အြန္လိုင္းကေန Live ေလး လႊင့္ၿပီး အႏုပညာေၾကးအမ်ားႀကီးမယူဘဲ ေဈးေရာင္းေပးေနတဲ့ ရဲေလးမ

ဇာတ္ပို႔သ႐ုပ္ေဆာင္ ရဲေလးမက ေဈးေရာင္းဖို႔ လာကမ္းလွမ္းၾကတဲ့ အလုပ္ရွင္ေတြ ရွိတာေၾကာင့္ အြန္လိုင္းေပၚကေန ေဈးေရာင္းေပးေနတယ္လို႔ဆိုပါတယ္။ Covid ကာလမွာ အခက္အခဲရွိေနတဲ့ သူ႔အေပၚအလုပ္ေပးၾကတဲ့ အလုပ္ရွင္တိုင္းကိုလည္း ေက်းဇူးတင္စကား ဆိုလာပါတယ္။ “ အစ္ကိုကေတာ့ အခု လတ္တေလာမွာ Live ေလး လႊင့္ၿပီးေဈးေတြ ေရာင္းျဖစ္ေနတယ္။ ရဲေလးမ ဆိုတဲ့ အႏုပညာရွင္တစ္ေယာက္ကို ပရိသတ္ေတြက ခ်စ္ခင္ၿပီးေတာ့ စာနာမႈနဲ႔ အလုပ္ေပးၾကတာ ျဖစ္တဲ့ အတြက္ ထမင္းရွင္၊ ေက်းဇူးရွင္

ျဖစ္သြားၿပီ။ ေခၚၿပီးေတာ့ ေရာင္းခိုင္းတဲ့ အတြက္ကိုလည္း ေက်းဇူးတင္တယ္။ ကိုယ္ အရမ္း ၾကပ္တည္းေနတဲ့ အခ်ိန္မွာ အခုလို ကူညီၾကတာ ေပ်ာ္ပါတယ္။ ေရာင္းရတာ မ်ားပါတယ္” ဆိုၿပီးေတာ့ ႐ုပ္ရွင္အစည္းအ႐ုံး အလႉမွာ ေျဖဆိုခဲ့တာပါ။ Covid ကာမွာ လုပ္ရတဲ့ အလုပ္ျဖစ္လို႔ အႏုပညာေၾကးကိုလည္း အမ်ားႀကီး မယူဘူးလို႔ ရဲေလးမက ဆိုပါတယ္။ အျပင္စီးပြားေရး အလုပ္ေတြထက္ အြန္လိုင္းေပၚကေန ေဈးေရာင္းရတဲ့ အေပၚ သူ႔ရဲ႕ သေဘာထားကို အခုလို ေျပာျပလာပါတယ္။ “ အႏုပညာေၾကးကေတာ့ သူတို႔

ေပးသေလာက္ယူတယ္။ သူတို႔ကလည္း အစ္ကို႔ကို ေပးတဲ့ အႏုပညာေၾကး မနည္းပါဘူး။ ညီမေလး ဘယ္ေလာက္ေပးႏိုင္မလဲ၊ ညီေလးကေရာ ဘယ္ေလာက္ ေပးႏိုင္သလဲ ညႇိေပးတယ္။ Covid ကာလအျပင္မထြက္ရပဲ အိမ္ထဲမွာပဲ ဒီလိုေလးေတြ ေရာင္းေနတဲ့ အခါက်ေတာ့ သူတို႔ကလည္း ကိုယ္ေတြကို အကူအညီေတာင္းတယ္။ ကိုယ္ေတြကလည္း ေမတၱာတရားျပန္ထားတယ္။ အခုမွ ေျမစမ္း ခရမ္းပ်ိဳးတဲ့ အလုပ္ေတြကလည္း

