မဟာမြိုင်ဆရာတော်ကြီး ဘုန်းပေးဖို့ ဆွမ်းနဲ့ဟင်းတွေ ကိုယ်တိုင်ချက်ပြုတ်နေကြတဲ့ စန္ဒီမြင့်လွင်နဲ့ စိုးမြတ်နန္ဒာ
Read in UNICODE
အကယ်ဒမီထူးချွန်ဆုကို ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ရရှိထားပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး စိုးမြတ်နန္ဒာပဲ ဖြစ်ပါတယ်။ သူမဟာ နှစ်ပေါင်းများစွာ အနုပညာအလုပ်တွေကို အောင်မြင်အောင် ကြိုးစားလုပ်ကိုင်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်တွေကပဲ အနုပညာလောကမှ အနားယူကာ စီးပွားရေးအလုပ်တွေကို
တစ်စိုက်မတ်မတ် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဝါသနာပါရာ အိမ်တွင်းမှု သင်တန်းလေးတွေလည်း အားလပ်ချိန်တိုင်း တက်ရောက်လေ့ရှိပြီး အေးချမ်းဘဝလေးကို ဖန်တီးတည်ဆောက်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အနုပညာအလုပ်တွေ မလုပ်တော့တာကြောင့် နုမြောတသ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ မလုပ်တော့ပင်မယ့်လည်း ပရိသတ်တွေနဲ့
အဆက်မပြတ်ရအောင် သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် အမြဲဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ညီအစ်မတွေ ဖြစ်ကြတဲ့ စိုးမြတ်သူဇာ ၊ စန္ဒီမြင့်လွင်တို့နဲ့ အတူ မဟာမြိုင် ဆရာတော်ဘုရားကြီးထံကို သွားရောက်ဖူးမြော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း အခုလိုပဲ ရေးသားထားတာပဲ ဖြစ်ပါတယ်။ ” ဒုတိယမြောက်မဟာမြိုင်တောရအတွေ့အကြုံ
ဗဟုသုတ တွေအများကြီး စိတ်ရဲ့ငြိမ်းချမ်းပျော်ရွှင်ခြင်းတွေလဲအများကြီးတွေ့ခဲ့ရလို့အရမ်းပျော်ပါတယ် စသွားဖို့ခေါ်ခဲ့တဲ့ မလင်းအေးချမ်းတည်ငြိမ်သမာဓိအားကောင်းလွန်းတဲ့ကျေးဇူးရှင်သဲဖြူတောရဆရာတော်ဘုရား ပထမတစ်ခေါက်တုန်းကမသိခဲ့တဲ့မရောက်ခဲ့တဲ့နေရာအစုံကို ဒုတိယတစ်ခေါက်မှာပါရမီဖြည့်ပေးခဲ့တဲ့ စိတ်သဘောထားပြည့်ဝလွန်းတဲ့မုံရွာဦးမျိုး အန်တီမြ။ အန်တီအေး အန်တီမိုး
အန်တီစိမ်း အမေဒေါ်မြင့် ဆရာလေးများ ကျောင်းဆရာမလေးများနဲ့ မုံရွာမှာဧည့်ခံတဲ့ အမမဥမ္မာဒီဒီး ကလေးမှာလှူဖို့ပစ္စည်းတွေလူကြုံဝယ်ပေးတဲ့သီရိ ဒီတစ်ခေါက်လှူချင်စိတ်ပြင်းပြနေတဲ့မယ်တော်ကြီးဘုရင်မကြီးဝတ်စုံကို နေ့ချင်းပီးကုသိုလ်ယူချုပ်ပေးတဲ့ကိုကြီးကိုလတ် အစတွေချက်ချင်းဝယ်ကုသိုလ်ယူပေးတဲ့ ဆိုင်ကဂျာကြီးနှစ်ယောက် နဲ့ ကုသိုလ်ယူခွင့်ရအောင်ကလေးကူထိန်းပေးတဲ့ဖိုးဖိုးဖွားဖွားရော
အရမ်းကျေးဇူးတင်ပါတယ် ဒီလိုခရီးဝေးခရီးရှည်ကိုမလိုက်တော့ဘူးဆုံးဖြတ်ပီးပေမဲ့ ရောက်ဖို့ကံပါတော့လဲဒုတိယအကြိမ်မြောက်ရောက်ခဲ့ရပြန်ပါတယ် ကုသိုလ်ပြုဖော်ပြုဖတ်မမဒါ ဘစိုးလဲကျေးဇူးတင်ပါတယ် ။ တစ်တုတ်ကိုလွမ်းလို့လင်မယားနှစ်ယောက်ထဲအရင်ပြန်လာတဲ့ခေးတို့ကိုခွင့်လွှတ်ပါပြန်ဖို့ကားရောသွားဖို့ကား ပါပေးခဲ့တဲ့ဦးဇင်းနေဝင်းမောင် ကားသမားထည့်ပေးခဲ့တဲ့မုံရွာဦးမျိုး တို့လဲကျေးဇူးများကြီးတင်ပါတယ်” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source : Sandi Myint Lwin’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *