ဘုန်းဆက်သွင်နဲ့ ရှင်မွေလကို သီချင်းလေးဆိုရင်း စနောက်ကျီစယ်ပြီး ကပြခဲ့တဲ့ ခေးဆက်သွင်
Read in UNICODE
မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေကြားမှာ နေရာတစ်နေရာရရှိပြီး အောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ ခေးဆက်သွင်က “အရိပ်၊ ဆုံစည်းခြင်းမိုးတိမ်များ၊နှင်းဆီ” စတဲ့ ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်ခဲ့တာပဲ
ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ခေးဆက်သွင်က ကြော်ငြာလေးတွေရိုက်ကူးနေရပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ လွတ်လပ်ပေါ့ပါးတဲ့စတိုင်လေးနဲ့ ပျော်ပျော်နေတတ်တဲ့ ခေးဆက်သွင်က အခုလည်း သူငယ်ချင်းတွေနဲ့အတူ ဆုံတုန်းမှာ
အခွီဗီဒီယိုလေးတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ခေးဆက်သွင်က ဘုန်းဆက်သွင်၊စိုပြေမြင့်တို့နဲ့အတူ ပျော်ပျော်ပါးပါး Tik Tok ကစားခဲ့တာ ဖြစ်ပါတယ် ။ ဒီတစ်ခါမှာတော့ ခေးဆက်သွင်တို့သူငယ်ချင်းသုံးယောက်က တစ်ယောက်တစ်မျိုးစီ ရုပ်ပြောင်လေးတွေလုပ်ပြထားကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ခေးဆက်သွင်က သူငယ်ချင်း ဘုန်းဆက်သွင်နဲ့ ရှင်မွေလတို့နှစ်ယောက်ကို သီချင်းဆိုပြရင်း စနောက်ကျီစယ်နေတာလည်း ဖြစ်ပါတယ်။ ခေးကတော့ သူငယ်ချင်းတွေကိုစနောက်လိုက်
သီချင်းလေးဆိုလိုက်နဲ့ ပျော်ပျော်ပါးပါးကနေတာကလည်း ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခေးဆက်သွင်၊ ဘုန်းဆက်သွင်နဲ့ စိုပြေမြင့်၊ ရှင်မွေလတို့သူငယ်ချင်းတစ်စုရဲ့ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Phone Sett Thwin’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *