လူေတြၾကားထဲ မသြားခ်င္ရေလာက္တဲ့အထိ အခက္အခဲေတြၾကံဳေနၿပီး စိတ္ဓာတ္ေတြက်ေနၿပီဆိုတဲ့ ထက္ထက္မိုးဦး

ထက္ထက္မိုးဦးဟာ ငယ္ငယ္က မိဘေတြနဲ႔ အတူေနခြင့္မရခဲ့ဘူးလို႔ ဝမ္းနည္းစြာ ေျပာျပလာပါတယ္။ အေဖ နဲ႔ အတူမေနခဲ့ရေပမယ့္လည္း အခုခ်ိန္မွာ က်န္းမာေရး မေကာင္းျဖစ္ေနတဲ့ ဖခင္ျဖစ္သူကိုအနားမွာေနၿပီး ျပဳစုေစာင့္ေရွာက္ရင္း ေက်းဇူးဆပ္သြားမယ္လို႔ ေျပာလာပါတယ္။ “ငယ္တုန္းကေတာ့ မိဘနဲ႔ မေနရဘူး။ ဟိုလူ႔နား ေျပးကပ္ေန၊ ဒီလူ႔နား ေျပးကပ္ေန ရတယ္။ တစ္ခါတေလက်ရင္ အေဖ့ကိုလည္း စိတ္မေကာင္းဘူး ငယ္ငယ္တုန္းကေတာ့ ပစ္ထားၿပီးေတာ့ အခုက်ေတာ့ အကုန္လုံးက ခါးစည္းၿပီး ကိုယ္တစ္ေယာက္တည္း ခံရတာဆိုေတာ့ စိတ္မေကာင္းဘူး။သားသမီးတိုင္းကေတာ့ မိဘေက်းဇူး ဆပ္ရတာပဲ။ အေကာင္းဆုံးေတာ့ ကိုယ္ဆပ္သြားမယ္။ အေဖျဖစ္ရင္ ဘာပဲျဖစ္ျဖစ္ အစြမ္းကုန္

ကိုယ္မရ ရေအာင္ လုပ္ေပးမယ္ ဆိုၿပီးေတာ့ စိတ္အားတင္းၿပီးေတာ့ ေနေနတာပဲ။ စိတ္ဓာတ္ကေတာ့ အရမ္းက်တယ္။ လူေတြ ၾကားထဲလည္း မသြားခ်င္ဘူး။ ကိုယ္ရင္ဆိုင္ရတဲ့ အခက္အခဲေတြ ကိုယ္ပဲ သိတယ္။ ဘယ္သူမွ မသိဘူး” ဆိုၿပီးေတာ့ ဇူလိုင္ ၂၁ ရက္ေန႔က ေျပာခဲ့တာပါ။ အႏုပညာရွင္ေတြအမ်ားႀကီးရွိေပမယ့္ ကိုယ့္က်မွ အခက္အခဲေတြ ႀကဳံရေလသလားလို႔ေတာင္ ေတြးမိတယ္လို႔ ထက္ထက္မိုးဦးက ဆိုပါတယ္။ ဘဝမွာ ေရွ႕ဆက္မေလွ်ာက္ခ်င္ေလာက္တဲ့ အထိ စိတ္ဓာတ္ေတြ က်ေနမိတယ္လို႔ ထက္ထက္မိုးဦးက ဆက္လက္ ေျပာျပခဲ့တာပါ။ “ မင္းသမီးေတြလည္း အမ်ားႀကီးပဲ ကိုယ့္လို ႏွလုံးခြဲရတယ္ဆိုတာ

မရွိဘူး၊ ကိုယ့္လို လည္ပင္းခြဲ ရတဲ့သူ ေတြလည္း မရွိဘူး။ က်န္တဲ့ သူေတြလည္း ကိုယ့္လို ဗိုက္ကို အႀကိမ္ႀကိမ္ ခြဲရတယ္ဆိုတာ မရွိဘူး။ ေၾသာ္ .. ငါ့က်မွ ျဖစ္ရေလသလားေပါ့ေနာ္။ တစ္ခါတေလက်ရင္ လူ႔ဘဝႀကီးမွာ ေရွ႕ဆက္မေလွ်ာက္ခ်င္ေတာ့ ေလာက္ေအာင္ ေတြးမိတယ္။ ဒီပိုက္ဆံ တစ္ခုတည္း ခက္ခဲတာ မဟုတ္ဘူး။ က်န္တဲ့အရာေတြ အကုန္လုံးကလည္း အမ်ားႀကီးပဲ ခက္ခဲတယ္။ ကိုယ္ဘယ္ေလာက္ ေကာင္းေအာင္ေနေန၊ ဘာႀကီးပဲ ေပးဆပ္ ေပးဆပ္ ဘယ္အရာကမွ အသိအမွတ္မျပဳဘူး၊ အေကာင္းမထင္ဘူး။ ဝမ္းလည္းနည္းတယ္၊ စိတ္ဓာတ္လည္း က်တယ္”လို႔ မီဒီယာေတြ အေရွ႕မွာ သူမရဲ႕ အေၾကာင္းေတြ ေျပာျပရင္း မ်က္ရည္က်လာခဲ့ပါတယ္။ ထက္ထက္မိုးဦး ဟာ

ေ႐ႊစင္ ရတနာေ႐ႊဆိုင္ ေၾကာ္ျငာကေနတဆင့္ ကေလးေရာ၊ လူႀကီးပါ မက်န္ တခဲနက္ အားေပးခဲ့ၾကတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပါ။ တစ္ေခတ္တခါ က ေၾကာ္ျငာဘုရင္မေလး လို႔ေတာင္ တင္စားေခၚေဝၚခဲ့ၾကတာျဖစ္ပါတယ္။ ထက္ထက္မိုးဦးရဲ႕ ခ်စ္စရာေကာင္းတဲ့ အမူအရာေလးေတြက ပရိသတ္ကို အခ်စ္မေလွ်ာ့ေအာင္ အၿမဲဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီေနာက္ ႐ုပ္ရွင္ဇာတ္ကား ေပါင္းမ်ားစြာ၊ တီဗီေၾကာ္ျငာေပါင္း မ်ားစြာ တို႔ကိုလည္း ႐ိုက္ကူးခဲ့သူ ျဖစ္ပါတယ္။ သူမကေတာ့ ၁၉၉၁ ခုႏွစ္က အႏုပညာေလာကထဲကို ပထမဆုံးအႀကိမ္ စတင္ဝင္ေရာက္လာသူပါ။ အဲဒီေနာက္ ၁၉၉၆ ခုႏွစ္မွာေတာ့ ပန္းသခင္ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ပထမဆုံးအႀကိမ္ ရရွိခဲ့ပါတယ္။ ေနာက္ထပ္လည္း ‘’ သမီးမိုက္’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ဒုတိယအႀကိမ္ေျမာက္ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကိုရရွိခဲ့ သူ ျဖစ္ပါတယ္။

Read in UNICODE

ထက်ထက်မိုးဦးဟာ ငယ်ငယ်က မိဘတွေနဲ့ အတူနေခွင့်မရခဲ့ဘူးလို့ ဝမ်းနည်းစွာ ပြောပြလာပါတယ်။ အဖေ နဲ့ အတူမနေခဲ့ရပေမယ့်လည်း အခုချိန်မှာ ကျန်းမာရေး မကောင်းဖြစ်နေတဲ့ ဖခင်ဖြစ်သူကိုအနားမှာနေပြီး ပြုစုစောင့်ရှောက်ရင်း ကျေးဇူးဆပ်သွားမယ်လို့ ပြောလာပါတယ်။ “ငယ်တုန်းကတော့ မိဘနဲ့ မနေရဘူး။ ဟိုလူ့နား ပြေးကပ်နေ၊ ဒီလူ့နား ပြေးကပ်နေ ရတယ်။ တစ်ခါတလေကျရင် အဖေ့ကိုလည်း စိတ်မကောင်းဘူး ငယ်ငယ်တုန်းကတော့ ပစ်ထားပြီးတော့ အခုကျတော့ အကုန်လုံးက ခါးစည်းပြီး ကိုယ်တစ်ယောက်တည်း ခံရတာဆိုတော့ စိတ်မကောင်းဘူး။သားသမီးတိုင်းကတော့ မိဘကျေးဇူး ဆပ်ရတာပဲ။ အကောင်းဆုံးတော့ ကိုယ်ဆပ်သွားမယ်။ အဖေဖြစ်ရင် ဘာပဲဖြစ်ဖြစ် အစွမ်းကုန်

ကိုယ်မရ ရအောင် လုပ်ပေးမယ် ဆိုပြီးတော့ စိတ်အားတင်းပြီးတော့ နေနေတာပဲ။ စိတ်ဓာတ်ကတော့ အရမ်းကျတယ်။ လူတွေ ကြားထဲလည်း မသွားချင်ဘူး။ ကိုယ်ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ကိုယ်ပဲ သိတယ်။ ဘယ်သူမှ မသိဘူး” ဆိုပြီးတော့ ဇူလိုင် ၂၁ ရက်နေ့က ပြောခဲ့တာပါ။ အနုပညာရှင်တွေအများကြီးရှိပေမယ့် ကိုယ့်ကျမှ အခက်အခဲတွေ ကြုံရလေသလားလို့တောင် တွေးမိတယ်လို့ ထက်ထက်မိုးဦးက ဆိုပါတယ်။ ဘဝမှာ ရှေ့ဆက်မလျှောက်ချင်လောက်တဲ့ အထိ စိတ်ဓာတ်တွေ ကျနေမိတယ်လို့ ထက်ထက်မိုးဦးက ဆက်လက် ပြောပြခဲ့တာပါ။ “ မင်းသမီးတွေလည်း အများကြီးပဲ ကိုယ့်လို နှလုံးခွဲရတယ်ဆိုတာ

မရှိဘူး၊ ကိုယ့်လို လည်ပင်းခွဲ ရတဲ့သူ တွေလည်း မရှိဘူး။ ကျန်တဲ့ သူတွေလည်း ကိုယ့်လို ဗိုက်ကို အကြိမ်ကြိမ် ခွဲရတယ်ဆိုတာ မရှိဘူး။ သြော် .. ငါ့ကျမှ ဖြစ်ရလေသလားပေါ့နော်။ တစ်ခါတလေကျရင် လူ့ဘဝကြီးမှာ ရှေ့ဆက်မလျှောက်ချင်တော့ လောက်အောင် တွေးမိတယ်။ ဒီပိုက်ဆံ တစ်ခုတည်း ခက်ခဲတာ မဟုတ်ဘူး။ ကျန်တဲ့အရာတွေ အကုန်လုံးကလည်း အများကြီးပဲ ခက်ခဲတယ်။ ကိုယ်ဘယ်လောက် ကောင်းအောင်နေနေ၊ ဘာကြီးပဲ ပေးဆပ် ပေးဆပ် ဘယ်အရာကမှ အသိအမှတ်မပြုဘူး၊ အကောင်းမထင်ဘူး။ ဝမ်းလည်းနည်းတယ်၊ စိတ်ဓာတ်လည်း ကျတယ်”လို့ မီဒီယာတွေ အရှေ့မှာ သူမရဲ့ အကြောင်းတွေ ပြောပြရင်း မျက်ရည်ကျလာခဲ့ပါတယ်။ ထက်ထက်မိုးဦး ဟာ

ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမကတော့ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ သူ ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *