ဘဝမှာ ပထမဆုံးအကြိမ် ကံစမ်းဖူးတဲ့ ထိုင်းထီကနေ ဘတ်(၄၀၀၀)တောင် ဆွတ်ခူနိုင်ခဲ့တဲ့ အောင်လေး





Read in UNICODE

မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးချစ်ခင်ရတဲ့ အောင်လေးဟာ မော်ဒယ်လောကမှာတော့ ပြိုင်စံရှား အောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။ စတိုင်လ်ကျပြီး ရုပ်ရည်ချောမောလွန်းတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိခဲ့တဲ့

အောင်လေးက ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရတာပဲ ဖြစ်ပါတယ်။ အောင်လေးက လက်ရှိမှာလည်း သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ အကောင်းဆုံး လုပ်ဆောင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ကံစမ်းမဲနဲ့ ပက်သတ်ရင်

အမြဲတမ်း ကံကောင်းလေ့ရှိတဲ့ အောင်လေးက ဒီတစ်ခေါက်မှာလည်း ထိုင်းထီဆုတစ်ဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း မျှဝေထားပါတယ်။ အောင်လေးက “ပထမဆုံးထိုးဖူးတာ ဘတ်လေးထောင်ပေါက်တယ်တဲ့ဗျာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် My Day မှာ ဝမ်းသာစွာ မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။ အောင်လေးကတော့ ကံစမ်းမဲနဲ့ ပတ်သက်ရင် အမြဲတမ်း

ကံကောင်းလေ့ရှိပြီး (၂၀၂၀)ရဲ့ နှစ်စမှာလည်း New Year Party တစ်ခုမှာ Suzuki Swift ကားအသစ်ကြီးတစ်စီးကို မဲပေါက်ထားသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကံကောင်းသူကြီး အောင်လေးကို အားကျနေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Aung Lay’s Facebook

Add a Comment

Your email address will not be published. Required fields are marked *