လာေခၚလို႔ လုပ္လိုက္တယ္။ အစ္ကို႔ကို လာေခၚၿပီဆိုတာနဲ႔ တတ္ႏိုင္သမွ် အကူအညီေပးလိုက္တယ္” လို႔ သူကဆိုပါတယ္။ ရဲေလးမကိုေတာ့ ေဒၚထားအဖြဲ႕က ဇာတ္ပို႔ဇာတ္ရံတစ္ဦးအျဖစ္ ပရိသတ္ေတြ သတိထားမိမွာပါ။ ခ်စ္စရာေကာင္းတဲ့ အေျခာက္ဇာတ္႐ုပ္ေတြ ပီျပင္လြန္းတာ ေၾကာင့္လည္း ပရိသတ္အခ်စ္ကို ရရွိပိုင္ဆိုင္ေနတာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ႐ိုက္ကူးေနရတာလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ အႏုပညာသက္တမ္းကလည္း အခုဆိုရင္ ၁၀ စုႏွစ္တစ္ခုကို ေရာက္ရွိလို႔ေနပါၿပီ။

Read in UNICODE

ဇာတ်ပို့သရုပ်ဆောင် ရဲလေးမက ဈေးရောင်းဖို့ လာကမ်းလှမ်းကြတဲ့ အလုပ်ရှင်တွေ ရှိတာကြောင့် အွန်လိုင်းပေါ်ကနေ ဈေးရောင်းပေးနေတယ်လို့ဆိုပါတယ်။ Covid ကာလမှာ အခက်အခဲရှိနေတဲ့ သူ့အပေါ်အလုပ်ပေးကြတဲ့ အလုပ်ရှင်တိုင်းကိုလည်း ကျေးဇူးတင်စကား ဆိုလာပါတယ်။ “ အစ်ကိုကတော့ အခု လတ်တလောမှာ Live လေး လွှင့်ပြီးဈေးတွေ ရောင်းဖြစ်နေတယ်။ ရဲလေးမ ဆိုတဲ့ အနုပညာရှင်တစ်ယောက်ကို ပရိသတ်တွေက ချစ်ခင်ပြီးတော့ စာနာမှုနဲ့ အလုပ်ပေးကြတာ ဖြစ်တဲ့ အတွက် ထမင်းရှင်၊ ကျေးဇူးရှင်

ဖြစ်သွားပြီ။ ခေါ်ပြီးတော့ ရောင်းခိုင်းတဲ့ အတွက်ကိုလည်း ကျေးဇူးတင်တယ်။ ကိုယ် အရမ်း ကြပ်တည်းနေတဲ့ အချိန်မှာ အခုလို ကူညီကြတာ ပျော်ပါတယ်။ ရောင်းရတာ များပါတယ်” ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံး အလှူမှာ ဖြေဆိုခဲ့တာပါ။ Covid ကာမှာ လုပ်ရတဲ့ အလုပ်ဖြစ်လို့ အနုပညာကြေးကိုလည်း အများကြီး မယူဘူးလို့ ရဲလေးမက ဆိုပါတယ်။ အပြင်စီးပွားရေး အလုပ်တွေထက် အွန်လိုင်းပေါ်ကနေ ဈေးရောင်းရတဲ့ အပေါ် သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ “ အနုပညာကြေးကတော့ သူတို့

ပေးသလောက်ယူတယ်။ သူတို့ကလည်း အစ်ကို့ကို ပေးတဲ့ အနုပညာကြေး မနည်းပါဘူး။ ညီမလေး ဘယ်လောက်ပေးနိုင်မလဲ၊ ညီလေးကရော ဘယ်လောက် ပေးနိုင်သလဲ ညှိပေးတယ်။ Covid ကာလအပြင်မထွက်ရပဲ အိမ်ထဲမှာပဲ ဒီလိုလေးတွေ ရောင်းနေတဲ့ အခါကျတော့ သူတို့ကလည်း ကိုယ်တွေကို အကူအညီတောင်းတယ်။ ကိုယ်တွေကလည်း မေတ္တာတရားပြန်ထားတယ်။ အခုမှ မြေစမ်း ခရမ်းပျိုးတဲ့ အလုပ်တွေကလည်း

လာခေါ်လို့ လုပ်လိုက်တယ်။ အစ်ကို့ကို လာခေါ်ပြီဆိုတာနဲ့ တတ်နိုင်သမျှ အကူအညီပေးလိုက်တယ်” လို့ သူကဆိုပါတယ်။ ရဲလေးမကိုတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင် ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *