ကားကြီးငှားပြီး အုပ်စုလိုက် ပျော်ပျော်ပါးပါး ခရီးထွက်နေကြတဲ့ မကြီးစိုး ဒါဒါ စိုးသူနဲ့ ရန်အောင်တို့ သူငယ်ချင်းတစ်စု






Read in UNICODE

မင်းသားကြီးရန်အောင်ကတော့ အနုပညာရှင်အချင်းချင်းကပါ လေးစားချစ်ခင်ခြင်းခံရတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ သူမတူအောင်ထူးချွန်သလို အဆိုပိုင်းမှာလည်း တကယ့်ကိုအရည်အချင်းရှိတဲ့ ရန်အောင်ကတော့

အနုပညာအလုပ်တွေကို အများအပြားလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် (၅၀)ကျော်အရွယ်ရှိပြီဖြစ်တဲ့ ရန်အောင်က လူငယ်တွေနဲ့အပြိုင် နုပျိုလန်းဆန်းနေတာလည်း ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်တဲ့ ရန်အောင်က အနုပညာမောင်နှမတွေ

အားလုံးနဲ့လည်း ချစ်ချစ်ခင်ခင်ရှိလှတာ ဖြစ်ပါတယ်။ အခုလည်း ရန်အောင်က စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့စိုးညီအစ်မတစ်စုနဲ့အတူ ပျော်ပျော်ပါးပါး ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။ ရန်အောင်နဲ့ စိုးညီအစ်မတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်ရှိ

မဟာမြိုင်ဆရာတော်ဘုရားကြီးကို သွားရောက်ဖူးမြော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အခုလည်း ရန်အောင်က ရန်ကုန်-မဟာမြိုင်ခရီးစဉ်လေးမှာ မကြီးစိုး၊ ဒါဒါ၊ စိုးသူတို့နဲ့အတူ အညာဒေသအစားအစာဖြစ်တဲ့ အကြော်စုံလေးတွေဝယ်စားရင်း ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ်။ ရန်အောင်တို့အနုပညာမောင်နှမတစ်စုကတော့

ပျော်ပျော်ပါးပါးခရီးထွက်ရင်း အမှတ်တရတွေအတူဖန်တီးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လူစုံတက်စုံခရီးထွက်ခဲ့ကြတဲ့ ရန်အောင်၊ စိုးသူ၊ စိုးမြတ်နန္ဒာနဲ့ စိုးမြတ်သူဇာတို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Yan Aung’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *