ပိုင်ဆိုင်တဲ့ ရွှေငွေတွေ ရောင်းထုတ်ပြီး မိုင်းဖုန်းဆရာတော် ဘုရားကြီး အဓိဌာန်ဝင်တဲ့ဂူမှာ လမ်းခင်းဖို့ ထပ်မံလှူဒါန်းခဲ့တဲ့ မယ်လိုဒီ
Read in UNICODE
ကြည်လင်ဝင်းပတဲ့အသားအရည်လေးနဲ့ အရွယ်တင်နုပျိုနေပြီးဆယ်ကျော်‌သက်လေးတွေနဲ့အပြိုင်အလှပိုနေတဲ့ မင်းသမီးလေးမယ်လိုဒီကို ပရိတ်သတ်ကြီးသိကြမယ်ထင်ပါတယ်နော်။ သူဟာဗီဒီယိုဇာတ်ကားတွေ ကြော်ငြာတွေနဲ့အနုပညာလောကထဲစတင်
ဝင်ရောက်လာခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားတာပါနော်။ မယ်လိုဒီဟာ ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းလိုက်တာလည်းဖြစ်ပြီး သားလေးသိဒ္ဓိစစ်နဲ့အတူ single motherတစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ မယ်လိုဒီဟာ
အလှူအတန်းနဲ့ပက်သက်ရင်လည်း ရက်ရက်ရောရောလှူဒါန်းတတ်တဲ့သူဖြစ်ပြီး ဘာသာတရားလည်းကိုင်းရှိုင်းတဲ့မင်းသမီးချောလေးဖြစ်ပါတယ်။ မကြာသေးမီက မယ်လိုဒီဟာသူမရဲ့ Facebookစာမျက်နှာတွင် “မိုင်းဖုန်းဆရာတော်ဘုရားအဓိဌာန်ဝင်တဲ့မုံးကျက်ဂူ
သို့သွားရာ တောင်တက်ကားလမ်း ကွန်ကရစ်ခင်းဖို့၁၀၀ပေ ၃၅၀၀၀၀၀ လှူနိုင်ပါပြီပထမ၁၀ပေ၃၅၀၀၀စုစုပေါင်း၁၁၀ပေ၃၈၅၀၀၀၀ကျပ်တိတိပိုက်ဆံရှာတာလေးများအလွယ်လေးမီးခံသေတ္တာဖွင့်ပြီး စိန်နန်းတော် အောင်သမာဓိ ရွှေစင် ဇွဲထက် ကြိုက်တာ
ယူရောင်းရုံဘဲပြုသမျှကုသိုလ်ထပ်တူရကြရပါစေရှင်ကုသိုလ်ပွားများနိုင်ကြပါစေNang Kham Yone ကိုဗစ်ဖြစ်လည်း မီးခံသေတ္တာက ကြံ့ခိုင်ပါသေးတယ်မနက်ဖြန်လွဲမယ်နော်” ဆိုပီးရေးထားပါတယ်။ ကဲ….ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Melody Myo’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *