ေမြးေန႔မွာ ဧည့္သည္ေတြ မဖိတ္ပဲ မိသားစု သီးသန္႔ အလွဴေလးေတြ ျပဳလုပ္သြားမယ္ဆိုတဲ့ သက္မြန္ျမင့္

ဇူလိုင္(၂၃) ရက္ေန႔ကေတာ့ အကယ္ဒမီ သ႐ုပ္ေဆာင္ သက္မြန္ျမင့္ရဲ႕ ေမြးေန႔ ျဖစ္ပါတယ္။ သူမရဲ႕ ေမြးေန႔ ကို သီလရွင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္းနဲ႔ မိဘမဲ့ေက်ာင္းေတြမွာ အလႉအတန္းေတြ လုပ္သြားမယ္လို႔ ဆိုပါတယ္။ “ သက္မြန္ရဲ႕ ေမြးေန႔ေလးမွာ လူစုလူေဝးလည္း မလုပ္ရဘူးဆိုေတာ့ အလႉပြဲေတြ ဘာညာေတာ့ သိပ္မလုပ္ျဖစ္ဘူး။ သီလရွင္ေက်ာင္းတစ္ခုမွာ ဆြမ္းကပ္မယ္။ ဆြမ္းကပ္တာကလည္း ကိုယ္ေတြ မိသားစုေလာက္ပါပဲ။ ဧည့္သည္လည္း မဖိတ္ပဲ

သြားလႉမယ္။ တျခား ဘုန္းႀကီးေက်ာင္းေတြမွာလည္း ဆန္၊ ဆီ၊ ဆား တစ္ခုခုေပါ့ေနာ္ လိုအပ္တာေလးေတြကို လႉသြားမယ္။ မိဘမဲ့ေက်ာင္းေလးေတြလည္း လႉမယ္” ဆိုၿပီးေတာ့ ဇူလိုင္(၂၂) ရက္ေန႔ ည ၈ နာရီက သူမရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ Live လႊင့္ရင္း ေျပာျပခဲ့တာပါ။ သက္မြန္ျမင့္ဟာ အႏုပညာသက္တမ္း ႏွစ္(၂၀) ေက်ာ္လာၿပီျဖစ္ပါတယ္။ ပရိသတ္အားေပးမႈေတြေၾကာင့္ အႏုပညာအလုပ္ေတြ လုပ္ခြင့္ရတဲ့ အတြက္ အခုလို အလႉအတန္းေတြ လုပ္ႏိုင္ခဲ့တာလို႔လည္း သူက ဆိုပါတယ္။ “ ေမြးေန႔မွာ

သက္မြန္ အခုလို လႉႏိုင္တာကလည္း သက္မြန္ကို ခ်စ္တဲ့ ပရိသတ္ေတြ အမ်ားႀကီးရွိလို႔ လႉႏိုင္တာပါ။ ဒါကလည္း ပရိသတ္ေတြရဲ႕ အလႉပါပဲ။ ပရိသတ္နဲ႔ သက္မြန္ အတူတူ လႉၾကမယ္။ သက္မြန္ လႉတာေတြအားလုံးသည္ ပရိသတ္လည္း လႉတာ ျဖစ္တဲ့ အတြက္ သာဓုေခၚပါ၊ အမွ် ယူပါလို႔ ႀကိဳ ၿပီးေတာ့ ေျပာျပတာပါ” လို႔ ဆက္လက္ ေျပာျပထားပါတယ္။ သက္မြန္ျမင့္ဟာ အႏုပညာေလာကထဲကို အသက္(၁၈) ႏွစ္ကတည္းက

ဝင္ေရာက္လာခဲ့သူျဖစ္ပါတယ္။ သူမက VCD သီခ်င္းေတြမွာ စတင္ သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြ အားေပးမႈ ရရွိခဲ့တာပါ။ အခုဆိုရင္ေတာ့ ပရိသတ္အခိုင္အမာ ရရွိလာတဲ့ ထိပ္တန္း မင္းသမီးတစ္ေယာက္ျဖစ္လို႔ေနပါၿပီ။ သက္မြန္ျမင့္ရဲ႕ ထူးျခားခ်က္ကေတာ့ ခ်စ္စရာေကာင္းတဲ့ မ်က္ဝန္း၊ ေအးခ်မ္းတဲ့ အၿပဳံးကို ပိုင္ဆိုင္ထားတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ၿပီး အရပ္ျမင့္ျမင့္၊ ခႏၶာကိုယ္ ေတာင့္ေတာင့္ေလးနဲ႔ လွပတဲ့မိန္းကေလးတစ္ေယာက္ပါ။ အႏုပညာကို ဝါသနာပါလြန္းတာေၾကာင့္ ေမြးရပ္ေျမ

ခ်င္းေတာင္တန္းကေန ရန္ကုန္ကို ေရာက္ရွိလာတဲ့ ခ်င္းတိုင္းရင္းသူေလး တစ္ေယာက္ပါ။ လက္ရွိမွာေတာ့ သက္မြန္ျမင့္က အကယ္ဒမီဆု (၂) ဆုကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ၂၀၁၀ ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ ဆုကို ‘’အာဒံရယ္ ဧဝရယ္ ဒႆရယ္ ‘’ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ပထမဆုံး အကယ္ဒမီဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၆ ခုႏွစ္ အတြက္ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ‘’ ခ်စ္လွစြာေသာ အမုန္း’’ ဇာတ္ကားနဲ႔ ဒုတိယအႀကိမ္ေျမာက္ ရရွိခဲ့တာျဖစ္ပါတယ္။

Read in UNICODE

ဇူလိုင်(၂၃) ရက်နေ့ကတော့ အကယ်ဒမီ သရုပ်ဆောင် သက်မွန်မြင့်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ ကို သီလရှင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ မိဘမဲ့ကျောင်းတွေမှာ အလှူအတန်းတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ “ သက်မွန်ရဲ့ မွေးနေ့လေးမှာ လူစုလူဝေးလည်း မလုပ်ရဘူးဆိုတော့ အလှူပွဲတွေ ဘာညာတော့ သိပ်မလုပ်ဖြစ်ဘူး။ သီလရှင်ကျောင်းတစ်ခုမှာ ဆွမ်းကပ်မယ်။ ဆွမ်းကပ်တာကလည်း ကိုယ်တွေ မိသားစုလောက်ပါပဲ။ ဧည့်သည်လည်း မဖိတ်ပဲ

သွားလှူမယ်။ တခြား ဘုန်းကြီးကျောင်းတွေမှာလည်း ဆန်၊ ဆီ၊ ဆား တစ်ခုခုပေါ့နော် လိုအပ်တာလေးတွေကို လှူသွားမယ်။ မိဘမဲ့ကျောင်းလေးတွေလည်း လှူမယ်” ဆိုပြီးတော့ ဇူလိုင်(၂၂) ရက်နေ့ ည ၈ နာရီက သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်း ပြောပြခဲ့တာပါ။ သက်မွန်မြင့်ဟာ အနုပညာသက်တမ်း နှစ်(၂၀) ကျော်လာပြီဖြစ်ပါတယ်။ ပရိသတ်အားပေးမှုတွေကြောင့် အနုပညာအလုပ်တွေ လုပ်ခွင့်ရတဲ့ အတွက် အခုလို အလှူအတန်းတွေ လုပ်နိုင်ခဲ့တာလို့လည်း သူက ဆိုပါတယ်။ “ မွေးနေ့မှာ

သက်မွန် အခုလို လှူနိုင်တာကလည်း သက်မွန်ကို ချစ်တဲ့ ပရိသတ်တွေ အများကြီးရှိလို့ လှူနိုင်တာပါ။ ဒါကလည်း ပရိသတ်တွေရဲ့ အလှူပါပဲ။ ပရိသတ်နဲ့ သက်မွန် အတူတူ လှူကြမယ်။ သက်မွန် လှူတာတွေအားလုံးသည် ပရိသတ်လည်း လှူတာ ဖြစ်တဲ့ အတွက် သာဓုခေါ်ပါ၊ အမျှ ယူပါလို့ ကြို ပြီးတော့ ပြောပြတာပါ” လို့ ဆက်လက် ပြောပြထားပါတယ်။ သက်မွန်မြင့်ဟာ အနုပညာလောကထဲကို အသက်(၁၈) နှစ်ကတည်းက

ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ သူမက VCD သီချင်းတွေမှာ စတင် သရုပ်ဆောင်ရင်း ပရိသတ်တွေ အားပေးမှု ရရှိခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ သက်မွန်မြင့်ရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ

ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။ လက်ရှိမှာတော့ သက်မွန်မြင့်က အကယ်ဒမီဆု (၂) ဆုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *