ႏိုင္ငံျခားမွာ ေက်ာင္းတက္ေနရင္း ကိုဗစ္ေၾကာင့္ အိမ္ျပန္မလာႏိုင္တဲ့ သမီးေလးကို အရမ္းလြမ္းၿပီး ေတြ႕ခ်င္ေနတဲ့ သႏၲာလႈိင္

ေမာ္ဒယ္သႏၲာလႈိင္ကေတာ့ ေအာင္ျမင္လ်က္ရွိေနတဲ့ ေမာ္ဒယ္တစ္ေယာက္ျဖစ္ၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို အခိုင္အမာရယူထားႏိုင္ကာ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနၿပီး ေၾကာ္ျငာေတြကို႐ိုက္ကူးလ်က္ရွိေနသူေလးပဲျဖစ္ပါတယ္။ေအးခ်မ္းသာယာတဲ့

မိသားစုဘဝေလးကို တည္ေဆာက္ထားႏိုင္ခဲ့တဲ့ သူမကေတာ့ ယခုမွာ ႏိုင္ငံျခားမွာ ေက်ာင္းတတ္ေနၿပီး Covidေၾကာင့္ ျပန္လာလို႔မရေသးတဲ့ သမီးေခ်ာေခ်ာေလးကို လြမ္းဆြတ္သတိရေနခဲ့ပါတယ္။ သူမကေတာ့ ” သူေလး ဆယ္ေက်ာ္သက္ျဖစ္လာတဲ့အခါ အေမနဲ႔

ရင္ဘတ္ခ်င္းမနီးစပ္မွာ စိုးရိမ္ခဲ့ရသမွ် တကယ္တမ္းက်ေတာ့ သူ႔ကို ငါပိုင္တဲ့ ငါ့ရဲ႕ သမီးလို႔ မဆက္ဆံပဲ သူဟာလဲ သူ႔စိတ္ သူ႔ဆႏၵေတြနဲ႔ ကိုယ္ေလးစားရတဲ့ လူငယ္ေလးတစ္ေယာက္ရယ္လို႔ ျမင္တဲ့အတိုင္း ဆက္ဆံလိုက္တဲ့အခါမွာေတာ့ အေမနဲ႔ တိုင္ပင္ေဖၚတိုင္ပင္ဖက္

အရင္ႏွီးဆုံး မိတ္ေဆြေကာင္း တစ္ေယာက္ရလိုက္သလိုပါပဲ အခုေတာ့ ေက်ာင္းပိတ္ေပမယ့္ ေလယဥ္ေတြ မရွိေတာ့ ျပန္လာလို႔ မရေသးဘူး “ဆိုၿပီးေရးသားထားပါတယ္။ သူမကေတာ့ “… ဒီႏွစ္ကုန္ေက်ာင္းၿပီးရင္ေတာ့ ေတြ႕ဖို႔ေမွ်ာ္လင့္ထားပါတယ္။ Covid ေၾကာင့္

သားသမီးေတြနဲ႔ မေတြ႕ရပဲ ခြဲေနရတဲ့သူေတြေရာ ရွိပါသလား “ဆိုၿပီး သမီးေလးနဲ႔အတူ ေပ်ာ္႐ႊင္ေနခဲ့တဲ့ ၾကည္ႏူးစရာပုံရိပ္ေလးေတြနဲ႔အတူ သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။ ခ်စ္ပရိသတ္ေတြအတြက္ သႏၲာလႈိင္တို႔ သားအမိရဲ႕ ၾကည္ႏူးစရာေကာင္းလြန္းတဲ့ ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Read in UNICODE

မော်ဒယ်သန္တာလှိုင်ကတော့ အောင်မြင်လျက်ရှိနေတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ကာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး ကြော်ငြာတွေကိုရိုက်ကူးလျက်ရှိနေသူလေးပဲဖြစ်ပါတယ်။အေးချမ်းသာယာတဲ့

မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ သူမကတော့ ယခုမှာ နိုင်ငံခြားမှာ ကျောင်းတတ်နေပြီး Covidကြောင့် ပြန်လာလို့မရသေးတဲ့ သမီးချောချောလေးကို လွမ်းဆွတ်သတိရနေခဲ့ပါတယ်။ သူမကတော့ ” သူလေး ဆယ်ကျော်သက်ဖြစ်လာတဲ့အခါ အမေနဲ့

ရင်ဘတ်ချင်းမနီးစပ်မှာ စိုးရိမ်ခဲ့ရသမျှ တကယ်တမ်းကျတော့ သူ့ကို ငါပိုင်တဲ့ ငါ့ရဲ့ သမီးလို့ မဆက်ဆံပဲ သူဟာလဲ သူ့စိတ် သူ့ဆန္ဒတွေနဲ့ ကိုယ်လေးစားရတဲ့ လူငယ်လေးတစ်ယောက်ရယ်လို့ မြင်တဲ့အတိုင်း ဆက်ဆံလိုက်တဲ့အခါမှာတော့ အမေနဲ့ တိုင်ပင်ဖေါ်တိုင်ပင်ဖက်

အရင်နှီးဆုံး မိတ်ဆွေကောင်း တစ်ယောက်ရလိုက်သလိုပါပဲ အခုတော့ ကျောင်းပိတ်ပေမယ့် လေယဉ်တွေ မရှိတော့ ပြန်လာလို့ မရသေးဘူး “ဆိုပြီးရေးသားထားပါတယ်။ သူမကတော့ “… ဒီနှစ်ကုန်ကျောင်းပြီးရင်တော့ တွေ့ဖို့မျှော်လင့်ထားပါတယ်။ Covid ကြောင့်

သားသမီးတွေနဲ့ မတွေ့ရပဲ ခွဲနေရတဲ့သူတွေရော ရှိပါသလား “ဆိုပြီး သမီးလေးနဲ့အတူ ပျော်ရွှင်နေခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သန္တာလှိုင်တို့ သားအမိရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Thandar Hlaing သႏၲာလႈိင္’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *