ဦးကျော်ဟိန်း ရက်လည်အလှူမှာ သူရောင်းနေတဲ့ ရွှေခေါက်ဆွဲလေးကျွေးရင်း ကုသိုလ်ယူခွင့်ရခဲ့လို့ ဝမ်းသာပီတိဖြစ်နေတဲ့ လင်းဇာနည်ဇော်
Read in UNICODE
လင်းဇာနည်ဇော်ကတော့ ချစ်မကြီးချစ်ချစ်ဇော်နဲ့အတူ ရွှေခေါက်ဆွဲစီးပွားရေးလေးကို လုပ်ဆောင်နေတာဖြစ်ပြီး အဲ့ဒီစီးပွားရေးလေးကလည်း အတော်အသင့်အောင်မြင်နေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့ညီအစ်မက ရွှေခေါက်ဆွဲကို ကိုယ်တိုင်ချက်ပြုတ်ကြပြီး
စေတနာအပြည့်ရှိလို့လည်း ပရိသတ်တွေအများအပြားက အလှူ၊ပွဲလမ်းသဘင်တွေအတွက် မှာယူပြီးအားပေးနေကြတာဖြစ်ပါတယ်။ အနုပညာရှင်အချင်းချင်းကလည်း သူမတို့ကို မကြာခဏအားပေးကြပြီး အရမ်းကောင်းကြောင်းလည်း ချီးကျူးကြပါတယ်။အခုဆိုရင်
လည်း ဦးကျော်ဟိန်းရဲ့ ရက်လည်အလှူမှာ သူမတို့ရဲ့ရွှေခေါက်ဆွဲကို ပိုလူချောတို့အဖွဲ့က မှာယူအားပေးကြပါတယ်။ဦးကျော်ဟိန်း(ခ)ဦးဣတ္တိသာရအတွက် မြန်မာပြည်မှာရှိတဲ့ အနုပညာရှင်တွေက စုပေါင်းပြီး ကုသိုလ်လုပ်ပေးနေကြတာဖြစ်ပါတယ်။ အခုဆိုရင်လည်း
ကိုလူချောတို့အဖွဲ့က ဦးဣတ္တိသာရအတွက် ရက်လည်အလှူကို ပြုလုပ်ပေးကြတာပါ။လင်းဇာနည်ဇော်တို့ ညီအစ်မကတော့”ဦးကျော်ဟိန်း(ခ)ဦးကိတ္တိသာရအားရည်စူး၍ ကိုလူချောအဖွဲ့ရဲ့ ရက်လည်အလှုမှာ..’ရွှေခေါက်ဆွဲ’နဲ့ကုသိုလ်ပါဝင်ခွင့်လေးရခဲ့ပါတယ်..”ဆိုပြီး ဝမ်းသာပီတိဖြစ်နေရကာ အမှတ်တရပုံရိပ်လေးတွေကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။
Source : Lin Zarni Zaw’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *