ထြန္းထြန္းတို႔အႏုပညာရွင္တစ္စုနဲ႔အတူ ဖခင္ဦးေက်ာ္ဟိန္းကိုရည္စူးၿပီး ကုသိုလ္ေကာင္းမႈေတြတစ္ဝႀကီးျပဳလုပ္ေပးေနတဲ့ သမီးဇာျခည္စိမ့္စိမ့္သူ

အကယ္ဒမီမ်ားရွင္မင္းသားႀကီး ဦးေက်ာ္ဟိန္းကေတာ့ လူ႔ေလာကထဲကေန အၿပီးတိုင္ထြက္ခြာသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ဇူလိုင္လ (၁၁) ရက္ေန႔မွာ ဦးေက်ာ္ဟိန္း (ဦးကိတၱိသာရ)က ၾသစေတးလ်ႏိုင္ငံမွာပဲ ပ်ံလြန္ေတာ္မူခဲ့တာ ျဖစ္ပါတယ္။ အႏုပညာေလာကရဲ

႕ေငြၾကယ္ပြင့္တစ္ပြင့္ျဖစ္တဲ့ ဦးေက်ာ္ဟိန္းအတြက္ ပရိသတ္ေတြအားလုံးနဲ႔ အႏုပညာအသိုင္းအဝိုင္းတစ္ခုလုံးက ဝမ္းနည္းပူေဆြးခဲ့ရတာ ျဖစ္ပါတယ္။ ဒီေန႔ဇူလိုင္လ (၁၇) ရက္ေန႔မွာေတာ့ သ႐ုပ္ေဆာင္ ထြန္းထြန္းက သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ကြယ္လြန္သူ

ဦးေက်ာ္ဟိန္းအတြက္ ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ေပးေနေၾကာင္း တင္ထားတာ ျဖစ္ပါတယ္။ ထြန္းထြန္း၊ မင္းေမာ္ကြန္း၊ ခန႔္စည္သူ၊သားညီနဲ႔ ေက်ာ္ဟိန္းရဲ႕သမီးျဖစ္သူ မဇာျခည္စိမ့္စိမ့္သူတို႔က ဦးေက်ာ္ဟိန္း (ဦးကိတၱိသာရ)ကအားရည္စူးၿပီး အ႐ုဏ္ဆြမ္းကပ္လႉကာ

ကုသိုလ္ေကာင္းမႈေတြျပဳလုပ္ေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ထြန္းထြန္းက ” လူ႔ဘဝမွာလည္း ပရိတ္သတ္ေတြအေပၚ အႏုပညာႏွင့္ေက်းဇူးဆပ္ခဲ့သလို၊ ရဟန္းဘဝမွာလည္း ပရိတ္သတ္ေတြအေပၚ တရားႏွင့္ေက်းဇူးဆပ္သြားႏိုင္ခဲ့တဲ့ ထာဝရေက်းဇူးရွင္လက္ဦးဆရာ…ေနာက္ဆုံးအခ်ိန္အထိ

အသိႏွင့္သတိကို ႏွလုံးသြင္းထားႏိုင္ခဲ့တယ္။ ျပဳျပဳသမွ်ကုသိုလ္ေကာင္းမႈ အားလုံးကို အမွ်ေပးေဝပါတယ္ ျမင့္ျမတ္ေသာဘုံဘဝမွ သာဓုေခၚဆိုႏိုင္ပါေစ။ (၁၇-၇-၂၀၂၀) Crd-ကိုခန႔္” ဆိုၿပီး အလႉျပဳေနတဲ့ပုံေလးေတြကိုတင္ထားတာ ျဖစ္ပါတယ္။ ကြယ္လြန္သူဦးေက်ာ္ဟိန္းကိုရည္စူးၿပီး ကုသိုလ္ျပဳေပးခဲ့ၾကတဲ့ က်န္ရစ္သူမိသားစုနဲ႔ ထြန္းထြန္းတို႔အႏုပညာရွင္တစ္စုရဲ႕ပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

အကယ်ဒမီများရှင်မင်းသားကြီး ဦးကျော်ဟိန်းကတော့ လူ့လောကထဲကနေ အပြီးတိုင်ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ (၁၁) ရက်နေ့မှာ ဦးကျော်ဟိန်း (ဦးကိတ္တိသာရ)က သြစတေးလျနိုင်ငံမှာပဲ ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။ အနုပညာလောကရဲ

့ငွေကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ ဦးကျော်ဟိန်းအတွက် ပရိသတ်တွေအားလုံးနဲ့ အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက ဝမ်းနည်းပူဆွေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေ့ဇူလိုင်လ (၁၇) ရက်နေ့မှာတော့ သရုပ်ဆောင် ထွန်းထွန်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ကွယ်လွန်သူ

ဦးကျော်ဟိန်းအတွက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးနေကြောင်း တင်ထားတာ ဖြစ်ပါတယ်။ ထွန်းထွန်း၊ မင်းမော်ကွန်း၊ ခန့်စည်သူ၊သားညီနဲ့ ကျော်ဟိန်းရဲ့သမီးဖြစ်သူ မဇာခြည်စိမ့်စိမ့်သူတို့က ဦးကျော်ဟိန်း (ဦးကိတ္တိသာရ)ကအားရည်စူးပြီး အရုဏ်ဆွမ်းကပ်လှူကာ

ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ထွန်းထွန်းက ” လူ့ဘဝမှာလည်း ပရိတ်သတ်တွေအပေါ် အနုပညာနှင့်ကျေးဇူးဆပ်ခဲ့သလို၊ ရဟန်းဘဝမှာလည်း ပရိတ်သတ်တွေအပေါ် တရားနှင့်ကျေးဇူးဆပ်သွားနိုင်ခဲ့တဲ့ ထာဝရကျေးဇူးရှင်လက်ဦးဆရာ…နောက်ဆုံးအချိန်အထိ

အသိနှင့်သတိကို နှလုံးသွင်းထားနိုင်ခဲ့တယ်။ ပြုပြုသမျှကုသိုလ်ကောင်းမှု အားလုံးကို အမျှပေးဝေပါတယ် မြင့်မြတ်သောဘုံဘဝမှ သာဓုခေါ်ဆိုနိုင်ပါစေ။ (၁၇-၇-၂၀၂၀) Crd-ကိုခန့်” ဆိုပြီး အလှူပြုနေတဲ့ပုံလေးတွေကိုတင်ထားတာ ဖြစ်ပါတယ်။ ကွယ်လွန်သူဦးကျော်ဟိန်းကိုရည်စူးပြီး ကုသိုလ်ပြုပေးခဲ့ကြတဲ့ ကျန်ရစ်သူမိသားစုနဲ့ ထွန်းထွန်းတို့အနုပညာရှင်တစ်စုရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Htin Aung Tun’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *