္​ထားတဲ့တလံုးထဲလက္​စြပ္​ကို

​ေရာင္​းလိုက္​မယ္​​ေနာ္​။ လွဴလွဴ ​ေနာက္​ပိုက္​ဆံရ​ေတာ့ အသစ္​ျပန္​လုပ္​​ေပါ့။ ဘယ္​​ေတာ့မွအလွဴ​ေပါင္​းမ်ားစြာကိုမဟန္​႔တားခဲ့သူ ဒယ္​ဒီ​ေရ.. ဘယ္​သူ ကိုဘယ္​​ေလာက္​​ေပးခ်င္​တယ္။ ​ေပး​ေပး ခ်စ္​မွာစိတ္​ခ်မ္​းသာရင္​​ေပး ဘယ္​​ေတာ့မွမကန္​႔ကြက္​ခဲ့သူ ကၽြန္မက စိတ္​ထက္​ စိတ္​ႀကီးတတ္​သူ။ သူက​ေတာ့ကိုလူ​ေအး၊ ကၽြန္မက ​ေလာဘ ​ေဒါသ ​ေတြ အလုပ္​နဲ႔ပါတ္​သက္​မ်ား​ေနရင္​ သူက စိတ္​​ေျပ​ေအာင္​့

​ေျဖာင္​့ျဖတတ္​သူ။ “ဒါ​ေၾကာင္​့ မိသားစု​ေတြ​ေရာ မိတ္​​ေဆြ​ေတြကပါ ကၽြန္မထက္​ သူ႔ ကိုပိုခ်စ္​ၾကတာခံရသူၾကာ​ေလ လြမ္​း​ေလ ပါဘဲ ဒယ္​ဒီ​ေရ။ ဒီ​ေန႔ ဒယ္​ဒီအတြက္​လွဴဒါန္းမႈ​ေတြက်န္​းမာ​ေရးမ​ေကာင္​းသူ​ေတြကို အဟာရဒါန လွဴ​ေနပါတယ္​။ တစ္နွစ္​ပါတ္​လံုး လွဴဒါန္​းမႈေတြကိုဒယ္​ဒီ သိရွိခံစား သာဓု​ေခၚပါ​ေနာ္​။ ​ဒယ္​ဒီနဲ႔တကြ သံုးဆယ္​တစ္ဘံုက်င္​လည္​ကုန္​ၾကသူအ​ေပါင္​းကိုလည္​း အမ်ွ အမ်ွ အမ်ွ ​ေပး​ေဝလိုက္​ပါ။” ဆိုျပီး

လြမ္းလြမ္းဆြတ္ဆြတ္္ေျပာလာတာပဲ ျဖစ္ပါတယ္။ ဝါဝါဝင္းေရႊကေတာ့ ကြယ္လြန္သြားတာ တစ္နွစ္တင္းတင္းျပည့္သြားျပီျဖစ္တဲ့ ခ်စ္ခင္ပြန္းကို ဒီေန့ဒီအခ်ိန္ထိ သတိရေအာက္ေမ့ရင္း အလွဴအတန္းေတြ ျပဳလုပ္ေပးေနတာပဲ ျဖစ္ပါတယ္။ ဝါဝါဝင္းေရႊနဲ့ ခင္ပြန္း ဦးသန္းထြဋ္လည္း မိသားစုေတြျပဳေပးသမွ် ေကာင္းမႈအစုစုကို ေရာက္ရာဘံုအရပ္ကေန သာဓုေခၚဆိုနိုင္မွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ခေတ်ဟောင်းဖလင်ခေတ်ရဲ့ နာမည်ကျော်မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး အခု အသက်(၇၀)ကျော်အရွယ်အထိ လွှမ်းမိုးမှုရှိနေဆဲ ဖြစ်ပါတယ်။ ဝါဝါဝင်းရွှေကတော့ အသက်အရွယ်အရ ဘုရားတရား ကုသိုလ်ရေးတွေကို အမြဲမပြတ်လုပ်ကိုင်လေ့ရှိသူဖြစ်ပေမယ့် ဒီကနေ့မှာတော့ ထူးထူးခြားခြားအနေနဲ့

သွားလေသူခင်ပွန်းကြီးရဲ့ (၁)နှစ်ပြည့်အတွက် အလှူအတန်းတွေလုပ်ဖြစ်တဲ့အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။ “ခွဲခွာသွားရက်သူကြီးရေ ကျန်ခဲ့သူရဲ့လွမ်းရက်တွေကတော့ တစ်နှစ် တင်းတင်းပြည့်ခဲ့ပြီပေါ့။ ချစ်ဇနီး အပေါ်မှာတာဝန်ကျေခဲ့သူ။ အတူနေစဉ်အတွင်းဘဝတလျှောက် စိတ်ချမ်းသာမှုအပြည့်ပေးခဲ့သူ။ ကျောင်းကြီးဆောက်တော့ငွေမလောက်လို့ ချစ်မှာဝတ်ထားတဲ့တလုံးထဲလက်စွပ်ကို

ရောင်းလိုက်မယ်နော်။ လှူလှူ နောက်ပိုက်ဆံရတော့ အသစ်ပြန်လုပ်ပေါ့။ ဘယ်တော့မှအလှူပေါင်းများစွာကိုမဟန့်တားခဲ့သူ ဒယ်ဒီရေ.. ဘယ်သူ ကိုဘယ်လောက်ပေးချင်တယ်။ ပေးပေး ချစ်မှာစိတ်ချမ်းသာရင်ပေး ဘယ်တော့မှမကန့်ကွက်ခဲ့သူ ကျွန်မက စိတ်ထက် စိတ်ကြီးတတ်သူ။ သူကတော့ကိုလူအေး၊ ကျွန်မက လောဘ ဒေါသ တွေ အလုပ်နဲ့ပါတ်သက်များနေရင် သူက စိတ်ပြေအောင့်

ဖြောင့်ဖြတတ်သူ။ “ဒါကြောင့် မိသားစုတွေရော မိတ်ဆွေတွေကပါ ကျွန်မထက် သူ့ ကိုပိုချစ်ကြတာခံရသူကြာလေ လွမ်းလေ ပါဘဲ ဒယ်ဒီရေ။ ဒီနေ့ ဒယ်ဒီအတွက်လှူဒါန်းမှုတွေကျန်းမာရေးမကောင်းသူတွေကို အဟာရဒါန လှူနေပါတယ်။ တစ်နှစ်ပါတ်လုံး လှူဒါန်းမှုတွေကိုဒယ်ဒီ သိရှိခံစား သာဓုခေါ်ပါနော်။ ဒယ်ဒီနဲ့တကွ သုံးဆယ်တစ်ဘုံကျင်လည်ကုန်ကြသူအပေါင်းကိုလည်း အမျှ အမျှ အမျှ ပေးဝေလိုက်ပါ။” ဆိုပြီး

လွမ်းလွမ်းဆွတ်ဆွတ်ပြောလာတာပဲ ဖြစ်ပါတယ်။ ဝါဝါဝင်းရွှေကတော့ ကွယ်လွန်သွားတာ တစ်နှစ်တင်းတင်းပြည့်သွားပြီဖြစ်တဲ့ ချစ်ခင်ပွန်းကို ဒီနေ့ဒီအချိန်ထိ သတိရအောက်မေ့ရင်း အလှူအတန်းတွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ဝါဝါဝင်းရွှေနဲ့ ခင်ပွန်း ဦးသန်းထွဋ်လည်း မိသားစုတွေပြုပေးသမျှ ကောင်းမှုအစုစုကို ရောက်ရာဘုံအရပ်ကနေ သာဓုခေါ်ဆိုနိုင်မှာ သေချာပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Wa Wa Win Shwe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *