သိန္း(၃၀၀)ေက်ာ္ တန္ဖိုးရွိ နာရီတစ္လံုး ဖခင္ျဖစ္သူဆီက လက္ေဆာင္ရခဲ့လို႔ အရမ္းေပ်ာ္ေနတဲ့ ေနျခည္ဦး

နိုင္ငံေက်ာ္ အႏုပညာရွင္၊ Social Influencer တစ္ဦးျဖစ္တဲ့ ေနျခည္ဦးက တစ္နိုင္ငံလုံး အတိုင္းအတာနဲ႔ ေအာင္ျမင္မွုေတြ ရရွိပိုင္ဆိုင္လာသူေလးတစ္ေယာက္ ျဖစ္ပါတယ္။ အျမဲတမ္း fashionable ျဖစ္ၿပီး ေခတ္ေရွ႕ေျပးေနတဲ့ ေနျခည္ဦးရဲ့ ဖက္ရွင္ေတြကလည္း

ပရိသတ္ေတြအတြက္ စိတ္ဝင္တစား ေစာင့္ၾကည့္အားေပးရတဲ့ အရာတစ္ခုပါပဲ။ ေနျခည္ဦးကလည္း တစ္ေန႔ထက္တစ္ေန႔ မရိုးနိုင္တဲ့ဖက္ရွင္ေတြနဲ႔ ပရိသတ္ေတြရဲ့ စိတ္အာ႐ုံေတြကို ဖမ္းစားထားနိုင္တာ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ ေနျခည္ဦးက သူမရဲ့ ဖခင္ဆီကေန

လက္ေဆာင္ရတဲ့ နာရီတစ္လံုးကုိ ပရိသတ္ေတြဆီ ထုတ္ၾကြားလာပါတယ္။ ေနျခည္ဦးရဲ့ ေဖေဖဝယ္ေပးတဲ့ နာရီက Hublot တံဆိပ္ Spirit Of Big Bang Meca-10 ဆိုတဲ့ နာရီအမ်ိဳးအစားျဖစ္ျပီး ျမန္မာေငြ သိန္း(၃၀၀)ေက်ာ္ တန္ဖိုးရိွတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးအတြက္ ေနျခည့္ရဲ့ အေပ်ာ္လြန္ေနတဲ့ ဗီဒီယိုေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။ေနျခည္ဦးကေတာ့

မိသားစုရဲ့ သမီးဦးေလးတစ္ေယာက္ပီပီ ဖခင္ျဖစ္သူရဲ့ ခ်စ္ျခင္းေမတၱာေတြကို အျပည့္အဝရရိွထားတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေဖေဖခ်စ္တဲ့သမီးေလးျဖစ္တဲ့ ေနျခည္ဦးကို အားက်ေနျပီ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကုိ ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

နိုင်ငံကျော် အနုပညာရှင်၊ Social Influencer တစ်ဦးဖြစ်တဲ့ နေခြည်ဦးက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်လာသူလေးတစ်ယောက် ဖြစ်ပါတယ်။ အမြဲတမ်း fashionable ဖြစ်ပြီး ခေတ်ရှေ့ပြေးနေတဲ့ နေခြည်ဦးရဲ့ ဖက်ရှင်တွေကလည်း

ပရိသတ်တွေအတွက် စိတ်ဝင်တစား စောင့်ကြည့်အားပေးရတဲ့ အရာတစ်ခုပါပဲ။ နေခြည်ဦးကလည်း တစ်နေ့ထက်တစ်နေ့ မရိုးနိုင်တဲ့ဖက်ရှင်တွေနဲ့ ပရိသတ်တွေရဲ့ စိတ်အာရုံတွေကို ဖမ်းစားထားနိုင်တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေခြည်ဦးက သူမရဲ့ ဖခင်ဆီကနေ

လက်ဆောင်ရတဲ့ နာရီတစ်လုံးကို ပရိသတ်တွေဆီ ထုတ်ကြွားလာပါတယ်။ နေခြည်ဦးရဲ့ ဖေဖေဝယ်ပေးတဲ့ နာရီက Hublot တံဆိပ် Spirit Of Big Bang Meca-10 ဆိုတဲ့ နာရီအမျိုးအစားဖြစ်ပြီး မြန်မာငွေ သိန်း(၃၀၀)ကျော် တန်ဖိုးရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် နေခြည့်ရဲ့ အပျော်လွန်နေတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။နေခြည်ဦးကတော့

မိသားစုရဲ့ သမီးဦးလေးတစ်ယောက်ပီပီ ဖခင်ဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖေဖေချစ်တဲ့သမီးလေးဖြစ်တဲ့ နေခြည်ဦးကို အားကျနေပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Nay Chi Oo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *